Hyundai Showroom တွင် ပြုလုပ်မည့် Hyundai Grand I10 2018 ကားသစ်စတင်မိတ်ဆက်ခြင်း


Hyundai Motor ဟာ မြန်မာပြည်တစ်ဦးတည်းကိုယ်စားလှယ်ဖြစ်တဲ့ International KLM Co.,Ltd မှ Grand i10 2018 ကားသစ်အား စတင်မိတ်ဆက်ခြင်းကဏ္ဍကို ဇန်နဝါရီလ ၃၀ ရက်နေ့တွင် Hyundai Showroom International KLM Co., Ltd တွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။

Luxury ကားတစ်စီးလောက် Function မများပေမယ့် ၀ယ်သူတွေအတွက် စိတ်ကျေနပ်လောက်အောင် စွမ်းဆောင်ရည်တွေ ပေးစွမ်းမယ့် Hyundai Grand i10 ကို မိတ်ဆက်ခဲ့ပါတယ်။

ဥရောပမှာတော့ Grand i10 (Sedan) ဆိုတဲ့နာမည်နဲ့ ကျော်ကြားပြီး The Best Selling Car of The Year ဆုကို ၃ နှစ်ရရှိထားပြီးဖြစ်ပြီး Hyundai Grand i10 ကို အိန္ဒိယနိုင်ငံမှာ Xcent ဆိုတဲ့အမည်နဲ့ လူသိများသလို India Best Selling Car of The Year ဆုကိုလည်း ရရှိထားကြောင်း သိရပါတယ်။

ထို့အပြင် ၂၀၁၇ ခုနှစ် နိုဝင်ဘာလအထိ ကောက်ယူရရှိတဲ့ စစ်တမ်းတွေအရ Xcent ဟာ အစီးရေ ၄၄,၀၀၈ စီး အထိ ရောင်းချထားရကြောင်း သိရှိရပါတယ်။

၎င်းအပြင် ဗီယက်နမ်နိုင်ငံရဲ့အဓိက သယ်ယူပို့ဆောင်ရေးကဏ္ဍမှာလည်း အရေးပါတဲ့ အခန်းကဏ္ဍအနေနဲ့ ပါ၀င်နေကြောင်း သိရပါတယ်။

Grand i10 ဟာ ၀ယ်ယူသူတွေအတွက် အကောင်းမွန်ဆုံးနှင့် လုံခြုံမှုစနစ်နှင့်အတူ စျေးနှုန်းသင့်တင့်မှု၊ ဆိစားသက်သာမှု၊ ကောင်းမွန်သော တပ်ဆင်ပစ္စည်းတွေအပြင် စျေးအသက်သာဆုံး Brand New Saloon ကားတစ်စီးကို ပိုင်ဆိုင်နိုင်မယ့် အခွင့်အရေးတွေကို ရရှိမှာဖြစ်ပါတယ်။

ယင်းအပြင် ဆန်းသစ်တဲ့ ရှေ့မီးသီးများနှင့် နောက်မီးခွက်အုံတို့ကလည်း Hyundai ရဲ့ နောက်ဆုံးပေါ် ဒီဇိုင်းပုံစံကို ပြသနေပါတယ်။ Grand i10 2018 ကားသစ်မှာ ရုပ်ထွက်ကောင်းမွန်ရုံတင်မကဘဲ Hyundai ရဲ့ နောက်ဆုံးပေါ် လုံခြံုမှုနှင့် အဆင်ပြေစေမှု အပြည့်အဝပါရှိနေတဲ့ လက္ခဏာရပ်တွေကိုပါ ဖော်ဆောင်ပြသနေကြောင်း သိရပါတယ်။

မောင်းနှင်ရလွယ်ကူမှု၊ ဒီဇိုင်းဆန်းသစ်ထားမှု၊ ကျစ်လစ်ပြီး နေရာမယူတဲ့အပြင် ပါကင်ထိုးရလွယ်ကူမှု၊ သက်တောင့်သက်သာရှိမှုတွေအပြည့် ပေါင်းစပ်ထားတဲ့ Hyundai Garnd i10 ဟာ မိသားစုတစ်စုအတွက် မရှိမဖြစ် Saloon ကားတစ်စီးအနေနဲ့ ပိုင်ဆိုင်သင့်တဲ့ ကားအမျိုးအစားဖြစ်တယ်လို့လည်း သိရပါတယ်။

