Hyundai က ဆိုလာပါဝါ Hyundai Home အစီအစဉ် အကောင်အထည်ဖော်မည်


Hyundai က ဆိုလာပါဝါဖြင့်  Hyundai မှ ထုတ်လုပ်တဲ့ လျှပ်စစ်ကားတွေကို အားသွင်းနိုင်စေဖို့ Hyundai Home အစီအစဉ်ကို အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။

အိမ်မှ အီးဗီကို ရပ်ထားစဉ် ဆိုလာပါဝါဖြင့် အလွယ်တကူ အားဖြည့်နိုင်မည့် “သန့်ရှင်းသော စွမ်းအင် ဝန်းကျင်စနစ်” ကို ယာဉ်ပိုင်ရှင်ရဲ့ အိမ်မှာ တပ်ဆင်ပေးမှာ ဖြစ်ပါတယ်။ 
အဲဒီဝန်းကျင်စနစ်မှာ ကားဘက်ထရီအားသွင်းစက်၊ ဆိုလာပြားများ၊ စွမ်းအင်သိုလှောင်မှုစနစ် စတာတွေ အပြည့်အစုံ ပါဝင်ပါတယ်။
နေစွမ်းအင်ဖြင့် ကားဘက်ထရီ အားဖြည့်ချင်တဲ့ စိတ်ကူးရှိပေမဲ့ ကရိကထများပြားတဲ့အတွက် လက်တွေ့အကောင်အထည်မဖော်ဖြစ်တဲ့ ယာဉ်ပိုင်ရှင်တွေအတွက် အစစအရာရာ အဆင်သင့် ဖြစ်တဲ့အဆင့်အထိ Hyundai Home အစီအစဉ်က ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ 
EV နဲ့ plug-in hybrid ကားတွေအတွက် ဖြစ်ပြီး Hyundai ကား မပိုင်ဆိုင်လည်း Hyundai Home ကို ဝန်ဆောင်မှု ပေးအပ်မယ်လို့ ဆိုပါတယ်။ ၂၀၂၂ ခုနှစ်မှာ ဈေးကွက်အချို့မှာ စမ်းသပ်အဆင့်အဖြစ် စတင်လုပ်ကိုင်မှာ ဖြစ်ပါတယ်။ 

 

 


 

Read 538 times