Hyundai နှင့် Kia ပရီမီယံနှင့် SUV မော်ဒယ်များ ရောင်းအားခိုင်မာ


Hyundai နှင့် Kia ပရီမီယံနှင့် SUV မော်ဒယ်များ ရောင်းအားခိုင်မာ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Hyundai Motor နှင့် Kia တို့သည် တတိယသုံးလပတ်တွင် ဒေါ်လာဈေး အားကောင်းမှုနှင့် ပရီမီယံနှင့် sports utility vehicle(SUV) အမျိုးအစားများတွင် ရောင်းအား ခိုင်မာမှုများကြောင့် ဝင်ငွေ ကောင်းမည်ဟု ခန့်မှန်းထားသည်။


စျေးကွက်ခြေရာခံလုပ်ငန်း FnGuide ၏ အချက်အလက်များအရ Hyundai Motor သည် ဇူလိုင်လမှ စက်တင်ဘာလအထိ တတိယ သုံးလပတ်အတွင်း လုပ်ငန်းလည်ပတ်အမြတ်ငွေ ဝမ် ၃.၄၇ ထရီလီယံ (ဒေါ်လာ ၂.၅၅ ဘီလီယံ) အထိ ရရှိနိုင်မည်ဟု မျှော်လင့်ရသည်။
ပြီးခဲ့သည့် ဒုတိယ သုံးလပတ်ထက် အနည်းငယ် လျော့ကျသော်လည်း ယမန်နှစ် တတိယ သုံးလပတ်ထက် ၁၂၄.၁၇ ရာခိုင်နှုန်း ပိုများသည်။

တောင်ကိုရီးယား၏ အကြီးမားဆုံး မော်တော်ယာဉ်လုပ်ငန်း Hyundai နှင့် ဒုတိယ အကြီးမားဆုံး မော်တော်ယာဉ် လုပ်ငန်း Kia တို့၏ တတိယ သုံးလပတ် အရောင်းဝင်ငွေ ဝမ် ၄၂ ထရီလီယံ ရရှိမည်ဟု ခန့်မှန်းထားသည်။ 

ဝမ်-‌ကန်ဒေါ်လာ ငွေလဲနှုန်းတွင် ကန်ဒေါ်လာ မာနေသဖြင့် ကန်ဒေါ်လာ ရောင်းရငွေကို ဝမ်သို့ ‌ပြောင်းလဲ တွက်ချက်သည့်အခါ ပမာဏ ပိုများခြင်းကြောင့်လည်း ဝမ်ဖြင့် ဖော်ပြသည့်ပမာဏများ ပိုများနေစေသည်ဟု Yuanta Securities မှ ဆန်းစစ်သူ Yi Hyun-soo က ပြောကြားသည်။


၎င်းကားလုပ်ငန်းကြီး နှစ်ခုတို့၏ ပြည်ပရောင်းအား မြင့်တက်လျက်ရှိသည်။
၎င်းကားလုပ်ငန်းကြီး နှစ်ခုတို့၏ ယခုနှစ် ပထမနှစ်ဝက် စုစုပေါင်း ရောင်းအားတွင် ၂၅% နီးပါးသည် အမေရိကန်ဈေးကွက်မှ ရောင်းအားဖြစ်ပါသည်။ ဥရောပဈေးကွက်မှ ရောင်းအားမှာ ၁၇.၅% ဖြစ်ပါသည်။
တောင်ကိုရီးယားဈေးကွက် ရောင်းအားမှာ ၁၈.၉% ဖြစ်ပါသည်။ 

Hyundai ၏ luxury brand ဖြစ်သော Genesis ရောင်းအား မြင့်တက်နေသည်။ ယခုနှစ် ပထမနှစ်ဝက်တွင် အမေရိကန်ဈေးကွက်မှာ Genesis-brand မော်ဒယ်များ ၃၁,၂၃၄ စီး ရောင်းချခဲ့သည်။ 

ပြည်ပရောင်းအားတွင် SUV မော်ဒယ်များလည်း ရောင်းအား မြင့်တက်သည်။ 
Hyundai Tucson SUV နှင့် Kia Sportage SUV တို့ ရောင်းအားအကောင်းဆုံး ဖြစ်နေသည်။

 

Hyundai Tucson SUV

 

 

 

Kia Sportage SUV

 

 

Source koreatimes 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 329 times