Hyundai နှင့် Kia ဥရောပတွင် ရောင်းအားစံချိန်သစ်တင်


Hyundai နှင့် Kia ဥရောပတွင် ရောင်းအားစံချိန်သစ်တင်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Hyundai Motor နှင့် တွဲဖက် Kia တို့သည် ယခုနှစ်၂၀၂၂ ခုနှစ်အတွင်း ဥရောပတွင် လျှပ်စစ်ကား ရောင်းအား စံချိန်တင် မြင့်မားလာမည်ဟု မျှော်လင့်ထားသည်။ စီးရေ ၂ သိန်းကျော်စီ ရောင်းရမည်ဟု ခန့်မှန်းထားသည်။

ဥရောပ မော်တော်ယဉ် ထုတ်လုပ်သူများ အသင်း European Automobile Manufacturers Association (ACEA) အဆိုအရ ဉရောပဈေးကွက်တွင် အောက်တိုဘာလကုန်အထိ အီးဗီ ၂၀၀,၉၈၄ စီး ရောင်းချခဲ့သည်။
၂၀၁၉ ခုနှစ်တွင် အီးဗီ ၁၃,၁၃၂ စီး ရောင်းချခဲ့သည်။ စီးရေ တစ်သောင်းကျော် ပထမဆုံး ရောင်းချနိုင်ခဲ့သည့်နှစ် ဖြစ်သည်။ 
၂၀၂၀ ခုနှစ်တွင် အီးဗီ ၄၉,၀၃၁ စီး ရောင်းချခဲ့သည်။
၂၀၂၁ ခုနှစ်တွင် အီးဗီ ၆၃,၄၁၉ စီး ရောင်းချခဲ့သည်။ 
ဥရောပဈေးကွက်တွင် အရောင်းရဆုံး အမျိုးအစားမှာ Niro EV ဖြစ်ပြီး စီးရေ ၁၂၁,၈၅၂ ရောင်းချခဲ့သည်။
ဒုတိယအများဆုံး ရောင်းချရသည်မှာ Soul EV နှင့် တတိယအများဆုံး ရောင်းချရသည်မှာ EV6 တို့ ဖြစ်သည်။
EV6 ကို ယမန်နှစ် စက်တင်ဘာလတွင် စတင်ရောင်းချခဲ့ပြီး တစ်နှစ်တာအတွင်း စီးရေ ၃၀,၀၀၀ ကျော် ရောင်းချခဲ့ပြီး Kia ၏ ဉရောပဈေးကွက် အီးဗီရောင်းအား၏ ၃၉% ရှိသည်။
EV6 ၏ စွမ်းဆောင်ရည်ကို သဘောကျကြသဖြင့် ဥရောပတွင် စျေးကွက်ချဲ့ထွင်နိုင်စေသည်။ ဖေဖော်ဝါရီလတွင် Car of the Year ဆုရခဲ့သည်။ ကိုရီးယား ကား brand အနေဖြင့် ပထမဆုံး ၎င်းဆုအတွက် ရွေးချယ်ခံရခြင်း ဖြစ်သည်။


Hyundai Motor ၏ ဥရောပတွင် အီးဗီရောင်းအားသည် ဧပြီလတွင် စီးရေ ၂ သိန်း ကျော်သွားသည်။ Kia ထက် ၆ လ စောပြီး စီးရေ ၂ သိန်း ကျော်သွားခြင်း ဖြစ်သည်။ ယခုနှစ် အောက်တိုဘာလကုန်အထိ အီးဗီစီးရေ ၂၃၇,၆၃၁ ရောင်းချခဲ့သည်။ အရောင်းရဆုံး အမျိုးအစားမှာ Kona EV ဖြစ်ပြီး ၁၄၅,၁၄၄ စီး ရောင်းချခဲ့သည်။ 
ဒုတိယအများဆုံး ရောင်းချရသည်မှာ IONIQ EV နှင့် တတိယအများဆုံး ရောင်းချရသည်မှာ IONIQ 5 တို့ ဖြစ်သည်။
 Hyundai ၏ နောက်ဆုံးထုတ် အီးဗီမော်ဒယ်မှာ IONIQ 6 ဖြစ်သည်။ လူကြိုက်များနေသည်။ မျှော်လင့်ထားသည်ထက် ရောင်းအား ပိုကောင်းနေသည်။ 
IONIQ 6 First Edition အတွက် ကြိုတင်အမှာစာ စီးရေ ၂,၅၀၀ အကုန်လုံး ရောင်းချပြီးပြီဖြစ်ကြောင်း Hyundai Motor Europe က ပြောကြားခဲ့သည်။ ဂျာမနီ၊ အင်္ဂလန်၊ ပြင်သစ်၊ နော်ဝေနှင့် နယ်သာလန်တို့တွင် ရောင်းချခဲ့ခြင်း  ဖြစ်သည်။
ယခုရောင်းအား ဆက်ရှိနေလျှင် ယခုနှစ်တွင် Hyundai Motor Group သည် အီးဗီရောင်းအား စံချိန်သစ် တင်မည်ဖြစ်သည်။ 
Source koreatimes 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 


 

 


 

Read 199 times