Hyundai နှင့် Kia တို့က eco-friendly ကား စီးရေ ၃ သန်းကျော် ရောင်းချခဲ့
တောင်ကိုရီးယားမှ မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်း Hyundai Motor Co. နှင့် Kia Corp. တို့ရဲ့ သဘာဝပတ်ဝန်းကျင် မိတ်ဖက်ကျ ကားများ စီးရေ စုစုပေါင်း ၃ သန်း ရောင်းချခဲ့ပြီးပြီကြောင်း အချက်အလက်များ ထုတ်ပြန်ပါတယ်။ ဟိုင်းဘရစ် မော်တော်ယာဉ် စတင် ထုတ်လုပ်ရောင်းချခဲ့တဲ့ သက်တမ်း ၁၃ နှစ်တာအတွက် ရောင်းအားပမာဏ စီးရေစုစုပေါင်း ဖြစ်ပါတယ်။
ပလပ်ထိုး ဟိုင်းဘရစ်နှင့် အပြည့်အဝ လျှပ်စစ်ကားများ အပါအဝင် သဘာဝပတ်ဝန်းကျင် မိတ်ဖက်ကျ eco-friendly ကား စီးရေစုစုပေါင်း ၃၉၃,၅၀၉ ကို ယခုနှစ် ပထမ ၅လတာ ဖြစ်တဲ့ ဇန်နဝါရီလမှ မေလအတွင်း ရောင်းချခဲ့တဲ့အတွက် ယခုအခါ ရောင်းရစီးရေစုစုပေါင်း ၃.၀၁ သန်းသို့ ရောက်ရှိလာပါတယ်။
eco-friendly ကားအမျိုးအစား ဝယ်လိုအား ခိုင်မာနေဆဲ ဖြစ်ပါတယ်။
Hyundai နှင့် Kia တို့ရဲ့ ရောင်းအားက ယခင်နှစ်ထက် ယခုနှစ်မှာ စီးရေ ၅.၉% ကျဆင်းခဲ့ပြီး ယခုနှစ် ပထမ ၅ လအတွင်း စီးရေ ၂.၆၉ သန်း ရောင်းချခဲ့ပါတယ်။
eco-friendly ကားတွေရဲ့ ရောင်းအားကတော့ ခုန်တက်ခဲ့ပါတယ်။ ၄၂.၆ % မြင့်တက်ခဲ့ပြီး စီးရေ ၃၉၃,၅၀၉ စီး ရောင်းချနိုင်ခဲ့တာ ဖြစ်ပါတယ်။
#MyanmarAutomobileGuide
Source koreatimes