အိန္ဒိယမှ GM စက်ရုံဟောင်းကို ပြုပြင်ရန် ဒေါ်လာ ၈၄၅ သန်း ဟွန်ဒိုင်း သုံးစွဲမည် 


အိန္ဒိယမှ GM စက်ရုံဟောင်းကို ပြုပြင်ရန် ဒေါ်လာ ၈၄၅ သန်း ဟွန်ဒိုင်း သုံးစွဲမည် 

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

အန္ဒိယနိုင်ငံမှာ ကာလရှည်ကြာ ပိတ်ထားခဲ့သည့် ကားစက်ရုံကို General Motors Co. ထံမှ Hyundai Motor Co. က ဝယ်ယူခဲ့ပြီး ရူပီး ၇၀ ဘီလီယံ (ကန်ဒေါ်လာ ၈၄၅ သန်း) သုံးစွဲကာ ပြန်လည် ပြုပြင်မည်။ ၎င်းကားစက်ရုံသည် အန္ဒိယနိုင်ငံတွင် ဟွန်ဒိုင်း၏ ဒုတိယမြောက်စက်ရုံ ဖြစ်လာမည် ဖြစ်သည်။ 

 

ဟွန်ဒိုင်းသည် ၎င်းစက်ရုံတည်ရှိသည့် Maharashtra ပြည်နယ် အစိုးရနှင့် ရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးမည်ဖြစ်သည်။

 

General Motors သည် အိန္ဒိယဈေးကွက်တွင် ရောင်းအား အခြေအနေ ဆိုးဝါးသဖြင့် ကျောခိုင်းထွက်ခွာခဲ့ရာ Maharashtra ပြည်နယ်မှ Talegaon တွင် ကားစက်ရုံ တရုံ ကျန်ရစ်သည်။ စက်ရုံကို ရောင်းဖို့ နှစ်အတန်ကြာ ကြိုးပမ်းနေစဉ် စက်ရုံကို ပိတ်ထားခဲ့သည်။ 

၎င်းစက်ရုံကို ဟွန်ဒိုင်းက ဝယ်ယူခဲ့ခြင်းဖြစ်ပြီး စက်ရုံကို အဆင့်မြှင့်တင်ကာ ယာဉ်အစိတ်အပိုင်း စက်ပစ္စည်းများ ထုတ်လုပ်မည်။ 

  

Hyundai သည် အိန္ဒိယ၏ ဒုတိယအကြီးမားဆုံး ကားထုတ်လုပ်သူ ဖြစ်လာခဲ့သည်။ အိန္ဒိယမှလချိုင့်ခွက်များသော လမ်းများအတွက် သင့်တော်သည့် SUV မော်ဒယ်များ ထုတ်လုပ်ရောင်းချသည်။ 

လူလတ်တန်းစား အထက်လွှာမှ အရွယ်အစားကြီးသည့် SUV ဝယ်စီးလိုသူများအတွက်လည်း ထုတ်လုပ်ပေးဖို့ စီစဉ်နေသည်။

လျှပ်စစ်ကား မော်ဒယ်အသစ်များ ထုတ်လုပ်ရန်၊ တမီနာဒူးပြည်နယ်မှ အဓိကကျသည့် အဝေးပြေးလမ်းများတွင် အားသွင်းစခန်းများ ထားရှိရန်၊ ဘက်ထရီထုပ်များ ထုတ်လုပ်ရန်တို့အတွက် လာမည့် ၈ နှစ်တာအတွင်း ရူပီး ဘီလီယံ ၂၀၀ ရင်းနှီးမြှုပ်နှံမည်။ 

 

ဟွန်ဒိုင်းသည် တမီနာဒူးပြည်နယ်မှာ တနှစ်လျှင် ကားအစီးရေ ၈၁၅,၀၀၀  ထုတ်လုပ်နိုင်သော စက်ရုံတစ်ခု ရှိသည်။


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 186 times