ဖေဖော်ဝါရီမှာ Hyundai Ioniq 5 လက်ကားအရောင်း စီးရေ တစ်သောင်းကျော် ရောင်းရ


ဖေဖော်ဝါရီမှာ Hyundai Ioniq 5 လက်ကားအရောင်း စီးရေ တစ်သောင်းကျော် ရောင်းရ


အမေရိကန်သို့ စီးရေ ၂,၅၀၀ ကျော် ပေးပို့ရောင်းချခဲ့ပြီး ဥရောပသို့ စ္းရေ ၂,၇၀၀ ကျော် ပေးပို့ရောင်းချခဲ့ပါတယ်။

Hyundai က ၂၀၂၂ ဖေဖော်ဝါရီလမှာ ကားစီးရေ ၃၀၄,၆၁၃ ကမ္ဘာတစ်လွှား ရောင်းချခဲ့ကြောင်း ထုတ်ပြန်ကြေညာပါတယ်။ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလထက် ၃.၂% ပိုပါတယ်။
၈ လတာအတွင်း ပထမဆုံးအကြိမ် အခြေအနေ ဦးမော့လာတာလို့ တောင်ကိုရီးယား မော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်း Hyundai က မှတ်ချက်ပြုပါတယ်။
၂၀၂၂ ဖေဖော်ဝါရီလမှာ Hyundai ပလပ်ထိုး လျှပ်စစ်ကား လက်ကားအရောင်းစီးရေက ထုတ်လုပ်စီးရေနီးပါး ဖြစ်ခဲ့ပါတယ်။ စီးရေ ၁၇,၂၆၁ ရောင်းချခဲ့ရပြီး Hyundai ရဲ့ လက်ကားအရောင်းစီးရေ စုစုပေါင်းရဲ့ ၅.၅% ရှိပါတယ်။
ရောင်းအားမြင့်တက်ခဲ့တာဟာ Hyundai Ioniq 5 ရောင်းအားကောင်းခဲ့လို့ ဖြစ်ပါတယ်။
Hyundai Ioniq 5 တစ်လတာရောင်းအားက ဖေဖော်ဝါရီလမှာ ပထမဆုံးအကြိမ်အဖြစ် စီးရေ ၁၀,၀၀၀ ကျော်ခဲ့ပြီး ၁၀,၂၁၄ စီး ရောင်းချခဲ့ပါတယ်။
ပလပ်ထိုးလျှပ်စစ်ကား အရောင်းစာရင်းမှာ လျှပ်စစ်ကားစစ်စစ် ဘက်ထရီလျှပ်စစ်ကား battery electric vehicle (BEV) နှင့် လျှပ်စစ် စက်သုံးဆီ နှစ်မျိုးစပ် လျှပ်စစ်ကား plug-in hybrid electric vehicle(PHEV) တို့ပါဝင်ပါတယ်။ BEV စီးရေ ၁၃,၆၅၉ နှင့် PHEV စီးရေ ၃,၆၀၂ ရောင်းချခဲ့ပါတယ်။ နှစ်မျိုးပေါင်း စီးရေ ၁၇,၂၆၁ ရောင်းချခဲ့ပါတယ်။ Hyundai က ဟိုက်ဒြိုဂျင်လောင်စာဆဲလ်ကား  hydrogen fuel cell vehicle (FCV) မော်ဒယ် NEXO စီးရေ ၆၅၂ စီး ရောင်းချခဲ့ပြီး အားလုံးနီးပါး တောင်ကိုရီးယား ပြည်တွင်းဈေးကွက်မှာ ရောင်းချခဲ့တာ ဖြစ်ပါတယ်။


မော်ဒယ်အသီးသီးရောင်းအား

Hyundai Ioniq 5 – 10,214 
Hyundai Kona Electric – 2,718 
Hyundai Tucson PHEV – 2,530 
Hyundai Santa Fe PHEV – 775 
Hyundai IONIQ Electric – 677 
Hyundai IONIQ Plug-In – 297 
Plug-ins in India (Kona Electric) – 43 
Plug-ins in China (models အမျိုးမျိုး) – 7 

Read 1792 times