Hyundai Motor IONIQ 5  အိန္ဒိယအီးဗီစျေးကွက် သိမ်းပိုက်ရန် ရည်မှန်း


Hyundai Motor IONIQ 5  အိန္ဒိယအီးဗီစျေးကွက် သိမ်းပိုက်ရန် ရည်မှန်း

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Hyundai Motor IONIQ 5 သည် အိန္ဒိယနိုင်ငံမှ အီးဗီ စျေးကွက်ကို သိမ်းပိုက်ရန် ရည်မှန်းထားသည်။

Hyundai Motor Company ၏ IONIQ 5 လျှပ်စစ် SUV သည် ပြည်တွင်း တပ်ဆင်မှုမှတစ်ဆင့် ထုတ်လုပ်မှုကုန်ကျစရိတ်ကို လျှော့ချရာတွင် အောင်မြင်မှုရရှိသည့်အတွက် အိန္ဒိယ အီးဗီဈေးကွက်တွင် ဈေးလျှော့၍ ရောင်းချနိုင်စေမည် ဖြစ်သည်။
Hyundai Motor Company သည် IONIQ 5 ကို အိန္ဒိယရှိ ၎င်း၏ Chennai စက်ရုံတွင် Semi-knocked-down (SKD) ကို တပ်ဆင်ထုတ်လုပ်သည်။

Hyundai Motor India သည် လာမည့်လ ၂၀၂၃ မတ်လတွင် IONIQ 5 ကို စတင်ရောင်းချရန် စီစဉ်ထားသည်။
လောလောဆယ်တွင် ကြိုတင်အမှာစာ စီးရေ ၆၅၀ ရရှိထားသည်။
အိန္ဒိယအီးဗီဈေးကွက်သည် လျင်မြန်စွာ ကြီးထွားလာနေသော်လည်း အစပျိုးကာလတွင်သာ ရှိနေပြီး ဈေးဦးပေါက် အစီး ၆၅၀ ရောင်းချရခြင်းသည် အီးဗီဈေးကွက်ကို လွှမ်မိုးနိုင်မည့် အနေအထား ဖြစ်သည်။

Indian Energy Storage Association (IESA) ၏ အဆိုအရ အိန္ဒိယ အီးဗီ စျေးကွက်သည် ၂၀၂၁ မှ ၂၀၃၀ ခုနှစ်အထိ ကာလအတွင်း နှစ်စဉ် ပျမ်းမျှ ၄၉ ရာခိုင်နှုန်းဖြင့် လျင်မြန်စွာ တိုးတက်လာမည်ဟု မျှော်မှန်းထားသည်။

ကုမ္ပဏီသည် ဇန်နဝါရီ ၁၁ ရက်က အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီအနီးရှိ Greater Noida တွင် ကျင်းပသည့် Auto Expo 2023 တွင် IONIQ 5 ကို ပြည်တွင်း၌ မိတ်ဆက်‌ေပးခဲ့သည်။

IONIQ 5 သည် Hyundai Motor မှ ၂၀၂၁ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့သည့် မော်ဒယ်တစ်ခုဖြစ်သည်။
Hyundai Motor Group ၏ E-GMP EV ပလက်ဖောင်းကို အသုံးပြုခဲ့သည့် ပထမဆုံးကား‌ေမာ်ဒယ်လည်း ဖြစ်သည်။
အားအပြည့်သွင်းပြီးလျှင် ခရီးတာ ၆၃၁ ကီလိုမီတာအထိ သွားနိုင်သည်။


အိန္ဒိယတွင် IONIQ 5 ၏ ရောင်းဈေးမှာ ရူပီး ၄,၄၉၅,၀၀၀ ($54,200) မှ စတင်ပါသည်။

ရောင်းဈေး ရူပီး ၆,၀၉၅,၀၀၀ မှ စတင်သည့် Kia ၏လျှပ်စစ်ကားမော်ဒယ် EV6 ထက် ၃၅ ရာခိုင်နှုန်းကျော် စျေးသက်သာသည်။

အိန္ဒိယအစိုးရသည်  ဘက်ထရီ1KWh ကို ရူပီး ၁၀,၀၀၀ မှ ၂၀,၀၀၀ အထိ ထောက်ပံ့ကြေးပေးပါသည်။ သို့ဖြစ်ရာ IONIQ 5 ကို ဝယ်ယူသည့်အခါ တကယ်ကုန်ကျမည်မှာ $30,000 ဝန်းကျင် ဖြစ်ပါသည်။ 

IONIQ 5 တွင် ခါးအလျား wheelbase 3,000 mm  ရှိသဖြင့် အတွင်းခန်း ကျယ်ဝန်းပါသည်။
350kW DC အမြန်အားသွင်းစနစ်ဖြင့် ဘက်ထရီကို ၁၀% မှ ၈၀% သို့ ရောက်အောင် အားသွင်းချိန် ၁၈ မိနစ်သာ ကြာပါသည်။

ဟွန်ဒိုင်းမော်တာသည် ယမန်နှစ်က အိန္ဒိယနိုင်ငံတွင်  ကားစုစုပေါင်း ၅၅၂,၅၁၁ စီး ဝယ်လက်များထံ ရောင်းချအပ်နှံခဲ့သည်။
အိန္ဒိယသည် အမေရိကန်နှင့် ကိုရီးယားပြီးလျှင် Hyundai Motor Group အတွက် တတိယအကြီးဆုံး စျေးကွက်ဖြစ်သည်။

Source koreatimes 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 673 times