ကားလော့ခ်ကို ဖုန်းနဲ့ဖွင့်နိုင်ဖို့ Hyundai ကမိတ်ဆက်ပေးလိုက်ပါပြီ


Hyundai ကားတွေကို ဖုန်းနည်းပညာဖြင့် ကားလော့ ပိတ်၊ ဖွင့် နိုင်ပြီဖြစ်ကြောင်း လွန်ခဲ့သော တနလာၤနေ့က ကြေညာခဲ့ပါတယ်။

သမာရိုးကျကားသော့တွေကို ထားခဲ့ပြီး မိမိတို့ရဲ့ဖုန်းမှာ app ကို ဒေါင်းလော့လုပ်ထားရုံနဲ့ lock ဖွင့်နိုင်တော့မှာပါ။ လူလေးယောက်အထိ လုပ်ပိုင်ခွင့်ရရှိမှာဖြစ်ပါတယ်။

Bluetooth လို wifi တို့လိုမျိူး Near Field Communication (NFC) နည်းပညာနဲ့ ဖန်တီးထားတာဖြစ်ပြီး ကားရဲ့အနားကို ကပ်ပြီး enable လုပ်မှသာ လော့ပွင့်မှာဖြစ်ပါတယ်။

ဒီစနစ်ကိုအတည်ပြုပေးတဲ့ NFC ဧရိယာတိုင်ဟာ အရှေ့တခါး နှစ်ဖက်လုံးမှာ ပါရှိပြီး ပစ္စည်းရဲ့ engine ကတော့ wireless charging pad နဲ့အတူရှိနေမှာ ဖြစ်ပါတယ်။

Hyundai Motor Group က ဒီနည်းပညာသစ်ကို နှစ်ကုန်ပိုင်းမှာ ထုတ်လုပ်မယ့် ကားသစ်တွေမှာ ထည့်သွင်းအသုံးပြုသွားဖို့ ရည်ရွယ်ထားပါတယ်။

 
Myanmar Automobile Guide

Read 485 times