Hyundai Motor  အီးဗီအတွက် ပြည်ပရင်းနှီးမြှုပ်နှံမှုများ ‌ဒေါ်လာ ၅.၉ ဘီလီယံ ပြည်တွင်းသို့ ပြောင်းရွှေ


Hyundai Motor  အီးဗီအတွက် ပြည်ပရင်းနှီးမြှုပ်နှံမှုများ ‌ဒေါ်လာ ၅.၉ ဘီလီယံ ပြည်တွင်းသို့ ပြောင်းရွှေ့ ရင်းနှီးမြှုပ်နှံ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

Hyundai Motor Group သည် ကိုရီးယားတွင် တည်ရှိသည့် ကားထုတ်လုပ်ရေး စက်ရုံများကို 
လျှပ်စစ်ကားများ ထုတ်လုပ်ရန် ပြောင်းလဲခြင်းတွင် ရင်းနှီးမြှုပ်နှံရန် ၎င်း၏ ပြည်ပ လုပ်ငန်းခွဲများမှ ဒေါ်လာ ၅.၉ ဘီလီယံ အရန်ရံပုံငွေ ထုတ်ယူရန် စီစဉ်နေကြောင်း ကြေညာသည်။
ပြည်ပရှိ လုပ်ငန်းများထံမှ ဝင်ငွေကို ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများအတွက် သုံးစွဲခြင်းအစား တောင်ကိုရီးယား ပြည်တွင်းတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုမည် ဖြစ်သည်။

 ကိုရီးယား၏ တတိယအကြီးဆုံး စီးပွားရေးလုပ်ငန်းအုပ်စုက ၎င်း၏ နိုင်ငံရပ်ခြားလုပ်ငန်းခွဲများမှ ရရှိသော အမြတ်ဝေစုသည် ယခင်နှစ်နှင့်နှိုင်းယှဉ်လျှင် ၄.၆ ဆ တိုးလာပြီး ယခုနှစ်တွင်ဒေါ်လာ ၅.၉ ဘီလီယံအထိ ရောက်ရှိခဲ့ကြောင်း၊ ၎င်းငွေပမာဏကို ပြည်တွင်းတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုမည်ဖြစ်ကြောင်း ပြောကြားသည်။
၇၉% ကို ဆိုးလ်မြို့ရှိ ရုံးချုပ်သို့ ဇွန်လအတွင်း လွှဲပြောင်းပေးပို့မည်။ ကျန်သည့် ၂၁ % ကို လာမည့် ၆ လအတွင်း  လွှဲပြောင်းပေးပို့မည်ဖြစ်သည်။

၎င်းရန်ပုံငွေကို Ulsan တွင် အီးဗီ စက်ရုံများ ထူထောင်ရန်၊ Kia အတွက် အီးဗီ စက်ရုံ ထူထောင်ရန် သုံးစွဲမည်ဖြစ်သည်။

Ulsan ရှိ ပင်မစက်ရုံတွင် တစ်နှစ်လျှင် အီးဗီစီးရေ ၁သိန်းခွဲကို ၂၀၂၅ ခုနှစ်တွင် စတင်ထုတ်လုပ်ရန် အစီအစဉ် ရေးဆွဲထားသည်။

 Kia သည် ဧပြီလတွင် နှစ်လျှင် အီးဗီစီးရေ ၁သိန်းခွဲအထိ ထုတ်လုပ်နိုင်သော စက်ရုံတစ်ရုံ စတင်ဆောက်လုပ်ခဲ့သည်။ Hwaseong တွင် တည်ရှိသည့် လက်ရှိ စက်ရုံအတွင်းမှာ တည်ဆောက်ခြင်း ဖြစ်သည်။ ၂၀၂၅ တွင် ထုတ်လုပ်မှု စတက်ရန် ရည်မှန်းထားသည်။
 
  သုတေသနနှင့် ဖွံ့ဖြိုးရေးအတွက် သုတေသန အဆောက်အဦ ဆောက်လုပ်ရန်၊ အီးဗီပလက်ဖောင်း မျိူဆက်သစ် ထုတ်လုပ်ရန်၊ ထုတ်လုပ်မှုလိုင်းများ တိုးချဲ့ရန်၊ အဆင့်မြင့်နည်းပညာများ ဖွံ့ဖြိးရေး အစရှိသည်တို့အတွက်လည်း ရင်းနှီးမြှုပ်နှံသွားမည်။

Hyundai Motor Group ၏ ပြည်ပလုပ်ငန်းခွဲများမှ ရရှိသော အမြတ်သည် ကိုဗစ်ကာလ၂၀၂၀ ပြည့်နှစ်တွင် ကန်ဒေါ်လာ သန်း ၁၀၀ ဖြစ်ပြီး ၂၀၂၁ ခုနှစ်တွင် ကန်ဒေါ်လာ သန်း ၂၀၀ ရရှိခဲ့သည်။
၂၀၂၂ ခုနှစ်တွင် ကန်ဒေါ်လာ ၁.၃ ဘီလီယံသို့ မြင့်တက်ခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ကန်ဒေါ်လာ ၅.၉ ဘီလီယံသို့ ထပ်မံမြင့်တက်ခဲ့ပါသည်။
အမေရိကန်မှ လုပ်ငန်းခွဲ Hyundai Motor America (HMA) ၊ အိန္ဒိယမှ လုပ်ငန်းခွဲ Hyundai Motor India (HMI) ၊ ချက်နိုင်ငံမှ ထုတ်လုပ်ရေး လုပ်ငန်းခွဲ Hyundai Motor Manufacturing Czech (HMMC) တို့ အမြတ်ရရှိမှု မြင့်တက်ခဲ့သည်။ Kia သည် အမေရိကန်၊ စလိုဗက်ကီနှင့် ဥရောပတို့မှ လုပ်ငန်းခွဲများ အမြတ်ရရှိမှု မြင့်တက်ခဲ့ပါသည်။

 Source Koreatimes
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 341 times