ဟိုက်ဒရိုဂျင်အတွက် အိန္ဒိယတွင် ဟွန်ဒိုင်း ဒေါ်လာ သန်း ၇၄၀ ကျော် တိုးချဲ့ ရင်းနှီးမြှုပ်နှံ


ဟိုက်ဒရိုဂျင်အတွက် အိန္ဒိယတွင် ဟွန်ဒိုင်း ဒေါ်လာ သန်း ၇၄၀ ကျော် တိုးချဲ့ ရင်းနှီးမြှုပ်နှံ

 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 


အိန္ဒိယနိုင်ငံ တမီးနာဒူးပြည်နယ်တွင် ကန်ဒေါ်လာ သန်း ၇၄၀ ကျော် ရင်းနှီးမြှုပ်နှံမည် ဖြစ်ကြောင်း Hyundai Motor India Ltd က ကြေညာသည်။ 
၎င်းရင်းနှီးမြှုပ်နှံမှုသည် ၂၀၂၃-၂၀၃၂ ခုနှစ် ၁၀ နှစ်တာကာလ ကန်ဒေါ်လာ ၂.၄ ဘီလီယံကျော်ကို အိန္ဒိယနိုင်ငံတွင် အားသွင်းရုံများ ထူထောင်ခြင်း၊ တတ်ကျွမ်းမှု ဖွံ့ဖြိုးရေးတို့ အပါအဝင်  လျှပ်စစ်ကားကဏ္ဍအတွက် ရင်းနှီးမြှုပ်နှံမည့် အစီအစဉ်၏ အစိတ်အပိုင်း တခု ဖြစ်သည်။ 
ကန်ဒေါ်လာ သန်း ၇၄၀ ကျော် ရင်းနှီးမြှုပ်နှံမည့် အစီအစဉ်တွင် Hyundai သည် ဟိုက်ဒရိုဂျင် အရင်းအမြစ်စင်တာတခု ထူထောင်မည်။ ထို့ပြင် 'Hydrogen Valley Innovation Hub' တခုကို ထူထောင်မည်။ 
ဟိုက်ဒရိုဂျင် နည်းပညာသုံး မော်တော်ယာဉ်ထုတ်လုပ်ရေးအတွက် အခြေခံ လိုအပ်ချက်များကို အကောင်အထည်ဖော်မည် ဖြစ်သည်။ 

Hyundai Motor India သည် တမီးနာဒူးပြည်နယ်တွင် ထုတ်လုပ်မှုအခြေစိုက်စခန်း ရှိပြီး ကားစက်ရုံသည် တစ်နှစ်လျှင် အစီးရေ ၈ သိန်းအထိ ထုတ်လုပ်ပေးနိုင်သည်။

Source economictimes 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 221 times