Hyundai Mobis ထံမှ ဟိုက်ဒရိုဂျင် လောင်စာဆဲလ်လုပ်ငန်းကဏ္ဍ Hyundai Motor လွှဲပြောင်းရယူ


Hyundai Mobis ထံမှ ဟိုက်ဒရိုဂျင် လောင်စာဆဲလ်လုပ်ငန်းကဏ္ဍ Hyundai Motor လွှဲပြောင်းရယူ

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

Hyundai Motor သည် ဟိုက်ဒရိုဂျင် လောင်စာဆဲလ် ကားများအတွက် ဟိုက်ဒရိုဂျင် ဝန်းကျင် ထူထောင်ခြင်းကို အရှိန်မြှင့်တင်နေသည်။

 

Hyundai Motor သည် Hyundai Mobis ၏ လောင်စာဆီဆဲလ်လုပ်ငန်းကဏ္ဍ တခုလုံးကို ရယူလိုက်သည်။

Hyundai Mobis သည် Hyundai Motor Group ၏ ကားအစိတ်အပိုင်းများ ထုတ်လုပ်ရေးအတွက် လက်တံတခု ဖြစ်ပါသည်။

 

Hyundai Motor Group သည် ဟိုက်ဒရိုဂျင် လောင်စာဆဲလ်နှင့် ပတ်သက်သမျှ လုပ်ငန်းများ အားလုံးကို တစုတစည်းတည်းဖြစ်အောင် စုစည်းနေပါသည်။ ထိုသို့ ကျစ်ကျစ်လစ်လစ် စုစည်းပြီး ဟိုက်ဒရိုဂျင် လောင်စာဆဲလ် လုပ်ငန်းကဏ္ဍ စွမ်းဆောင်ရည်ကို မြှင့်တင်မည်ဟု ဟွန်ဒိုင်းက ပြောကြားပါသည်။ 

တောင်ကိုရီးယားရှိ Hyundai Mobis ၏ ဟိုက်ဒရိုဂျင် လောင်စာဆဲလ်နှင့်ပတ်သက်သမျှ စက်ရုံများ၊ ပိုင်ဆိုင်မှုများ၊ ဝန်ထမ်းများ အစရှိသည်တို့ကို Hyundai Motor က လွှဲပြောင်းရယူပါသည်။

 

Hyundai Motor သည် ဟိုက်ဒရိုဂျင် လောင်စာဆဲလ် ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း၊ ပို့ဆောင်ခြင်း၊ ဖြန့်ဖြူးခြင်း၊ အသုံးပြုခြင်း ကွင်းဆက် ဖွံ့ဖြိုးရေးကို တောင်ကိုရီးယားတွင် အရှိန်တိုးမြှင့် ဆောင်ရွက်သွားမည် ဖြစ်သည်။ 

Hyundai Motor သည် ၁၉၉၈ ခုနှစ်မှစတင်၍ ဟိုက်ဒရိုဂျင် လောင်စာဆဲလ် နယ်ပယ်များတွင် သုတေသနနှင့် ဖွံ့ဖြိုးရေးကို လုပ်ဆောင်နေပါသည်။ လောင်စာဆဲလ်များသည် အနာဂတ်စွမ်းအင်လိုအပ်ချက်များအတွက် အဖြေဖြစ်လာမည်ဟု မှန်းဆထားသည်။

 

၂၀၁၃ ခုနှစ်တွင် ကုမ္ပဏီသည် ကမ္ဘာ့ပထမဆုံးလောင်စာဆဲလ် လျှပ်စစ်ကားဖြစ်သည့် ix35 ကို ထုတ်လုပ်ခဲ့သည်။

 

ထို့နောက် ၂၀၁၈ ခုနှစ်တွင် Hyundai Motor သည် လောင်စာဆဲလ်စွမ်းအင်သုံး Nexo SUV ကို ထုတ်လုပ်ရောင်းချခဲ့သည်။ ကမ္ဘာ့အရောင်းရဆုံး လောင်စာဆဲလ်စွမ်းအင်သုံး ကားမော်ဒယ် ဖြစ်လာခဲ့သည်။

၂၀၂၀ ပြည့်နှစ်တွင် Hyundai Motor သည် Xcient လောင်စာဆီဆဲလ်ထရပ်ကားကို ထုတ်လုပ်ရောင်းချခဲ့သည်။ ဆွစ္ဇာလန်တွင် Xcient ဟိုက်ဒရိုဂျင် ထရပ်ကားများ စုစုပေါင်း မောင်းနှင်ခဲ့သည့် ခရီးတာသည် ကီလိုမီတာ ၈.၇ သန်း ကျော်သွားပြီ ဖြစ်သည်။ 

Source koreatimes


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

Read 273 times