Hyundai Motor က ဒေါ်လာ ၅  ဘီချံခွဲကျော် အမေရိကန်တွင် ရင်းနှီးမြှုပ်နှံမည်


Hyundai Motor က ဒေါ်လာ ၅  ဘီချံခွဲကျော် အမေရိကန်တွင် ရင်းနှီးမြှုပ်နှံမည်

တောင်ကိုရီးယားနိုင်ငံမှ Hyundai Motor Group က အမေရိကန်နိုင်ငံတွင် အီးဗီကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၅.၅၄ ဘီလျံ ရင်းနှီးမြှုပ်နှံမည်ဟု မေလ ၂၀ ရက် သောကြာနေ့တွင် ကြေညာချက် ထုတ်ပြန်သည်။ ရင်းနှီးမြှုပ်နှံမည့် အစီအစဉ်တွင် အပြည့်အဝ လျှပ်စစ်မော်တော်ယာဉ် electric vehicle (EV) များ နှင့် လျှပ်စစ်မော်တော်ယာဉ်သုံး ဘက်ထရီများ ထုတ်လုပ်ရေးတို့ ပါဝင်သည်။

 


အမေရိကန်ဂျော်ဂျီယာပြည်နယ်ရှိ စက်ရုံသစ်ကို ၂၀၂၃ တွင် စတင်ဆောက်လုပ်မည်။ စီးပွားဖြစ် ထုတ်လုပ်မှုကို ၂၀၂၅ နှစ်လယ်ပိုင်းတွင် စတင်ရန် မျှော်မှန်းထားသည်။ တစ်နှစ်လျှင် အီးဗီ စီးရေ ၃ သိန်း ထုန်လုပ်နိုင်သည့် စက်ရုံဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ အလုပ်အကိုင် ၁,၈၀၀ ခန့် ဖန်တီးပေးမည် ဖြစ်ကြောင်း ဖော်ပြထားသည်။ 

Hyundai Motor Group ၏ ထီးရိပ်အောက်တွင်   Hyundai Motor Co နှင့်  Kia Corp တို့ရှိနေပြီး ၎င်းလုပ်ငန်းနှစ်ခုမှ ထုတ်လုပ်မည့် အီးဗီများအတွက် ဘက်ထရီများ ထုတ်လုပ်ပေးရန် စက်ရုံတည်ဆောက်မည်ဖြစ်ပြီး အခြားလုပ်ငန်းတစ်ခုခုနှင့် စီးပွားဖက်ပြုကာ လုပ်ကိုင်မည်၊ မည်သည့်ကုမ္ပဏီနှင့် လက်တွဲမည်ကို မဆုံးဖြတ်ရသေးကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
 
 ဂျော်ဂျီယာတွင် Hyundai ကို ဘက်ထရီ ပေးသွင်းသော SK Innovation ၏ လက်အောက်ခံလုပ်ငန်း SK On က ဘက်ထရီစက်ရုံ အသစ်နှစ်ခုကို နီးနီးကပ်ကပ် တည်ဆောက်ထားသည်။
 စက်ရုံတစ်ခုက Volkswagen AG သို့ ဘက်ထရီများ ပေးသွင်းရန်အတွက်ဖြစ်ပြီး ယခုနှစ်လပထမ ၃ လပတ်တွင် လုပ်ငန်း စတင်လည်ပတ်ခဲ့သည်။ ကျန်တစ်ရုံမှာ Ford Motor Co အတွက် ဘက်ထရီများ ထုတ်လုပ်ရန်ဖြစ်ပြီး ၂၀၂၃ နှစ်ဆန်းပိုင်းတွင် စက်ရုံစတင်လည်ပတ်ရန် လျာထားသည်။
 Hyundai အနေဖြင့်  SK On နှင့်လက်တွဲပြီး ဘက်ထရီထုတ်လုပ်ရန် နီးစပ်သည်။
 
Hyundai Motor Group ရောင်းချစီးရေအရ ကမ္ဘာ့ပဉ္စမအကြီးဆုံး မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်းဖြစ်သည်။

Read 1103 times