Hyundai နှင့် Kia ၂၀၂၃ ခုနှစ် ဥရောပရောင်းအား စံချိန်သစ်တင် အမြင့်ဆုံးသို့ ရောက်ရှိ
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL
Hyundai Motor နှင့် ၎င်းထက် သေးငယ်သော လုပ်ငန်းခွဲ Kia တို့က ဥရောပတွင် ၎င်းတို့၏ မော်တော်ကားရောင်းချရမှုသည် SUV နှင့် လျှပ်စစ်မော်ဒယ်များ အဝယ်သွက်ခြင်းကြောင့် ၂၀၂၃ ခုနှစ်တွင် ရောင်းအား အမြင့်ဆုံးသို့ ရောက်ရှိခဲ့ကြောင်း ပြောကြားသည်။
Hyundai နှင့် Kia တို့သည် ယမန်နှစ်က ဥရောပတွင် စုစုပေါင်း အစီးရေ ၁၁ သိန်းကျော် (၁,၁၀၆,၄၆၇ စီး) ရောင်းချခဲ့သည်။
ယခင်စံချိန်ဟောင်းမှာ ၂၀၁၉ ခုနှစ် ရောင်းအား အစီးရေ ၁၀ သိန်းကျော် (၁,၀၆၅,၂၂၇ စီး) ဖြစ်ပါသည်။
တစ်နှစ်တာ ရောင်းအား ၁၀ သိန်းကျော်သည်မှာ ၃ ကြိမ် ရှိသွားပြီ ဖြစ်သည်။
Hyundai နှင့် Kia တို့သည် ယမန်နှစ်က ဥရောပ အိမ်စီးကားစျေးကွက်တွင် ဈေးကွက်ဝေစု ၈.၆% ရရှိခဲ့သည်။
ဥရောပ အိမ်စီးကားစျေးကွက်တွင် Volkswagen Group သည် ဈေးကွက်ဝေစု ၂၅.၉% ဖြင့် ဦးဆောင်နေသည်။
ဒုတိယနေရာတွင် Stellantis က ဈေးကွက်ဝေစု ၁၆.၆% ရရှိသည်။
တတိယနေရာတွင် Renault Group က ဈေးကွက်ဝေစု ၉.၇% ရရှိသည်။
Hyundai နှင့် Kia တို့က စတုတ္ထနေရာတွင် ရပ်တည်နေသည်မှာ ၃ နှစ်ဆက်တိုက် ရှိသွားပြီ ဖြစ်သည်။
ဥရောပတွင် ဟွန်ဒိုင်း၏ အရောင်းရဆုံး မော်ဒယ်များမှာ Tuscon နှင့် Kona SUV တို့ ဖြစ်ပါသည်။
အရောင်းရဆုံး အီးဗီမော်ဒယ်များမှာ Kona အီးဗီနှင့် Ioniq အီးဗီတို့ ဖြစ်ပါသည်။
Source Yonhap
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL