Hyundai က ၁၂ နှစ်ကြာ ကင်းကွာခဲ့သည့် ဂျပန်ကို အွန်လိုင်းဖြင့် ပြန်ဝင်


Hyundai က ၁၂ နှစ်ကြာ ကင်းကွာခဲ့သည့် ဂျပန်ကို အွန်လိုင်းဖြင့် ပြန်ဝင်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Hyundai Motor သည် ဂျပန် ကားဈေးကွက်နှင့် ၁၂ နှစ်ကြာ ကင်းကွာနေခဲ့ပြီးနောက် ၎င်း၏ Ioniq 5 လျှပ်စစ်ကားနှင့် Nexo လောင်စာဆဲလ်ကားကို အွန်လိုင်းအားကိုးပြီး ၂၀၂၂ ခုနှစ် မေလတွင် ဂျပန်နိုင်ငံသို့ ပြန်လည်ဝင်ရောက်ခဲ့သည်။


တောင်ကိုရီးယားမှ Hyundai Motor သည် ၂၀၂၂ ခုနှစ်တွင် ဂျပန်နိုင်ငံသို့ ပြန်လည်ဝင်ရောက်လာပြီးနောက် ဂျပန်နိုင်ငံတွင် အရောင်းမြှင့်တင်ရန် ကြိုးပမ်းမှုများ အရှိန်မြှင့်လျက်ရှိသည်။ ဒေတာမားကက်တင်း ကျွမ်းကျင်သော စီးပွားရေးလုပ်ငန်းတစ်ခုနှင့် ပူးပေါင်းဆောင်ရွက်ပြီး အွန်လိုင်းမှတစ်ဆင့် ဂျပန်ကားဈေးကွက်ကို ထိုးဖောက်ဝင်ရောက်မည်။

"ဒေတာ‌တွေကို အသုံးပြုပြီး သုံးစွဲသူတိုင်းရဲ့  စိတ်ကျေနပ်မှုကို တိုးမြင့်စေခြင်းဖြင့် အွန်လိုင်းအရောင်းမြှင့်တင်သွားမှာပါ"ဟု စီအီးအို Chang Jaehoon က ပြောကြားသည်။

Hyundai Motor သည် Japan's Culture Convenience Club (CCC) နှင့်  ပူးပေါင်းလုပ်ဆောင်လျက် ရှိသည်။

CCC သည် Tsutaya သည် စာအုပ်ဆိုင်ခွဲများ ဖွင့်လှစ်ထားသည်။ T-Point အမှတ်ပေးစနစ်ဖြင့် ဆုချီးမြှင့်သော နည်းလမ်းကို သုံးစွဲပြီး အောင်မြင်မှု ရရှိခဲ့ရာ အဖွဲ့ဝင် သန်း ၇၀ ရရှိထားသည်။

Hyundai ၏ ဂျပန်လုပ်ငန်းခွဲ Hyundai Mobility Japan သည် T-Point အဖွဲ့ဝင်များ၏ နှစ်ခြိုက်ပုံများ၊ ဝယ်ယူသည့်အမူအကျင့်များ ပါဝင်သော ဒေတာများကို သုံးစွဲပြီး ကားစိတ်ဝင်စားသူများကို ကားရောင်းချနိုင်ဖို့ ကြိုးပမ်းမည်။

ပထမအဆင့်တွင် Hyundai ၏ ကား ဝေမျှသုံးစွဲသည့် ဝန်ဆောင်မှု Mocean သည် တိုကျိုတွင် CCC ၏ အချက်အချာနေရာများမှာ ဝန်ဆောင်မှု စတင်သည်။ 

Hyundai Motor CEO Chang Jaehoon, (ဝဲ) Culture Convenience Club President Yasunori Takahashi (ယာ) (Photo by Yuki Nakao)


