ကျပ် ၉၃ သိန်းဖြင့် Hybrid ကားသစ်များ မကြာခင်ဝယ်ယူနိုင်တော့မည်


တရုတ်-မြန်မာ ချစ်ကြည်ရေးအဖြစ် တရုတ်နိုင်ငံ အဆင့်မြင့်နည်းပညာနဲ့ မြန်မာကုပ္မဏီတို့ ပူးပေါင်းပြီး အဆင့်မြင့် Hybrid(ဘက်ထရီ) ကားများကို ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်ရှိ သာဓုကန်စက်မှုဇုံတွင် မော်တော်ယာဉ်များ စတင်ထုတ်လုပ်နေပြီဖြစ်ကြောင်း သိရပါတယ်။

လက်ရှိတွင် KSD-V1 အမျိုးအစားကား အစီးရေ ၁၀၀ ကျော်ထုပ်လုပ်ထားပြီး မတ်လမကုန်မီ က.ည.န လိုင်စင်များ ရရှိတော့မည်ဖြစ်ကြောင်း ကားစက်ရုံ၏ မန်နေဂျင်းဒါရိုက်တာက သတင်းမီဒီယာများနှင့် မတ် ၄ ရက်က အဆိုပါစက်ရုံတွင် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ တစ်ရက်လျှင် ကားအစီး ၄၀ ထုတ်လုပ်သွားရန် စီစဉ်ထားပြီး မြန်မာအစိုးရအနေနဲ့ ကားတာယာများကို ကူညီပေးကြောင်း ဆက်လက်ပြောကြားခဲ့ပါတယ်။

KSD- V1 အမျိုးအစားသည် ငါးယောက်စီးဖြစ်ပြီး တစ်နာရီလျှင် အမြန်နှုန်း ၅၀ ကီလိုမီတာဖြင့် မောင်းနှင်နိုင်မှာဖြစ်ပါတယ်။ လစ်သီယမ်ဘက်ထရီအမျိုးအစားကို အသုံးပြုထားပြီး အင်ဂျင်ပါဝါ ၂၀၀ စီစီ ရှိကာ ဘက်ထရီအား ပုံမှန်အနေအထားရှိပါက ၅၅ ကီလိုမီတာသွားနိုင်ပြီး အားပြည့်နေလျှင် ကီလိုမီတာ ၁၀၀ အကွာအဝေးကို တစ်ဆက်တစ်စပ်တည်း သွားနိုင်ကြောင်း သိရပါတယ်။ အဆိုပါကားအမျိုးအစားအတွက် မြန်မာငွေ ၉၃ သိန်းကျမည်ဖြစ်ကာ ဘတ်ထရီအာမခံ တစ်နှစ်ခွဲပေးထားကြောင်း သိရပါတယ်။

နောက်ထပ် ကားအမျိုးအစားတစ်ခုမှာ KSD-V2 အမျိုးအစား ငါးယောက်စီးဖြစ်ပြီး အင်ဂျင်ပါဝါ ၈၀၀ စီစီ ရှိကာ ပုံမှန်မြန်နှုန်း ၉၀ အထိ မောင်းနှင်နိုင်ပြီး ပုံမှန်တစ်နာရီ လျှင် ၅၅ ကီလိုမီတာ မြန်နှုန်းမြင့် မောင်းနှင်နိုင်ပြီး ဘက်ထရီအားပြည့်ချိန်တွင် ကီလိုမီတာ ၈၀၀ မောင်းနှင်နိုင်ကြောင်း သိရပါတယ်။ KSD-V2 အတွက် ၁၃၉ သိန်း ကျသင့်မည်ဖြစ်ပြီး ဘက်ထရီအာမခံကတော့ ငါးနှစ်ရရှိမှာ ဖြစ်ပါတယ်။

ဘက်ထရီကားများကို ထုတ်လုပ်ရခြင်းမှာ ရန်ကုန်မြို့တွင်း လေထုညစ်ညမ်းမှုလျော့ချကာ ပတ်ဝန်းကျင် သန့်ရှင်းသာယာစေရန်နှင့် စွမ်းအင်ကိုလည်း ချွေတာနိုင်စေရန် ရည်ရွယ်ကြောင်း သိရှိရပါတယ်။

ယင်းလျှပ်စစ်ကားများကို ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် သာဓုကန် စက်မှုဇုန် အပိုင်း(၃/၄) အမှတ် ၇၉/၈၀ တွင် မြန်မာနိုင်ငံစက်ရုံအဖြစ်တည်ကာ ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ ထိုကား စက်ရုံကြီး တည်ဆောက် ထုတ်လုပ်သွားမည့်အတွက် ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေကာ ကားထုတ်လုပ်မှုနှင့် ပတ်သက်သည့် နည်းပညာ ကျွမ်းကျင်ဝန်ထမ်းများ မွေးထုတ်ပေးနိုင်တော့မှာလည်း ဖြစ်ပါတယ်။ ထို New Energy Car (Hybrid) လျှပ်စစ် (ဘက်ထရီ)ကားများကို မြန်မာနိုင်ငံတွင် စတင်ထုတ်လုပ်မှုသည်လည်း ပထမဆုံးဖြစ်ပါတယ်။

Credit;popolay

Read 689 times