Hybrid ကားများရဲ့ အားသာချက်၊ အားနည်းချက်


Hybrid (ဟိုက်ဘရစ်) ကားဆိုတာ ယာဉ်ရွေ့လျားဖို့အတွက် အင်ဂျင်နည်းပညာနှစ်မျိုး (စွမ်းအင်နှစ်မျိုး) သုံးထား တဲ့ ကားတွေဖြစ်ပြီး များသောအားဖြင့် ပုံမှန်လောင်စာဆီသုံးအင်ဂျင်တစ်လုံးနဲ့ ဘက်ထရီပါဝါသုံး မော်တာစနစ်တွေ ပါဝင် လေ့ရှိတယ်။

ဟိုက်ဘရစ်ကားတွေက စွမ်းအင်နှစ်မျိုးသုံးတာကြောင့် ဆီစားနှုန်းသက်သာသလို ညစ်ညမ်းဓာတ်ငွေ့ထုတ် လွှတ်မှုနည်းတာကြောင့် သဘာဝဝန်းကျင်ထိခိုက်မှုကို အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးနိုင်စွမ်းရှိတယ်။ ပြည်တွင်း များလည်း ဟိုက်ဘရစ်ကားစီးနင်းသူတွေလည်း တစ်နေ့တစ်ခြား တိုးပွားနေပါတယ်။ ဒီကားတွေရဲ့ အကျိုးအပြစ်တွေကို သိရစေဖို့ ဟိုက်ဘရစ်ကားတွေရဲ့ အားသာချက်၊ အားနည်းချက်တွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။


အားသာချက်များ

- ဟိုက်ဘရစ်ကားတွေက ဆီစားနှုန်းသက်သာအောင် ဘယ်လိုမောင်းနှင်ရမလဲဆိုတာ သင်ပြပေးနိုင်ပါတယ်။ ဟိုက်ဘရစ် ကားအများစုရဲ့ ဒက်ရှ်ဘုတ်စခရင်မ်မှာ လက်ရှိမောင်းနှင်နေတဲ့ မိုင်နှုန်း၊ အင်ဂျင်လည်ပတ်အား စတာတွေတင်မကဘဲ လက်ရှိအမြန်နှုန်းနဲ့ပတ်သက်တဲ့ ဆီစားနှုန်းတွေကိုပါ ဖော်ပြပေးတယ်။

တစ်ချို့ကားတွေဆိုရင် ဘရိတ်အုပ်လိုက်ချိန် မှာ လေလွင့်သွားမယ့်စွမ်းအင်တွေကို ပြန်လည်ထိန်းသိမ်းပြီး ချာဂျင်ပြန်ဖြည့်တာမျိုး အတိုင်းအတာတွေအထိ ဖော်ပြ ပေးနိုင်စွမ်းရှိတယ်။ အရှိန်အတိုးအမြှင့်လုပ်ရာမှာ ငြင်သာမှုရှိရင် ကားတွေရဲ့ ဆီစားနှုန်းက သက်သာလေ့ရှိပါတယ်။

- ဟိုက်ဘရစ်ကားတွေက မြို့ပြနဲ့ လိုက်ဖက်မှုရှိပါတယ်။ ဟိုက်ဘရစ်ကားတွေရဲ့ စွမ်းအင်နှစ်မျိုးအသုံးချနိုင်စွမ်းရှိတာ ကြောင့် mpg (mile per gallon - ဆီတစ်ဂါလံကို သွားနိုင်တဲ့မိုင်နှုန်း) ပိုများပြီး ဒီအချက်က ဟိုင်းဝေးလမ်းတွေထက် မြို့ပြဧရိယာတွေမှာ မောင်းနှင်တဲ့အခါ အကျိုးသက်ရောက်မှုပိုရှိတယ်။

