Hyundaiနှင့် Kia မီးဘေးအန္တရာယ်ရှိ မော်ဒယ်များ စာရင်း ထုတ်ပြန်ကြေညာ
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL
Hyundaiနှင့် Kia မီးဘေးအန္တရာယ်ရှိ မော်ဒယ်များ စာရင်း ထုတ်ပြန်ကြေညာထားပြီး ၎င်းစာရင်းတွင် အကျူံဝင်သည့်ကားများကို အဆောက်အဦပြင်ပ လွတ်လွတ်ကင်းကင်းနေရာတွင် ယာဉ်ကို ရပ်နားရန် အကြံပြုထားသည်။
အမေရိကန်မှ ကားများအပါအဝင် ကားအစီးရေ ၃.၄ သန်းကို အင်ဂျင်တဝိုက် မီးထလောင်နိုင်သဖြင့် ပြုပြင်ပေးရန် ပြန်လည်ခေါ်ယူမည် ဖြစ်သည်။
၎င်းစာရင်းတွင် ၂၀၁၀ မှ ၂၀၁၉ အထိ SUV မော်ဒယ်များလည်း ပါဝင်သည်။
အင်ဂျင်မီးလောင်နိုင်ဖွယ် ရှိသည့် အန္တရာယ်သည် ပြန်လည်ခေါ်ယူရန် လက်လှမ်းမမီသည့် နေရာရှိ ကားများလည်း အကျုံးဝင်သည်။
ဘရိတ် ထိန်းချုပ်သည့် anti-lock brake control module တွင် အရည်ယိုစိမ့်မှုကြောင့် အင်ဂျင်မီးလောင်နိုင်ဖွယ် ရှိသည်။ ၎င်းယိုစိမ့်မှုကြောင့် အရည်သည် အင်ဂျင်နှင့် ထိတွေ့ရာမှ မီးထလောင်နိုင်သည်။ ယာဉ်ကို ရပ်နားထားစဉ်ဖြစ်စေ၊ မောင်းနှင်နေစဉ် ဖြစ်စေ မီးလောင်မှု ဖြစ်ပွားနိုင်သည်။
Hyundai နှင့် Kia မီးဘေးကိစ္စ ပေါ်ပေါက်သည်မှာ ၂၀၁၅ ခုနှစ် ကတည်းက ဖြစ်သည်။
မီးဘေးနှင့် အင်ဂျင် ပြဿနာများကြောင့် ပြန်လည်ခေါ်ယူ ပြုပြင်ပေးခဲ့သည်မှာ အစီးရေ ၉.၂ သန်းကျော် ရှိပြီ ဖြစ်သည်။
Source industryweek
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL