Hyundai သည် နာမည်ကျော်စူပါ ဟီးရိုး ကာတွန်းဇာတ်ကောင် Iron Man ပရိသတ်များအတွက် ရည် ရွယ်ကာ Hyundai Kona Iron Man Edition ကို အရေအတွက် ကန့်သတ်ထုတ်လုပ် ဖြန့်ချိပေးသွား မည်ဖြစ်ကြောင်း ဇူလိုင် ၂၁ ရက် တွင် auto.ndtv သတင်းဝက်ဘ်ဆိုက် က ရေးသားဖော်ပြခဲ့သည်။
ဝ၁၉ မိုဒယ် Hyundai Kona Iron Man Edition ခေါင်းပိုင်းတွင် နေ့လင်းမီးတန်းပါသည့် ရှေ့မီးအုံကို Iron Man ၏ မျက်နှာဖုံးနှင့် မျက်လုံး ပုံစံကဲ့သို့ ဆင်တူအောင် ပြုလုပ် ပေးထားကာ ခေါင်မိုး၌ Iron Man မျက်နှာဖုံးပုံ ဖော်ထားသော ဒီဇိုင်း၊ ကားစက်ဖုံးပေါ်တွင် Iron Man အမှတ်တံဆိပ်၊ ကိုယ်ထည်ဘေး ဘက်၌ Stark Industries စာသား၊ ၁၈ လက်မ အလွိုင်းဘီးခွေတွင် Iron Man မျက်နှာဖုံးမှ Centre Cap တို့ကို ထည့်သွင်း ဖန်တီးပေးထား သည်။
ကားကိုယ်ထည်အရောင် မှာလည်း Iron Man အတိုင်း အနီ နှင့် Matt Grey တို့ ပေါင်းစပ်ထားသော Two-tone အရောင်ဖြစ်သည်။
ကား အတွင်းပိုင်းတွင်လည်း Iron Man သင်္ကေတများဖြစ်သည့် ဂီယာထိုးတံ၊ အထူး ပြုလုပ်ထားသော Heads-Up Display ၊ Centre Console နှင့် ထိုင်ခုံ ဒီဇိုင်းများပါကြောင်း သိရသည်။
Hyundai ဈေးကွက်ဌာန အကြီး အကဲ Minsoo Kim က Marvel နှင့် လက်တွဲပူးပေါင်းပြီး ကမ္ဘာတစ်ဝန်းမှ Iron Man ပရိသတ်များ အတွက် Hyundai Kona Iron Man Edition ကို ထုတ်လုပ်ခြင်း ဟု ဆိုသည်။
2019 Hyundai Kona Iron Man Edition ကို အရေအတွက် အကန့်အသတ်ဖြင့် ၂ဝ၁၈ ခုနှစ်၊ ဒီဇင်ဘာလတွင် စတင်ထုတ်လုပ်ကာ ၂ဝ၁၉ နှစ်ဆန်း ပိုင်း၌ ဖြန့်ချိပေးသွားမည်ဖြစ်သည်။