တောင်ကိုရီးယားနိုင်ငံ၏ အကြီးဆုံးကားထုတ်လုပ်ရေးကုမ္ပဏီ Hyundai ကားအမျိုးအစား Grand i10 ကလည်း မြန်မာပြည်သူများနှင့် ရင်းနှီးပြီးသား ဖြစ်ပါသည်။
သေးငယ်ပေ့ါပါးသည့် ကားတစ်စီးဖြစ်ခြင်း၊ ဆီစားနှုန်းသက်သာခြင်းနှင့် စျေးနှုန်းသင့်တင့်ခြင်းများကြောင့် ရွေးချယ်သင့်သည့် ကားအမျိုးအစားလည်း ဖြစ်ပါသည်။
Hyundai Grand i10 ကားကို ဓာတ်ဆီလောင်စာသုံး Kappa 1.25 litre,4 Cylinder အင်ဂျင်ကို တပ်ဆင်ထားပါသည်။
1.25 liter အင်ဂျင်ကမြို့တွင်းသာမက ခရီးဝေးများတွင် ပိုပြီး သက်သောင့်သက်သာနှင့် အသုံးပြုမောင်းနှင်နိုင်မည် ဖြစ်ပါသည်။
ဂီယာကို 4 Speed Automatic ဂီယာကိုတပ်ဆင်အသုံးပြုထားပါသည်။
ရှေ့ grille(ရှဲလ်)ကို Hexagonai Grille(ဆဌဂံ) ပုံဖြစ်ပြီး Headlamp ရှေ့မီးလုံးများကို ဘေးနှစ်ဖက်ကို ပြန့်ကားအောင် ပြုလုပ်ပေးထားသောကြောင့် ညဘက်တွင် ကျယ်ဝန်းသည့်မြင်ကွင်းကို ပေးစွမ်းနိုင်မည်ဖြစ်ပါသည်။
ထို့ပြင် daylight running မီးများကိုလည်းတပ်ဆင်ထားပါသည်။
ရှေ့မြင်ကွင်းကို ကျယ်ပြန့်ရှင်းလင်းစွာမြင်နို်င်ရန် Windscreen ၏ Pillar ကို Slim ပုံစံပြုလုပ်ပေးထားပါသည်။
Hyundai Grand i10 မိုဒယ်အားလုံးမှာ Electric Front Windows, Remote Central Locking, Trip Computer နှင့် USB Connection စနစ်များကို လုပ်ဆောင်ပေးထားသောကြောင့် ယာဉ်ကိုအသုံးပြုသူများအတွက် စိတ်ကျေနပ်မှုကို ရရှိစေပါလိမ့်မည်။
Hyundai Grand i10 2015,2016 မိုဒယ်မှာ နယ်လိုင်စင်ကများပြီး စျေးနှုန်းမှာ ကီလိုအပေါ်မူတည်ပြီး ကျပ်သိန်း ၁၇၀ နှင့် ၁၉၀ သိန်းကြားတွင်ရှိပါသည်။
ရန်ကုန်လိုင်စင်ဖြစ်ပါက ကျပ်သိန်း နှစ်ရာဝန်းကျင်အထိ ရှိပါသည်။