နေရာကျယ်ကျယ်ရှိတဲ့ ၀န်တင်ခန်းလည်း ပါ၀င်တဲ့အတွက်ကြောင့် Golf အိတ်လိုမျိုး အိတ်ကြီးတွေ သယ်ဆောင်ရတာလည်း အဆင်ပြေစေမှာဖြစ်ပါတယ်။

Luxury Grand မှာ Chrome Handle ကိုပါ ထည့်သွင်းထားကြောင်း ဆီစားနှုန်းအနေနဲ့ မြို့တွင်း၊ မြို့ပြင်ကို 16.9km/L ရှိပါတယ်။

ရရှိနိုင်တဲ့ အရောင်တွေကတော့ Polar White, Sleek Silver, Star Dust, Phantom Black, Flame Orange, Fiery Red , Wine Red နဲ့ Marina Blue တို့ပဲဖြစ်ပါတယ်။

Hyundai Grand i10 ကို ၀ယ်ယူသော Customer များအနေဖြင့် အနည်းဆုံးငွေပေးချေမှု 20% နှင့်အတူ အတိုးမယူဘဲ ၃ နှစ်အရစ်ကျ လစဉ်ငွေပေးသွင်းမှုများဖြင့် ၀ယ်ယူနိုင်မည်ဖြစ်ကြောင်း သိရပါတယ်။

Grand i10 ကို Standard Grad နှင့် Luxury Grade နှစ်မျိုးနှစ်စားဖြင့် ရရှိနိုင်ပြီး Hyundai Garnd i10 (Luxury & Standard Grade) မှာ ပါ၀င်တဲ့ တပ်ဆင်ပစ္စည်းတွေကတော့

Grand i10 (Saloon) 2018

  LUX STD
Engine Power 1.2 1.2
Airbag 2 1
Fog Lamp A N/A
Audio MP3, CD, AUX, USB AUX, USB
Spare Wheel Alloy Steel Wheel
Alloy A A
Back Camera A N/A
Tire Size 14” 14”
Engine Start/Stop Push Start Key
Sensor 4 R 4 R
Seat Control Manual Manual
Seat Good Chamois Normal Chamois
Rear Trunk ခလုတ္ပါ Driver ခံုတံခါး
Window Power Power
Gear 4 Speed (Semi Manual) 4 Speed (Semi Manual)
Rear Mirror Manual Manual
Bluetooth A N/A
  USD 20,800 USD 19,700


Hyundai Motor Myanmar အရောင်းစင်တာများမှာရောင်းချတဲ့ ကားအမျိုးအစားတွေကတော့ တောင်ကိုရီးယားနိုင်ငံရှိ အကြီးဆုံးကားထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ Hyundai Motor မှ ထုတ်လုပ်ခြင်းဖြစ်ပြီး အဆိုပါကားများကို ၃ နှစ် (သို့) ကီလို ၁၀၀,၀၀၀ အာမခံပေးထားကြောင်း  သိရပါတယ်။

ရန်ကုန်အရောင်းပြခန်း

အမှတ် (၂/၆)၊ ၂ ရပ်ကွက်၊

အင်းစိန်လမ်းနှင့် သမိုင်းဘူတာရုံလမ်းထောင့်၊

မရမ်းကုန်းမြို့နယ်၊ ရန်ကုန်။

၀၁-၅၂၂၇၂၃၊ ၀၉-၄၂၁၀၀၂၀၅၁၊

၀န်ဆောင်မှုစင်တာ - ၀၁-၅၂၂၇၂၄

မန္တလေးအရောင်းပြခန်း

အမှတ် (၃/F)၊ မြို့မဥယျာဉ်လမ်းနှင့် ရ၄ လမ်းကြား၊

တောင်မြင့်ရပ်ကွက်၊

ပြည်ကြီးတံခွန်မြို့နယ်၊

မန္တလေးစက်မှုနှင့် ကုန်သွယ်ရေးစင်တာ၊ မန္တလေးမြို့။

၀၉-၂၅၃၁၅၁၉၇၀၊ ၀၉-၄၅၃၉၅၅၅၆၀၊

၀န်ဆောင်မှုစင်တာ ၀၉-၉၇၁၃၄၇၀၀၁၊ ၀၉-၄၂၁၈၈၈၂၂၀

 

Read 1571 times