အလိုအလျောက် အရေးပေါ်ဘရိတ်စနစ်ပါဝင်သော Hyundai Accent 2018


၂၀၁၈ မိုဒယ် Hyundai Accent ကားသစ်သည်  ဆီဒန်ကားအမျိုးအစားဖြစ်ပြီး မောင်းနှင်ရပိုမိုညက်ညောစတိုင်ကျစေရန် ခေတ်မီနည်းပညာမျိုးစုံ ထည့်သွင်းထားပါသည်။

အလိုအလျောက်အရေးပေါ်ဘရိတ်စနစ် အပါအဝင် အဆင့်မြင့် နည်းပညာများ အသုံးပြုထားသည့်အတွက် လုံခြုံစိတ်ချစေမည်ဖြစ်ပါသည်။

၂၀၁၈ မိုဒယ် Hyundai Accent ၏ ဈေးနှုန်းသည် အမေရိကန်ဒေါ်လာ ၂၅၉၀၀ ရှိပါသည်။

ဝယ်ယူသူများအတွက် သုံးနှစ် သို့မဟုတ် ကီလိုတစ်သိန်းအာမခံရရှိပါသည်။

Hyundai Accent သည် 1.4 L MPI ဓာတ်ဆီအင်ဂျင်ကို အသုံးပြုနိုင်ပြီး အော်တိုဂီယာခြောက်ချက် ပြောင်းလဲအသုံးပြုနိုင်သည့်အပြင် ဆလင်ဒါ လေးလုံးထိုးအင်ဂျင်ဖြစ်ပြီး မြင်းကောင်ရေ ၁၀၀ အားရှိပါသည်။

Hyundai Accent ၏ ရှေ့ဆန်ခါရှဲလ်အလယ်တွင် ဟွန်ဒေး၏ လိုဂို တံဆိပ် တပ်ဆင်ထားပါသည်။

ရှဲလ်၏ တစ်ဖက်စီက ရှေ့မီးလုံးများသည် အတွင်းဘက်ကို ရှည်လျားတပ်ဆင်ထားပါသည်။

နှင်းခွဲမီးလုံးများ ပါရှိသည့်အတွက် မိုးသည်းထန်သော အချိန်နှင့် မြူနှင်းထူထပ်သော အချိန်များတွင်ပါ ညပုံရိပ်များကို ပြတ်သားထင်ရှားစေပါသည်။

ယာဉ်နောက်ဘက်တွင် အာရုံခံကိရိယာလေးလုံးအထိပါရှိသည့်အတွက် ယာဉ်နောက်ဘက်က သက်ရှိသက်မဲ့အရာဝတ္တုများနီးကပ်လားလျှင် ကြိုတင်သိရှိနိုင်ပြီး ပါကင်ထိုးရာတွင်လည်း အထောက်အကူဖြစ်စေပါသည်။

အလက်ထရိုခရိုမစ် နောက်ကြည်မှန်လည်း ပါရှိပါသည်။

၁၆ လက်မ အလွိုင်းဝှီးများကို ကိုယ်ထည်နှင့် လိုက်ဖက်အောင် တပ်ဆင်ပေးထားပါသည်။

Back Camera Display စနစ်ပါရှိသည့်အတွက် ယာဉ်နောက်ပိုင်းက ပုံရိပ်မာျးကို တွေ့မြင်နိုင်ပြီး ပါကင်ထိုးရခြင်း လွယ်ကူစေသည်။

လည်သာထိုင်ခုံများ တပ်ဆင်ထားပြီး စိတ်ကြိုက်အနေအထား ထိန်းညှိနိုင်ပါသည်။

ဘလူးတုသ်နှင့် အလိုအလျောက် ချိတ်ဆက်စနစ်များ ပါရှိသည့်အတွက် ယာဉ်မောင်းနှင်နေရင်း ဖုန်းအသုံးပြုနိုင်ပါသည်။

သော့တံမလိုသော စမတ်ကီးစနစ်ပါရှိပြီး ခလုတ်နှင့် စက်နှိုးစက်သတ်ပြုလုပ်နိုင်ပြီး USB/ AUX ချိတ်ဆက်မှု စနစ်ပါရှိသည့်အပြင် စတီယာရင် ဗော်လျူးမ်ကွန်ထရိုးစနစ်လည်း ပါရှိပါသည်။

အဆင့်မြင့် ဘရိတ်စနစ်ဖြစ်သော Anti-Lock Braking System (ABS) ပါရှိသည့်အတွက် အရှိန်လွန်လမ်းချော်ခြင်း အကွေ့များတွင် တဖက်ဆွဲသွားခြင်းများ မဖြစ်ရန် ထိန်းချုပ်ပေးပါသည်။

နောက်ဘီးများသည် ဒစ် (disc) ဘရိတ်စနစ်များဖြစ်သည့်အတွက် အတိအကျ ရပ်တန့်နိုင်ပါသည်။

လုံခြုံရေးအတွက် ဟွန်းဒေး၏ အဆင့်မြင့်နည်းပညာများ ပါရှိပြီး အသက်ကယ်လေအိတ်နှစ်လုံးပါရှိပါသည်။

Hyundai Accent ကားသစ်ကို စတင်မိတ်ဆက်မည့် Hyundai Brand New ကားအရောင်းပြပွဲကြီးကို လာမည့် မတ်လ ၁၆ ရက်မှ ၁၈ ရက်နေ့အထိ ရန်ကုန်မြို့ မြန်မာပလာဇာတွင် ပြုလုပ်မည်ဖြစ်ပြီး ဟွန်ဒေးကားသစ်များကို ၂၀ ရာခိုင်နှုန်းလျှော့ဈေးနှင့် ရောင်းချပေးမည်ဖြစ်ပါသည်။

Read 814 times