စင်ကာပူတွင် ဟိုက်ဒရိုဂျင်ဗင် စမ်းသပ် သုံးစွဲမည်


စင်ကာပူတွင် ဟိုက်ဒရိုဂျင်ဗင် စမ်းသပ် သုံးစွဲမည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

စင်ကာပူရှိ Spectronik သည် စီးပွားရေးလုပ်ငန်းသုံးယာဉ်များအတွက် ဟိုက်ဒရိုဂျင်ဗင်များကို စမ်းသပ်သုံးစွဲနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။

ဗင်သည် ခရီးတာ ကီလိုမီတာ ၅၀၀ အထိ သွားနိုင်မည်။ အမြန်ဆုံး အမြန်နှုန်းမှာ တစ်နာရီ ၄၄ ကီလိုမီတာ ဖြစ်သည်။ ကုန်တန်ချိန် ၁ တန်အထိ ပို့ဆောင်ပေးနိုင်သည်။ ဆီပြန်ဖြည့်ရန် ၅ မိနစ်ကြာသည်။


စင်ကာပူမှ လောင်စာဆဲလ် ဖွံ့ဖြိုးရေးလုပ်ငန်း  Spectronik သည် ဟိုက်ဒရိုဂျင်ဆဲလ်များဖြင့် မောင်းနှင်သည့် စီးပွားရေးလုပ်ငန်းသုံး ဗင်ကားကို ယခုနှစ်နှောင်းပိုင်းတွင် စတင်စမ်းသပ်ရန် ရည်မှန်းထားသည်။
စမ်းသပ်မှုသည် စီးပွားရေးလုပ်ငန်းသုံး မော်တော်ယာဉ်ကဏ္ဍတွင် ဟိုက်ဒြိုဂျင်လောင်စာ  သုံးစွဲနိုင်ကြောင်း သက်သေထူပြပြီး မှတ်ကျောက်တင်မည်ဟု Spectronik စီအီးအို Jogjaman Jap က ပြောကြားသည်။
 
ကုမ္ပဏီသည် စင်ကာပူ၏ လမ်းများပေါ်တွင် လောင်စာဆီဆဲလ်များဖြင့် မောင်းနှင်သော ဗင်ကားများနှင့် မီနီဘတ်စ်များကို ငါးနှစ်အတွင်း ရောက်ရှိရန် ရည်ရွယ်ထားသည်။


Source Asia nikkei 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 222 times