ဆီစားနှုန်းသက်သာတဲ့ ကားတစ်စီးရဲ့ mpg ဟာ တစ်နာရီကို 22 ရှိရင် ဟိုက်ဘရစ်ကားတွေရဲ့ ဆီစားနှုန်းက ဒီ့ထက် နှစ်ဆသက်သာလို့ 44mpg လောက်အထိ ရ နိုင်ပါတယ်။ တစ်ချို့ကားတွေဆိုရင် 48mpg (ဆီတစ်ဂါလံကို ၄၈ မိုင်) နှုန်းအထိတောင် ဆီစားသက်သာပါတယ်။

- ဟိုက်ဘရစ်ကားတွေက နည်းပညာမြင့်မားပြီး အသံတိတ်ဆိတ်မှုလည်း ရှိပါတယ်။ စွမ်း ဆောင်ရည်မြင့်ပြိုင်ကားတွေမ ဟုတ်ပေမယ့် ဟိုက်ဘရစ်ကားအများစုမှာ သဘောကျစရာကောင်းတဲ့ လုပ်ဆောင်ချက်တွေ ပါဝင်ပါတယ်။ Toyota Prius ဟိုက်ဘရစ်လို ကားမျိုးတွေမှာ လိမ်အား (Torque) ကို 0rpm ကနေ ဖြည်းဖြည်းချင်း တိုးယူပေးနိုင်တဲ့ လျှပ်စစ် မော်တာတွေ ပါဝင်ပြီး ရပ်နားထားရာကနေ မောင်းထွက်တဲ့အခါ ငြင်သာစွာ ရွေ့လျားသွားစေတယ်။

မောင်းနှင်သူအ နေနဲ့ အဆင့်မြင့် အီလက်ထရောနစ်ယန္တရားတစ်ခုကို ထိန်းချုပ်နေသလိုမျိုး ခံစားရစေပါတယ်။ ကားစတင်ရွေ့လျား ချိန် လျှပ်စစ်မော်တာကို သုံးနေချိန်မှာ အသံတိုးတိတ်လွန်းတာကြောင့် ကားက ကုန်းဆင်းကနေ လိမ့်သွားတယ်လို့ တောင် ထင်ရတယ်။

- ဟိုက်ဘရစ်ကားတွေရဲ့ အင်ဂျင်က အမြဲလိုလို အရံသင့်မောင်းနှင်ဖို့ အသင့်ဖြစ်နေတတ်ပါတယ်။ Toyota Prius နဲ့ ဥပမာပြန်ပေးရရင် ဒီကားမှာ Coolant အရည်တွေကို (ဓာတ်ဗူးနဲ့ အလားတူ တဲ့) ယူနစ်တစ်ခုမှာ သိမ်းဆည်းပေးထားတယ်။ အကျိုးဆက်အနေနဲ့ အေးမြတဲ့ဒေသတွေမှာ အင်ဂျင်စွမ်းအားနဲ့ မောင်းနှင်ရတဲ့အခါ အင်ဂျင်ထိခိုက်မှုဖြစ်ခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။ ပုံမှန်လောင်စာဆီသုံးကားတွေမှာ အင် ဂျင်အေးနေတဲ့အချိန် စက်နှိုးမောင်းနှင်ရင် ကျန်တဲ့အချိန်တွေထက် အင်ဂျင်ပွန်းစားမှု ပိုဖြစ်လေ့ရှိပြီး ဟိုက်ဘရစ်ကား တစ်ချို့မှာတော့ ဒီအချက်ကို ပူစရာမလိုပါဘူး။

