Hyundai က Ioniq 5 အီးဗီဘက်ထရီ မီးဘေး ကင်းကြောင်း ယာဉ်တိုက်မှု စမ်းသပ်ပြ


Hyundai က Ioniq 5 အီးဗီဘက်ထရီ မီးဘေး ကင်းကြောင်း ယာဉ်တိုက်မှု စမ်းသပ်ပြ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

လျှပ်စစ်ကားများ ၀ယ်လိုအား တဟုန်ထိုး တိုးလာနေသော်လည်း သုံးစွဲသူများကြားတွင် အဓိက စိုးရိမ်စရာတစ်ခုမှာ ဗို့အားမြင့် ဘက်ထရီထုပ် မီးထလောင်တတ်သည့်  မီးဘေးအန္တရာယ် ရှိနေခြင်းဖြစ်သည်။

ထိုသို့သောစိုးရိမ်မှုများကို ဖြေလျှော့ရန်နှင့် ၎င်း၏နောက်ဆုံးပေါ် ဘေးကင်းရေးနည်းပညာကို ပြသရန်အတွက် Hyundai Motor Group သည် ၎င်း၏အရောင်းရဆုံး Ioniq 5 EV ကို  မီဒီယာများရှေမှောက်တွင် ယာဉ်တိုက်မှု စမ်းသပ်ပြခဲ့သည်။

Hyundai Motor Group ၏ Namyang Technology Institute တွင် Ioniq 5 ကို တစ်နာရီ ၆၄ ကီလိုမီတာ အမြန်နှုန်းဖြင့် အတားအဆီးကို ဝင်တိုက်ပြခဲ့သည်။ ကားဦးခေါင်းပိုင်း ၄၀%  ကြေမွသွားသည်။
Hyundi ၏ ကိုယ်ပိုင်ပလက်ဖောင်း E-GMP ပေါ်တွင် တည်ဆောက်ထားသော Ioniq 5 သည် တိုက်ပြီးချိန်တွင် ခေါင်းပိုင်းကြေနေသော်လည်း တံခါးများမှ ပြတင်းပေါက်မှန်များ မကွဲချေ။ ရှေ့ထိုင်ခုံ ၂ ခုရှေ့ဘက် လေအိတ် ၂ လုဲး ဘေးဘက်ရှိလေအိတ် ၂ လုံး ပွင့်ပြီး ထိုင်ခုံ ၂ခုပေါ်မှ လူရုပ်တုများကို ကာကွယ်ပေးထားသည်။ ကားတံခါးကို အလွယ်တကူ ဖွင့်၍ ရသည်။ ယာဉ်တိုက်ပြီးချိန် ကားအပြင်သို့ အမြန်ဆုံး ထွက်နိုင်ရန်အတွက် တံခါးဖွင့်မရသဖြင့် အထဲမှာ ပိတ်မိနေခြင်း ကင်းဝေးသည်။ ကားအောက်ပိုင်းရှိ ဘက်ထရီ မဆိုစလောက် ပျက်စီးသည်။ မီးထလောင်ခြင်း မရှိချေ။ လျှပ်လိုက်ရည် electrolyte ယိုစိမ့်ထွက်ခြင်း မရှိချေ။ 

"ကားခေါင်းပိုင်းနဲ့တိုက်မိတဲ့အခါ ဘက္ထရီတွေကို  အနေအထားမပျက်အောင် ဘို့တွေနပ်‌ေတွ သုံးပြီး သေသေချာချာ ကျပ်ပေးထားပါတယ်" ဟု Hyundai Motor Group မှ ဒါရိုက်တာ Baek Chang-in က ရှင်းပြသည်။

ခေါင်းဖြင့် ဝင်တိုက်မိခြင်းအစား အခြားတိုက်ပုံတိုက်နည်းမျိုးများကို ပြသစေလိုကြောင်း သတင်းထောက်အချို့က ပြောသည်။ အကြောင်းမှာ အီးဗီများသည် ဘေးမှ အတိုက်ခံရလျှင် မီးထလောင်တတ်သောကြောင့် ဖြစ်သည်။

ဘေးမှ တိုက်ခြင်းအတွက် ဘက်ထရီထုပ်ကို မထိခိုက်အောင် ဘေးသားကို အလူမီနီယံသတ္တုသား သုံးထားပြီး ကျရောက်သည့် ဒဏ်ကို အလူမီနီယံသတ္တုသားက ခံယူပေးလိုက်သည်။  နောက်မှ တိုက်ခြင်းအတွက် ရောက်သည့် ဒဏ်ကို ခံယူပေးဖို့ တည်ဆောက်ပေးထားကြောင်း Baek က ရှင်းပြသည်။

အီးဗီ မီးထလောင်တတ်သည်မှာ မှန်သော်လည်း ဓာတ်ဆီကားများထက် ပိုမဆိုးကြောင်း Baek က ရှင်းပြသည်။ 

ပြီးခဲ့သည့်နှစ်က Hyundai Motor Group ၏ E-GMP ပလက်ဖောင်းဖြင့် တည်ဆောက်ထားသော Ioniq 5 အပါအဝင် မော်ဒယ်များသည် အမေရိကန်တွင် ဘေးကင်းမှု အဆင့် အမြင့်ဆုံးကို ရရှိခဲ့သည်။

US Insurance Institute for Highway Safety မှ ချီးမြှင့်သော Top Safety Pick ဆုကို Hyundai ၏ မော်ဒယ် ၂၆ ခုတို့ ရရှိခဲ့ကြသည်။
Volkswagen ပြီးလျှင် Hyundai သည် ဒုတိယ အများဆုံး ဖြစ်သည်။ 

Hyundai Motor Group ၏ Namyang Technology Institute ကို ၁၉၉၈ ခုနှစ်တွင် ထူထောင်ခဲ့ပြီး ယခုအခါ ဝန်ထမ်းဦးရေ ၁၃၅,၀၀၀ ရှိသည်။ 
ဘေးကင်းရေး စမ်းသပ်မှု အဆောက်အဦကို ၂၀၀၅ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး Hyundai သည် ကားမော်ဒယ်တို့အား ယာဉ်တိုက်မှု အမျိုးမျိုး စမ်းသပ်သည်။ စမ်းသပ်မှုများတွင် ပျက်စီးဆုံးရှုံးသည့် တန်ဖိုးစုစုပေါင်းသည် တစ်နှစ်လျှင် ယွမ် ၁၀ ဘီလီယံ(ဒေါ်လာ ၈ သန်း) ဝန်းကျင် ရှိပါသည်။
Source ANN

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 1261 times