ကားအစီးရေ ၃ သန်း ပြန်လည်သိမ်းဆည်းခဲ့တဲ့ Hyundai နဲ့ KIA


ဇူလိုင်လတုန်းက ဗာဂျီးနီးယားမှ ဆယ်ကျော်သက်တစ်ဦးက သူ့ မိခင်ရဲ့ KIA Soul ကားကို မောင်းနှင်စဉ်မှာ မီးခိုးများ ထွက်လာတဲ့အတွက် ကားကိုရပ်ခဲ့ရပါတယ်။

အဲဒီနောက် ငါးမိနစ်အတွင်းမှာ ကားတစ်စီးလုံး မီးလောင်သွားပါတယ်။ ဒီလို ဖြစ်ရပ်မျိုးု ရာဂဏန်းခန့် ထပ်မံဖြစ်ပွားခဲ့တဲ့ အတွက် Hyundai နဲ့ KIA တို့ဟာ ကားပေါင်း ၃ သန်းခန့်ကို ပြန်လည် သိမ်းယူရတော့မှာ ဖြစ်ပါတယ်။

လုံခြုံရေး အဖွဲ့အစည်းတစ်ခုက ဒီလို သိမ်းယူဖို့ ပြောကြားလိုက်တာ ဖြစ်ပါတယ်။ အမေရိကန် လမ်းပန်းဆက်သွယ်မှု လုံခြုံရေး ဌာနကတော့ ဒီလိုလုပ်ဖို့ မညွှန်ကြားသေးပါဘူး။

လုံခြုံရေး အဖွဲ့အစည်းက ၂၀၁၁ ကနေ ၂၀၁၄ ခုနှစ် အတွင်းမှာ ထုတ်လုပ်တဲ့ Sorento, Optima, Sonata, Santa Fe Models အားလုံးနဲ့ ၂၀၁၀ ကနေ ၂၀၁၅ အတွင်း ထုတ်လုပ်တဲ့ KIA Souls အားလုံးကို ပြန်လည် သိမ်းယူဖို့ အလိုရှိနေပါတယ်။

အဲဒီ ကာလအတွင်းမှာ ထုတ်လုပ်တဲ့ အဲဒီ ကားအမျိုးအစားများဟာ စုစုပေါင်း ၂.၉ သန်းလောက် ရှိပါတယ်။

KIA ကတော့ တောင်းဆိုမှုများကို မတုန့်ပြန်သေးပါဘူး။ ဒါပေမယ့် Hyundai Motor America မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဒီပြဿနာဖြစ်ပွားမှုရဲ့ အရင်းအမြစ်ကို စစ်ဆေးတွေ့ရှိထားပြီး ပြန်လည် သိမ်းယူနေကြောင်းပြောပါတယ်။ Hyundai ဟာ ယခင်ကလည်း ဒီလို ဖြစ်ရပ်ကြောင့် ကားများကို နှစ်ကြိမ်တိုင် ပြန်လည် သိမ်းယူခဲ့ရဖူးပါတယ်။

၂၀၁၁ ကနေ ၂၀၁၂ အတွင်း ထုတ်ခဲ့တဲ့ Sonatas များကို ၂၀၁၅ ခုနှစ်နဲ့ ၂၀၁၃ ကနေ ၂၀၁၄ ခုနှစ်များမှာ ထုတ်ခဲ့တဲ့ Sonatas နဲ့ Santa Fe Sports များကို ၂၀၁၇ ခုနှစ်မှာ ပြန်လည်သိမ်းယူခဲ့ဖူးပါတယ်။

Read 693 times