Hyundai Genesis Coupe


ကိုရီးယားအခြေစိုက်ဟွန်ဒေးကားကုမ္ပဏီမှ ထုတ်လုပ်သော အသစ်စက်စက် Hyundai Genesis Coupe မှာ လမ်းကြမ်းခရီးများတွင် ပြင်းထန်သောတုန်ခါမှုမရှိဘဲ သက်သောင့်သက်သာစီးနှင်းနိုင်မည်ဟု သိရသည်။

တောင်တက်ခရီးတွင် လွယ်ကူချောမွေ့အောင် မောင်းနှင်းနိုင်သော Hill-start assist အဆင့်မြင့်နည်းပညာပါရှိပြီး အဆင့်မြင့်ဘရိတ်စနစ်များသည်လည်းလုံခြုံစိတ်ချရကြောင်းသိရသည်။

Hyundai Genesis Coupe ကို ၂၀၀၈ ခုနှစ်မှစတင်ထုတ်လုပ်ခဲ့ပြီး ၂၀၀၉ မှ ၂၀၁၂ မော်ဒယ်အထိ ပထမမျိုးဆက်နှင့် ဒုတိယမျိုးဆက်ကို ၂၀၁၃ မှယခုချိန်ထိထုတ်လုပ်နေသည်ဟုသိရသည်။

ထိုကားတွင် 2.0 TCi တာဘိုအင်ဂျင်ကို အသုံးပြုထားပြီး လောင်စာအနေဖြင့် အောက်တိန်းကို အသုံးပြုထားကြောင်းသိရသည်။

အော်တိုဂီယာရှစ်ချက်ပြောင်းလဲအသုံးပြုနိုင်ပြီး မြင်းကောင်ရေ ၂၇၄ ကောင်အားရှိသည်ဟု သိရသည်။

ကိုယ်ထည်ဒီဇိုင်းမှာ အရှိန်နှင့်ပြေးထွက်တော့မည့် မြှားတစ်စင်းပုံစံမျိုးဖြင့် ဦးပိုင်းကိုရှူးထားပါသည်။

လေခွင်းအားကောင်းသော ဘေးနှစ်ဖက်လိုင်းကြောင်းများနှင့် ကိုယ်ထည်ကို ပုံဖော်ထားပါသည်။

ရှဲလ်ပေါ်မှာ ဟွန်းဒေး၏ logo တံဆိပ်တပ်ဆင်ထားပြီး ရှေ့မီးလုံးများကို အယ်လ်အီးဒီမီးများဖြင့် အလှဆင်ထားပါသည်။

သော့တံမလိုပဲ စမတ်ကီး ဆောင်ထားရုံဖြင့်အဖွင့်အပိတ်စနစ်လုပ်နိုင်သော Keyless entry စနစ်ပါဝင်သည်ကို တွေ့ရသည်။

အတွင်းခန်းအပူချိန်ကို အလိုအလျောက်ချိန်ညှိနိုင်သော Automatic Climate Control စနစ်ပါဝင်သည်။

အဆင့်မြင့် အော်ဒီယိုအသံစနစ်ပါရှိပြီး ယာဉ်၏ နောက်ပိုင်းတွင် အာရုံခံကိရိယာများတပ်ဆင်ထားသည်ကိုတွေ့ရပါသည်။

ထို့ပြင် အလိုအလျောက်ပါကင်ထိုးနိုင်အောင် ကူညီပေးသော Rear Parking Assist ပါရှိပါသည်။

ဂျီပီအက်စ်ပါရှိပြီး ခရီးစဉ်များအတွက် အနီးဆုံးလမ်းကြောင်းများကို ရှာဖွေပေးနိုင်သော တယ်လီမက်တစ် ယာဉ်လမ်းကြောင်းစနစ်ပါရှိသည်ကို တွေ့ရသည်။

မြန်နှုန်းမြင့်မောင်းနှင်သောအခါ အရှိန်လွန်ခြင်း၊ အကွေ့များတွင် လမ်းချော်ထွက်သွားပြီး တိမ်းမှောက်မှုမဖြစ်အောင် ယာဉ်၏တည်ငြိမ်မှုကို ကွန်ပျုတာစနစ်ဖြင့် ထိန်းချုပ်ပေးသော Electronic Stability Control(ESC) စနစ်ပါရှိပါသည်။

အဆင့်မြင့် ဘရိတ်စနစ်ဖြစ်သည့် Anti-lock Braking System(ABS), Electronic Brake Assist တို့ပါရှိပါသည်။

အသက်ကယ်လေအိတ် ခြောက်လုံးအထိပါရှိသောကြောင့် လုံခြုံစိတ်ချမှုရှိစေပါသည်။

ထိုကားဈေးနှုန်းမှာ ဒေါ်လာကိုးသောင်းသုံးထောင်တစ်ရာရှိနေကြောင်းသိရပါသည်။

Source: Kumudra journal

Read 2325 times