Hyundai က လျှပ်စစ်မော်တော်ယာဉ် အစီအစဉ်အတွက် ဒေါ်လာ ၁၆ ဘီလျံ ရင်းနှီးမြှုပ်နှံမည်


Hyundai က လျှပ်စစ်မော်တော်ယာဉ် အစီအစဉ်အတွက် ဒေါ်လာ ၁၆ ဘီလျံ ရင်းနှီးမြှုပ်နှံမည်

တောင်ကိုရီးယားမှ မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်းကြီး Hyundai Motor က ကမ္ဘာ့လျှပ်စစ်ကားဈေးကွက်မှာ ဝေစု ၇% ရရှိအောင် လုပ်ဆောင်မယ့် အစီအစဉ်အတွက် အမေရိကန်ဒေါ်လာ ၁၆ ဘီလျံရင်းနှီးမြှုပ်နှံမယ်လို့Hyundai Motor ရဲ့ ဥက္ကဋ္ဌနှင့် စီအီးအို  Jaehoon Chang က ကုမ္ပဏီရဲ့ 2022 CEO Investor Day အွန်လိုင်းဖိုရမ်မှာထုတ်ပြန်ကြေညာခဲ့ပါတယ်။

ကမ္ဘာ့အီးဗီဈေးကွက် တန်ဖိုးက ၂၀၃၀ မှာ အမေရိကန်ဒေါ်လာ ၉၅၇ ဘီလျံ ဖြစ်လာမယ်လို့ Market Research Future ကခန့်မှန်းထားပါတယ်။ ယခုနှစ်မှစ၍ ကြီးထွားနှုန်း ၂၄.၅% ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ တောင်ကိုရီးယား ဘီလျံနာ Euisun Chung ဦးဆောင်တဲ့ Hyundai Motor က ကမ္ဘာ့အီးဗီဈေးကွက်ထဲ အရှိန်တင်ပြီး မောင်းနှင်နိုင်ဖို့ မျှော်လင့်ထားပါတယ်။

 

forbes.com

Read 1200 times