Hyundai သည် ဂျပန်သို့ ပြန်လည်ဝင်ရောက်ခဲ့ပြီးနောက် ၎င်း၏ ကားမော်ဒယ်များ ဖြစ်သော Ioniq 5 EV နှင့် Nexo လောင်စာဆဲလ်ကားများကို အွန်လိုင်းတွင် ၂၀၂၂ မေလတွင် စတင်ရောင်းချသည်။ ယခု တစ်နှစ်ပြည့်ချိန်တွင်  ၆၈၂ စီးမျှသာ ရောင်းချနိုင်ခဲ့သည်။

"Hyundai ရဲ့ အမှတ်တံဆိပ်ကုိ အသိအမှတ်ပြုမှု က နည်းနေပါသေးတယ်။ မလွယ်ပါဘူး"ဟု Chang က ဂျပန်ဈေးကွက်မှာ မလွယ်သည့်အကြောင်း ပြောပြသည်။

လက်အောက်ခံ Kia အပါအဝင် Hyundai Motor Group သည် ၂၀၂၂ ခုနှစ်တွင် ကမ္ဘာတစ်ဝှမ်း အစီးရေ ၆.၈၅ သန်း ရောင်းချခဲ့ရပြီး ကမ္ဘာ့တတိယ အရောင်းရဆုံးနေရာကို ရရှိခဲ့သော်လည်း တရုတ်ပြည်နှင့် ဂျပန်ပြည်တို့တွင် ရောင်းအားအခြေအနေ ဆိုးဝါးနေသည်။

ဂျပန်တွင် ကုမ္ပဏီသည်  CCC နှင့် ချိတ်ဆက်မှုမှတစ်ဆင့် အမှတ်တံဆိပ်သတိမူမိခြင်းကို မြှင့်တင်ရန်နှင့် ဝယ်လက်အသစ်များကို ရရှိရန် ရည်ရွယ်ထားသည်။
ဂျပန်မှာ ရောင်းအား မကောင်း ဖြစ်နေစေသည့် အကြောင်းတရားတစ်ခုမှာ ဂျပန်တွင် အွန်လိုင်းမှာ ကားအသစ် ဝယ်ကြသည့် အလေ့အထ နည်းပါးနေခြင်း ဖြစ်သည်။
 ကားအသစ်များကို အရောင်းကိုယ်စားလှယ်များမှတစ်ဆင့် ရောင်းချသည်။ အွန်လိုင်းမှ ကားအသစ် တိုက်ရိုက်ရောင်းချခြင်း မထွန်းကားသေးပါ။ 
 
Nissan Motor က အီးဗီသီးသန့် အွန်လိုင်းရောင်းချခြင်းကို ၂၀၂၁ နိုဝင်ဘာလတွင် စတင်ခဲ့သည်။ Honda Motor က အွန်လိုင်းရောင်းချခြင်းကို လာမည့် နှစ်အနည်းငယ်အတွင်း စတင်မည်ဟု ကြေညာခဲ့သာည်။

Tesla သည် အရောင်းကိုယ်စားလှယ် မထားသည့် ကုမ္ပဏီ ဖြစ်သဖြင့် အွန်လိုင်းမှ တိုက်ရိုက်ရောင်းချသည်။

BYD သည် ဇန်နဝါရီလကုန်တွင် ဂျပန်သို့ စတင်ဝင်ရောက်ခဲ့ပြီး အရောင်းကိုယ်စားလှယ်ကွန်ရက်ကို မြန်မြန်ဆန်ဆန် ထူထောင်သည်။

Hyundai က အွန်လိုင်းနည်းလမ်းကို သုံးစွဲမည် ဖြစ်သည်။ 

"ဂျပန်မှာ အီးဗီခေတ်အတွက် အွန်လိုင်းအရောင်းနည်းလမ်း အသစ်ကို ကျွန်တော်တို့ စမ်းသုံးကြည့်ချင်ပါတယ်။ ပြီးရင် တခြားနိုင်ငံမှာ ကျင့်သုံးပါမယ်" ဟု Chang က ပြောသည်။

 Source Asia nikkei 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 327 times