- ဟိုက်ဘရစ်ကားတွေအတွက် စွမ်းအင်ထုတ်ပေးရာမှာ ဒုတိယမြောက်အရေးအကြီးဆုံးဖြစ်တဲ့ ဘက်ထရီတွေကလည်း အသုံးပိုခံလာပါပြီ။ ဟိုက်ဘရစ်ကားတွေနဲ့ ပတ်သက်လာရင် လူတစ်ချို့က ဘက်ထရီဈေးနှုန်းကိုကြည့်ပြီး ရွေးချယ်စီး နင်းဖို့ရာ လက်ရှောင်လေ့ရှိပါတယ်။ တိုးတက်ထွန်းကားလာတဲ့ နည်းပညာတွေရဲ့ အကျိုးပြုမှုကြောင့် ဘက်ထရီတွေ က ကြာရှည်အသုံးခံလာပြီး တစ်ချို့မော်ဒယ်လ်တွေမှာ မူလ Original ဘက်ထရီကို မိုင်နှစ်သိန်းအထိ သုံးလို့ရတာမျိုး တွေလည်း ရှိနေပါပြီ။ ဒါ့အပြင် အပိုဘက်ထရီတွေရောင်းချတဲ့အခါ မိုင်တစ်သိန်းအထိ အာမခံပေးတာတွေကိုလည်း တွေ့ရပါတယ် - မူရင်းထုတ်လုပ်တဲ့ ကုမ္ပဏီကနေ ဝယ်သုံးဖို့တော့လိုတယ်။


- သီအိုရီအရ ဟိုက်ဘရစ်ကားတွေဟာ ပြုပြင်ထိန်းသိမ်းရတဲ့စရိတ် ပိုနည်းနိုင်ချေရှိပါတယ်။ ဟိုက်ဘရစ်ကားတွေရဲ့ စွမ်း ဆောင်ရည်နဲ့ အသုံးခံနိုင်စွမ်းက ပုံမှန်လောင်စာဆီကားတွေနီးပါး ဖြစ်လာပါပြီ။ ဒါ့အပြင် အင်ဂျင်ကို တစ်ချိန်လုံး သုံး နေတာမျိုးမဟုတ်တဲ့အတွက် ပြုပြင်ထိန်းသိမ်းမှုလုပ်ဖို့ အကုန်အကျနည်းနိုင်တယ်။ ပုံမှန်ကားတွေမှာ မိုင်သုံးထောင် (အဆင့်မြင့်ကားတွေမှာ မိုင်ငါးထောင်) ကျော်မောင်းပြီးရင် အင်ဂျင်ဝိုင်ပြန်စစ်၊ ပြန်ဖြည့်၊ ပြန်လဲဖို့လိုပေမယ့် ဟိုက်ဘ ရစ်ကားတွေမှာ အင်ဂျင်အသုံးပြုချိန် ပိုနည်းတာကြောင့် အင်ဂျင်ဝိုင်ပြန်လဲရတဲ့အချိန်လည်း ပိုကြာတတ်ပါတယ်။ တစ် ခုရှိတာက ပုံမှန်ကားတွေလို အင်ဂျင်ဝိုင်နဲ့ တခြားအရည်တွေကို ပုံမှန်စစ်ဆေးပေးဖို့တော့ လိုပါတယ်။


အားနည်းချက်များ

- ဟိုက်ဘရစ်မော်ဒယ်လ်တွေက ပုံမှန်မော်ဒယ်လ်တွေထက် ဈေးပိုကြီးပါတယ်။ ဒီလိုဈေးကြီးရတဲ့ အကြောင်းရင်းတွေက လောင်စာဆီဈေးနှုန်းမြင့်တက်လာမှုနဲ့ ဈေးကွက်အတွင်း အရောင်းသွက်မှုတို့ကြောင့်ပါ။ တစ်ခါတစ်ရံ ဟိုက်ဘရစ်မော် ဒယ်လ်ဟောင်းတစ်စီးက နောက်ဆုံးပေါ် ပုံမှန်လောင်စာကားမော်ဒယ်လ်နီးပါး ဈေးပေးရလေ့ရှိတယ်။ ဒါ့အပြင် နောက် ထပ်အားနည်းချက်တစ်ခုက ဟိုက်ဘရစ်ကားတွေမှာ ခုံသုံးတန်းပါ၊ မိသားစုစီးကားမျိုး ရှားသေးပါတယ်။ Toyota က Highlander SUV ကို ဟိုက်ဘရစ်ဗားရှင်းနဲ့ ထုတ်ပေးထားပေမယ့် ပုံမှန်ဟိုက်ဘရစ်တွေလောက် ဆီစားနှုန်းမသက် သာပါဘူး။

