Hyundai နှင့် Kia တို့က အီးဗီ စွမ်းဆောင်ရည်ကို မြှင့်တင်‌ပေးမည့် 'AAS' နည်းပညာ ပြသ


Hyundai နှင့် Kia တို့က အီးဗီ စွမ်းဆောင်ရည်ကို မြှင့်တင်‌ပေးမည့် 'AAS' နည်းပညာ ပြသ

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

Hyundai နှင့် Kia တို့သည် လျှပ်စစ်ကားများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးမည့် 'Active Air Skirt' (AAS) နည်းပညာကို ပြသခဲ့ပါသည်။

 

ဟွန်ဒိုင်းနှင့် ကီးယာတို့၏ အဆိုအရ Active Air Skirt နည်းပညာသည် မြန်နှုန်းမြင့်ဖြင့် မောင်းနှင်နေစဉ်အတွင်း အီးဗီများတွင် လေတိုးခြင်းကြောင့် ဖြစ်ပေါ်သည့် ကားလူးခြင်းကို ထိန်းချုပ်ပေးပါသည်။

 

AAS နည်းပညာအသစ်သည် အီးဗီ ဘန်ပါ၏ အောက်ပိုင်းကို ဖြတ်၍ စီးဆင်းလာသောလေကြောင့် ကားလူးခြင်းကို လျှော့ချပေးသည်။

 

AAS နည်းပညာသည် မြန်နှုန်းမြင့် မောင်းနှင်မှုကို ပိုမိုကောင်းမွန်စေသည်။ ထို့ပြင် မြန်နှုန်းမြင့် မောင်းနှင်နေစဉ် ကားတည်ငြိမ်မှုကို တိုးမြှင့်ပေးပါသည်။ ခရီးတာ ပိုဝေးဝေး သွားနိုင်စေသည်။ 

 

 "ဒီနည်းပညာဟာ လေခွင်းစွမ်းအားကို မြှင့်တင်ရခက်တဲ့ SUV တွေလို မော်ဒယ်တွေအပေါ် အကျိုးသက်ရောက်မှု ပိုမိုရရှိလာမယ်လို့ မျှော်လင့်ထားပါတယ်"Hyundai Motor Group မှ Mobility Body Development Group ၏ အကြီးအကဲ Sun Hyung Cho မှ ပြောကြားပါသည်။

 

Active Air Skirt နည်းပညာကို အီးဗီ၏ ရှေ့ဘန်ပါနှင့် ရှေ့ဘီးများကြားတွင် တပ်ဆင်ထားသည်။ သာမန်အချိန်တွင် မတွေ့ရပါ။ အမြန်နှုန်း 80km/h အထက်သို့ ရောက်ရှိသည့်အခါကျမှ စတင်တွေ့မြင်ရမည် ဖြစ်ပါသည်။ 

AAS နည်းပညာသည် အချို့သောအခြေအနေများအောက်တွင် 200 km/h ကျော်အမြန်နှုန်းတွင် လုပ်ကိုင်ပေးနိုင်မည် ဖြစ်ပါသည်။

 

Hyundai Motor နှင့် Kia တို့သည် Genesis GV60 မော်ဒယ်တွင် Active Air Skirt နည်းပညာကို ထည့်သွင်းပြီး ဖြစ်ပါသည်။

 

 စမ်းသပ်မှုရလဒ်များအရ AAS သည် Genesis တွင် လေနောက်ပြန်ဆွဲအား ၂.၈% လျော့ကျစေပြီး ခန့်မှန်းခြေအားဖြင့် ခရီးတာ ၆ ကီလိုမီတာခန့် ပိုဝေးဝေး သွားနိုင်စေသည်။ 

 

Hyundai နှင့် Kia တို့သည် တောင်ကိုရီးယားနှင့် အမေရိကန်တွင် ၎င်းတို့၏ AAS နည်းပညာနှင့်ပတ်သက်သည့် မူပိုင်ခွင့်အတွက် လျှောက်ထားပါသည်။

 

Source teslarati


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 218 times