Hyundai နှင့် Kia ဥရောပ အောက်တိုဘာလ ရောင်းအား မြင့်တက်


Hyundai နှင့် Kia ဥရောပ အောက်တိုဘာလ ရောင်းအား မြင့်တက်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


Hyundai Motor နှင့် ၎င်း၏ လုပ်ငန်းငယ် Kia တို့က   ဥရောပတွင် SUV နှင့် အီးဗီမော်ဒယ်များ ရောင်းအား ကောင်းခြင်းကြောင့် အောက်တိုဘာလတွင် ယခင်နှစ်ကထက် ၉.၃ ရာခိုင်နှုန်း ပိုများခဲ့ကြောင်း ထုတ်ပြန်ကြေညာသည်။ 

အောက်တိုဘာလမှာ ဥရောပတွင် Hyundai နှင့် Kia စုစုပေါင်း ၈၉,၅၅၁ စီး ရောင်းချခဲ့သည်။ ယမန်နှစ်က ၈၁,၉၅၃ စီး ရောင်းချခဲ့သည်။  ဥရောပ အိမ်စီးကားဈေးကွက်တွင် ဈေးကွက်ဝေစု ၈.၆ ရာခိုင်နှုန်း ရရှိခဲ့သည်။ 
Volkswagen Group သည် ဥရောပဈေးကွက်တွင် ဈေးကွက်ဝေစု ၂၄.၃ ရာခိုင်နှုန်းဖြင့် ဝေစု အများဆုံး ရရှိထားသည်။ 
Stellantis သည် ဈေးကွက်ဝေစု ၁၇.၄ ရာခိုင်နှုန်းဖြင့် ဒုတိယအများဆုံး ဖြစ်ပြီး Renault Group သည် ၉.၉ ရာခိုင်နှုန်းဖြင့် တတိယအများဆုံး ဖြစ်ပါသည်။ 

Hyundai Motor Group သည် ရောင်းအား ယမန်နှစ်ကထက် ပိုများခဲ့သော်လည်း ဈေးကွက်ဝေစု ၀.၄ ရာခိုင်နှုန်း လျော့ကျခဲ့သည်။ 

ဥရောပဈေးကွက်တွင် အရောင်းရဆုံး မော်ဒယ်များမှာ  

  • Hyundai Tuscon ၊
  • Hyundai Kona ၊
  • Kia Sportage ၊  
  • Kia Niro EV

တို့ ဖြစ်ပါသည်။ 


ယခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ Hyundai နှင့်  Kia  တို့၏ ရောင်းအားမှာ ၉၄၀,၅၄၃ စီး ဖြစ်ပါသည်။ 
Source Yonhap

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 214 times