Hyundai က ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ် ဗွေဆော်ဦးကားမော်ဒယ် ပြန်လည်ထုတ်လုပ်မည်


Hyundai က ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ် ဗွေဆော်ဦးကားမော်ဒယ် ပြန်လည်ထုတ်လုပ်မည်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Hyundai Motor သည် 1974 Turin Motor Show တွင်ပြသခဲ့သည့်  မူလ Pony Coupe Concept ကားကို ပြန်လည်တည်ဆောက်မည့် ပရောဂျက်အသစ်ကို စတင်ကြောင်း၊ အမွေအနှစ်ကို ပြန်လည်ဖော်ထုတ်ခြင်းဖြစ်ကြောင်း ကုမ္ပဏီက ကြာသပတေးနေ့(နိုဝင်ဘာ ၁၂)တွင် ပြောကြားခဲ့သည်။

 


 .
Pony Coupe Concept ကို အီတလီ ဒီဇိုင်နာ Giorgetto Giugiaro မှ ဒီဇိုင်းဆွဲခဲ့ပါသည်။ နှစ်ပေါင်း ၅၀ ကြာပြီးချိန်မှာ သူသည် Hyundai နှင့်  ပြန်လက်တွဲပြီး Pony Coupe Concept  ထုတ်လုပ်ရေးမှာ ပူးပေါင်းပါဝင်မည် ဖြစ်သည်။ 
.
စိတ်ကူးမော်ဒယ်ကို ကားပြပွဲမှာ ပြသခဲ့ပေမဲ့ တကယ့်လက်တွေ့မှာ အမြောက်အမြား ထုတ်လုပ်သည့်အဆင့်သို့ မရောက်ရှိခဲ့ချေ။  ပြပွဲတွင် ပြသခဲ့သည့် ကားကိုလည်း သိမ်းဆည်းထားခဲ့ခြင်း မရှိချေ။
.
အီတလီ ဒီဇိုင်နာ Giorgetto Giugiaro သည် ကိုရီးယား ကုမ္ပဏီ  Hyundai Motor နှင့် အချိန်အတော်ကြာ လက်တွဲပြီး  Hyundai Motor ၏ ပထမဆုံး ကိုယ်ထူကိုယ်ထ ထုတ်လုပ်မှု မော်ဒယ်ဖြစ်ပြီး ၁၉၇၅ ခုနှစ် မှ ၁၉၉၀ ခုနှစ်အတွင်း ထုတ်လုပ်ခဲ့သော Pony  နှင့် အခြား ကား မော်ဒယ် များ ဖြစ်သည့် Pony Excel ၊ Presto ၊ Stellar တို့ကို ဒီဇိုင်းထုတ်ပေးခဲ့သည်။ ထို့ပြင် Sonata ၏ ပထမ မျိုးဆက်နှစ်ဆက်ကိုလည်း သူက ဒီဇိုင်းထုတ်ပေးခဲ့ပါသည်။ 

ပုံတွင် ဝဲဘက်တွင် အပြာရောင် အဝတ်အစားနှင့် မတ်တပ်ရပ်နေသူမှာ Giorgetto Giugiaro ဖြစ်ပါသည်။ ကားမှာ Hyundai Motor ၏ ကိုယ်ထူကိုယ်ထ အဦးဆုံး ထုတ်လုပ်သည့်  Pony မော်ဒယ် ဖြစ်ပါသည်။ 


 



.
ယခု Pony Coupe Concept ကို တကျော့ပြန် ထုတ်လုပ်ရန် အသက် ၈၄ နှစ်ရှိသူ Giugiaro က ပူးပေါင်းပါဝင်ရန်အတွက် Hyundai Motor က Giugiaro  ထူထောင်ထားသည့် အီတလီ ဒီဇိုင်းကုမ္ပဏီ  GFG Style နှင့် ပူးပေါင်းလုပ်ကိုင်မည် ဖြစ်သည်။ 
Source koreatimes
 

Read 580 times