Hyundai Genesis တွင် ဖြစ်လေ့ရှိသော ပြဿနာများ


Hyundai Genesis သည် တောင်ကိုရီးယားအခြေစိုက် Hyundai ကားကုမ္ပဏီထုတ်လုပ်သော ဇိမ်ခံကား ဆီဒန်အမျိုးအစားဖြစ်ပါသည်။

၂၀၀၈ ခုနှစ်တွင် ပထမမျိုးဆက်ကို စတင်ထုတ်လုပ်ပြီး ဒုတိယမျိုးဆက်ကို ၂၀၁၃ ခုနှစ်တွင် စတင်ထုတ်လုပ်ထားပါသည်။

Carcomplaints.com ၏ အဆိုအရ ၂၀၁၂ မိုဒယ် Hyundai Genesis သည် ကွန်ပလိန်းအများဆုံးဖြစ်ပြီး အင်ဂျင်ပိုင်ဆိုင်ရာ ပြဿနာများ အဖြစ်များပါသည်။

၁။ အင်ဂျင်ပြဿနာ

၂၀၁၂ မိုဒယ် Hyundai Genesis ကို မိုင် ရ၆၀၀၀ မောင်းနှင်ပြီးသည့်အခါ မောင်းနှင်နေစဉ် အင်ဂျင်ရပ်သွားတက်ပါသည်။

တစ်နာရီ ၃၅ မိုင်နှုန်းဝန်းကျင်မောင်းနှင်သည့်အခါ အင်ဂျင်ရပ်သွားတက်ပြီး အင်ဂျင်မီး (check engine light) လင်းလာတက်ပါသည်။

ကွန်ပျူတာထိုးစစ်သည့်အခါ crankshaft sensor ချို့ယွင်းခြင်းကို သိရသည့်အတွက် အသစ်လဲလှယ်ရပါသည်။

၂။ အေးသည့်အချိန်တွင် စက်နှိုးရခက်ခြင်း

၂၀၀၉ မိုဒယ်မှ ၂၀၁၃ မိုဒယ်အထိ Hyundai Genesis ကို မိုင် ၄၀၀၀၀ ကျော်မောင်းနှင်ပြီးသည့်အခါ အဖြစ်များပါသည်။

အင်ဂျင်အေးနေသည့်အခါ စက်စတင်နှိုးရန် ခက်ခဲနေတက်ပြီး ကွန်ပျူတာထိုးစစ်သည့်အခါ P161B ကို ညွှန်ပြပါသည်။

ထိုသို့ဖြစ်ခြင်းသည် Powerstrain Control Module (PCM) ချို့ယွင်းခြင်းဖြစ်ပြီး PCM ဆော့ဖ်ဝဲ အပ်ဂရိတ် (software upgrade) ပြုလုပ်ရပါမည်။

၃။ စပီကာများ အသံမထွက်ခြင်း

၂၀၁၁ မိုဒယ်မှ ၂၀၁၅ မိုဒယ်အထိ Hyundai Genesis ကို မိုင် ၃၅၀၀၀ ကျော် မောင်းနှင်ပြီးသည့်အခါ စပီကာများကအသံမထွက်ခြင်းမျိုးဖြစ်လာတက်ပါသည်။

ယာဉ်လမ်းကြောင်းပြစနစ်ပါသော အသံမထွက်ခြင်းမျိုးဖြစ်လာတက်ပါသည်။

ယာဉ်လမ်းကြောင်းပြစနစ်ပါသော အင်ဖော်တိန်းမန့်စနစ်မှာ ရုတ်တရက် စပီကာအားလုံးက အသံမထွက်လာပေ။

ထိုစနစ်တွင် စီဒီပလေယာ၊ ရေဒီယို၊ ယာဉ်လမ်းကြောင်းပြစနစ်၊ ဂြိုလ်တုဆက်သွယ်ရေးစနစ်နှင့် ဖုန်းခေါ်ဆိုနိုင်သော စနစ်များပါရှိပါသည်။

စနစ်အားလုံး ပုံမှန်အလုပ်လုပ်သော်လည်း စပီကာများကို လဲလှယ်စရာမလိုဘဲ ထိုစနစ်ကို reset ချလိုက်ရုံသာရှိပါသည်။

ပါဝါပေးသောစနစ်ကို ဖြတ်တောက်လိုက်ပြီး ပြန်ဆက်သွယ်ရပါမည်။

ပါဝါခလုတ်ကို ပြန်ဖွင့်လိုက်သည်နှင့် စပီကာအားလုံး အသံပြန်ထွက်ပါမည်။

၄။ သရော်တယ်ပိုစစ်ရှင်းဆင်ဆာချို့ယွင်း

အင်ဂျင်မီး  (check engine light) လင်းနေပြီး အင်ဂျင်အဆွဲအရုန်းကြမ်းတမ်းလာခြင်းဖြစ်ပါသည်။

၂၀၀၉ မိုဒယ်နှင့် ၂၀၁၀ မိုဒယ် Hyundai Genesis ကို မိုင် ၂၅၀၀၀ ခန့်မောင်းနှင်ပြီးသည့်အခါ အဖြစ်များပါသည်။

ထိုသို့ဖြစ်ခြင်းသည် throttle position sensor ချို့ယွင်းခြင်း ဖြစ်သည့်အတွက်ကြောင့် အသစ်လဲလှယ်ခြင်းနှင့် Powertrain Control Module (PCM) ကို software upgrade ပြုလုပ်ရမည်ဖြစ်ပါသည်။

၅။ အချက်ပြသတိပေးသော စနစ်ချို့ယွင်း

၂၀၀၉ မိုဒယ်နှင့် ၂၀၁၀ မိုဒယ် Hyundai Genesis ၏ theft system alarm က အလုပ်မလုပ်တော့ခြင်း ဖြစ်ပါသည်။

ကားကို ရပ်ထားခဲ့စဉ်တွင် ကားတံခါးကို တစ်စုံတစ်ယောက်က လာဖွင့်ချိန်တွင် အချက်ပြသတိပေးသောစနစ် ဖြစ်ပါသည်။

ထိုစနစ်၏ အဖွင့်အပိတ်ခလုတ်မကောင်းသည့်အတွက် အလုပ်မလုပ်ခြင်း အဖြစ်များသောကြောင့် ခလုတ်အသစ်လဲလှယ်ရပါမည်။

အာရုံခံကိရိယာများ ချို့ယွင်းသည့်အတွက်အချက်မပြနိုင်ခြင်းလည်း ဖြစ်နိုင်ပါသည်။

၆။ ပါဝါစတီယာရင်မှ အသံမြည်ခြင်း

၂၀၀၉ မိုဒယ်နှင့် ၂၀၁၀ မိုဒယ် Hyundai Genesis ကို မိုင်တစ်သိန်းကျော် မောင်းနှင်ပြီးသည့်အခါ ပါဝါစတီယာရင်မှ အသံမြည်လာခြင်းမျိုး ဖြစ်တတ်ပါသည်။

ထိုအသံသည် Power Steering Pump နေရာမှ ထွက်ပေါ်လာခြင်း ဖြစ်ပါသည်။

ပါဝါဆီလမ်းကြောင်းများ ပိတ်ဆို့နေသည့်အတွက် အသံမြည်ခြင်းဖြစ်ပြီး ပိတ်ဆို့နေသော ဆီလမ်းကြောင်းများကို သန့်စင်ပေးပြီး ပါဝါဆီကို ပုံမှန်လည်ပတ်စီးဆင်းစေရမည်ဖြစ်ပါသည်။

 

Read 612 times