Hyundai ရဲ့ IONIQ 5 ကို 2022 ‘German Car of the Year’ သတ်မှတ်


ဂျာမနီနိုင်ငံ ကားဈေးကွက်ထဲသို့ Hyundai မှ ထုတ်လုပ်ရောင်းချသော IONIQ 5 မောင်းဝင်ခဲ့သည်မှာ နှစ်ဝက်အကြာတွင် 2022 ‘German Car of the Year’ (GCOTY) အဖြစ် သတ်မှတ်ခံရသည်။ ဆုရွေးချယ်ရာတွင် နောက်ဆုံး ဆန်ကာတင်စာရင်းထဲ ပါဝင်လာခဲ့သော အပြည့်အဝ လျှပ်စစ်ကား အလယ်အလတ် အရွယ်အစား Crossover Utility Vehicle (CUV) ဖြစ်သော  IONIQ 5 ကို 2022 ‘German Car of the Year’ အဖြစ် သတ်မှတ်ဖို့ ရွေးချယ်ခံရသည်။
2022 ‘German Car of the Year’  တွင် အမျိုးအစား ၅ မျိုး သတ်မှတ်ထားပါသည်။
“Compact”
 “Premium”
“Luxury”
“New Energy”
“Performance”
တို့ ဖြစ်သည်။ 
နိုင်ငံတကာ ကွန်ရက်ဖြင့် အကဲဖြတ်ဒိုင်အဖွဲ့ကို ဖွဲ့စည်းထားရာ မော်တော်ယာဉ် စာနယ်ဇင်းသမား ၂၀ ဦး ပါဝင်သည်။ သူတို့က ကားများကို စမ်းသပ်မောင်းနှင်သည်။ ကားအချက်အလက်များကို ဆန်းစစ်သည်။ 
 Hyundai ၏  IONIQ 5 သည်  “New Energy” အမျိုးအစား တွင် ပါဝင်သည်။ ယခုနှစ်တွင် စတင်ရောင်းချသည့် ကားများကို ဆန်ကာတင် ရွေးချယ်သည်ဖြစ်ရာ ဂျာမနီနိုင်ငံဈေးကွက်ထဲ  IONIQ စတင်ရောင်းချခဲ့သည်မှာ နှစ်ဝက်အကြာတွင် ဆုချီးမြှင့်ခြင်းခံရသည်။ 

IONIQ 5 သည် Hyundai ၏ brand အသစ် IONIQ တွင် ပါဝင်သည့် မော်ဒယ်ဖြစ်သည်။  Hyundai Motor Group ၏ ဘက်ထရီဖြင့် မောင်းနှင်သော ကားများ ထုတ်လုပ်ရန် ရည်ရွယ်တည်ဆောက်ထားသော Electric Global Modular Platform (E-GMP) ပေါ်တွင် တည်ဆောက်ထားသည်။ 
ကားဝယ်သူအနေဖြင့် ရွေးစရာ 58 kWhနှင့် 72.6 kWh ဘက်ထရီ နှစ်မျိုး ရှိသည်။  ထို့ပြင် ၄ ဘီးယက်နှင့် နောက် ၂ ဘီးယက် နှစ်သက်ရာကို ရွေးချယ်နိုင်သည်။ 
 72.6 kWh ဘက်ထရီ ထိုင်ပေးထားသော နောက် ၂ ဘီးယက်ကားသည် အားအပြည့်တစ်ကြိမ်သွင်းထားလျှင် ခရီးတာ ၄၈၁ ကီလိုမီတာအထိ သွားနိုင်သည်။ 800V အားသွင်းနည်းပညာကို သုံးထားသဖြင့် ဘက်ထရီအား ၁၀ မှ ၈၀ % အားပြည့်သည်အထိ အားသွင်းရန် ၁၈ မိနစ်သာ ကြာသည်။ အမြန်အားသွင်းစတေရှင်  fast-charging station တွင် အားသွင်းရမည် ဖြစ်သည်။ ကားဘက်ထရီဖြင့် ဖုန်း၊ လက်ပ်တော့၊ အီးစကူတာ အစရှိသည်တို့ကို ယာဉ်မောင်းနှင်နေစဉ်တွင်လည်းကောင်း၊ ယာဉ်ရပ်နားထားစဉ်တွင်လည်းကောင်း အားသွင်းနိုင်အောင် Vehicle to Load (V2L) နည်းပညာ ထည့်ပေးထားသည်။ 
 

Read 461 times