- ဟိုင်းဝေးခရီးရှည်မောင်းတဲ့အခါ ဟိုက်ဘရစ်ကားတွေရဲ့ လောင်စာဆီချွေတာနိုင်စွမ်း ကျဆင်းသွားပါတယ်။ တစ်နာရီမှာ ကီလိုတစ်ရာနှုန်းလောက်နဲ့ မောင်းရတဲ့ ဟိုင်းဝေးခရီးတွေနှင်ရတဲ့အခါ 44mpg လောက်ရှိတဲ့ ဟိုက်ဘရစ်ကားရဲ့ ဆီ စားနှုန်းက 40mpg အောက်အထိ ကျသွားလေ့ရှိတယ် - ဆီစားနှုန်း ပိုများလာလေ့ရှိတယ်။ ဆီစားနှုန်း ဒီလောက်ကျ သွားတာက အပြစ်တစ်ခုလို့ သတ်မှတ်လို့မရပေမယ့် ဒီနှုန်းကို အမီလိုက်နိုင်တဲ့ ဒီဇယ်ကားတွေ၊ ဓာတ်ဆီကားငယ်တွေ အများကြီးရှိပါတယ်။

- ဟိုက်ဘရစ်ကားတွေရဲ့ နည်းပညာက တစ်ခုနဲ့တစ်ခု မတူတာကြောင့် အကျိုးပြုနိုင်စွမ်းတွေ ကွာခြားသွားတယ်။ ဥပမာ - Honda Insight က ဟိုက်ဘရစ်ကားဆိုပေမယ့် ကားရပ်လိုက်လို့ လောင်စာအင်ဂျင်ရပ်သွားတာနဲ့ လျှပ်စစ်မော်တာ သီးသန့်ချည်းနဲ့ပဲ ကားပြန်မောင်းလို့ မရတဲ့အပြင် အင်ဂျင်ရပ်နေတဲ့အချိန်မှာ ဒီကားရဲ့ အဲယားကွန်း လေအေးပေးစ နစ်လိုမျိုးတွေက အလုပ်မလုပ်ပါဘူး။ ဒီလိုဟိုက်ဘရစ်မျိုးတွေကို Mild Hybrid (စွမ်းဆောင်ရည် အရမ်းမကောင်းတဲ့ ဟိုက်ဘရစ်) တွေလို့ သတ်မှတ်ထားပါတယ်။ အားသာချက်အနေနဲ့ လောင်စာဆီသုံးသာမန်ကားတွေထက်တော့ ဆီ စားနှုန်းသက်သာတယ်။

- ဟိုက်ဘရစ်ကားတွေမှာပါတဲ့ ဘက်ထရီက ပါဝါထုတ်ပေးနိုင်စွမ်း နည်းပါသေးတယ်။ Honda Insight လို မဟုတ်ဘဲ အင်ဂျင်ရပ်နေချိန်မှာ Accessory တွေအတွက် ဘက်ထရီပါဝါကို သုံးတဲ့ကားတွေမှာ ဘက်ထရီသက်တမ်းကုန်သွားရင် ပြဿနာရှိပါတယ်။ ဥပမာ - Prius ဟိုက်ဘရစ်လို ကားမျိုးတွေပါ။ ဒီကားတွေမှာ အတွင်းခန်းမီးကို မပိတ်မိတာလို အ မှားမျိုးလုပ်မိရင် နောက်နေ့မနက်မှာ ကားစက်နှိုးလို့မရတာမျိုးနဲ့ ကြုံတွေ့ရပါလိမ့်မယ်။ ဒီအတွက် Prius လို ဟိုက်ဘ ရစ်မျိုးကို အသုံးပြုသူတွေက ဘက်ထရီအပိုတွေ ဆောင်ထားလေ့ရှိပါတယ်။
Source:Drive Magazine Myanmar


 

Read 1429 times