ဓာတ်ဆီ-လျှပ်စစ် ဟိုက်ဘရစ်ကားတွင် အဓိက ပါဝင်သော အစိတ်အပိုင်းများနှင့် အားသာချက်များ


သာမာန်ကားများထက် နည်းပညာမြင့်မားပြီး ဆီစားနှုန်း အထူးသက်သာသော၊ ပြင်ဆင်စရိတ် နည်းပါးသော အားသာချက်များသည် ဟိုက်ဘရစ်ကားများကို နာမည်ကျော် လူကြိုက်များ စေခြင်း ဖြစ်သည်။

ထို့ ပြင် ဟိုက်ဘရစ်ကားသည် Emission ထုတ်လွှတ်မှု အနည်းဆုံးဖြစ်ပြီး လေထုညစ်ညမ်းမှု အသက်သာဆုံး ကား ဖြစ်သည်။

Hybrid ကားဆိုသည်မှာ I.C. E အင်ဂျင် အသေးတစ်လုံးနှင့် လျှပ်စစ်မော်တာ တစ်လုံး ပူးတွဲပါဝင်ပြီး ပါဝါစွမ်းအားကို နည်းလမ်း (၂) မျိုးဖြင့် အမြင့်မားဆုံး ရရှိစေသော ကားအမျိုးအစား ဖြစ်သည်။

Hybrid ကား၏ထူးခြားချက်မှာ လောင်စာဆီ စားနှုန်း သက်သာသဖြင့် Fuel Economy ဖြစ်သည်။

ဖန်လုံအိမ် အာနိသင်ကို ဖြစ်ပေါ်စေသော ကာဗွန်ထုတ်လွှတ်မှု သိသာစွာ လျော့နည်းသွားပြီး သဘာ၀ ပတ်ဝန်းကျင်အတွက် မိတ်ဖက်ဖြစ်သော Green Car ဖြစ်သည်။

ဓာတ်ဆီ-လျှပ်စစ် ဟိုက်ဘရစ်ကားတွင် အဓိက ပါဝင်သော အစိတ်အပိုင်းများ

(၁) ဓာတ်ဆီအင်ဂျင်

သာမန် ဓာတ်ဆီကား အင်ဂျင်ထက် ပိုမို သေးငယ်သည်။ အဆင့်မြင့်နည်းပညာများ ကို အသုံးချထား၍ ဆီစားသက်သာ ပြီး Emission ထုတ်လွှတ်မှု နည်းသည်။

(၂) Fuel Tank

ဓာတ်ဆီအင်ဂျင်အတွက် ဆီသိုလှောင်ကန် ဖြစ်သည်။ ဓာတ်ဆီသည် ဘက်ထရီထက် စွမ်းအင် သိပ်သည်းဆ ပိုများသည်။

(၃) Electric Motor

ဟိုက်ဘရစ်ကားမှ လျှပ်စစ်မော်တာသည် ဆန်းပြား ရှုပ်ထွေးသည်။ မော်တာထိန်းချုပ်မှုကို ကွန်ပျူတာက ဆောင်ရွက်သည်။

(၄) Batteries

ဟိုက်ဘရစ် ကားသုံး ဘက်ထရီသည် လျှပ်စစ်စွမ်းအင် ပမာဏများများ သိုလှောင်နိုင်ရမည်။

(၅) Transmission

ဟိုက်ဘရစ်ကားသုံး Transmission စနစ်သည် သာမန်ကားများ ကဲ့သို့ဖြစ်ပြီး တချို့သော ဟိုက်ဘရစ် အမျိုးအစား ကားများသည် သာမန်ထက်ထူးခြားစွာ တည်ဆောက်ထားသည်။

ဟိုက်ဘရစ်ကားများ၏ အားသာချက်များ

ဟိုက်ဘရစ်ကားများ၏ ကောင်းမွန်သော အကျိုးကျေးဇူးများကြောင့် နှစ်စဉ်နှစ်တိုင်း လူကြိုက်ပိုများ လာသည်။

နောက်ဆုံးပေါ် Hybrid ကားများသည် နည်းပညာ ပိုမိုမြင့်မား လာသဖြင့် လောင်စာဆီ ကုန်ကျစရိတ် အလွန်သက်သာပြီး ပြုပြင်ထိန်းသိမ်းမှု စရိတ်ကလည်း နည်းပါးသည်။

ရေဖြင့်ပင်မောင်းနိုင်သော Water Hybrid ကားများ ပင်ပေါ်ပေါက်နေပါပြီ။ ရေကိုပြိုကွဲစေလျှင် ရေဓာတ်ငွေ့ HHO ထွက်သည်။

ပြိုကွဲသွားသော ရေသည် ဟိုက်ဒဂြိုဂျင်နှင့် အောက်ဆီဂျင် ဓာတ်ငွေ့သာ ဖြစ်ပြီး  ဟိုက်ဒြိုဂျင်ကို ဓာတ်ဆီနှင့်တွဲဖက်၍ အင်ဂျင်လည်ပတ်ရန် လောင်စာအဖြစ် အသုံးပြုနိုင်သည်။

(က) ပတ်ဝန်းကျင်ထိခိုက်မှု နည်းပါးခြင်း

ဟိုက်ဘရစ်ကားများသည် မီးခိုးမြူများ ထုတ်လွှတ်မှုနည်းပါးသဖြင့် လေထုညစ်ညမ်းမှု လျော့ချနိုင်သည်။

အမေရိကန်ပတ်ဝန်းကျင် ထိန်းသိမ်းရေး အေဂျင်စီ (EPA) က ဟိုက်ဘရစ်ကားများကို လေထုညစ်ညမ်းမှု အနည်းဆုံးအတွက် အမြင့်ဆုံး Score အမှတ် (၁၀) တွင် (၉) မှတ်ပေးထားသည်။

(ခ) ဆီစားနှုန်း သက်သာခြင်း

ဟိုက်ဘရစ်ကားတွင် စွမ်းအင် လေလွှင့်ဆုံးရှုံးမှု နည်းပါး၍ ဆီတစ်ဂါလန်မိုင်နှုန်း မြင့်မားသည်။

(ဂ) သန့်ရှင်းသောလောင်စာ သုံးစွဲနိုင်ခြင်း

ဟိုက်ဒြိုဂျင် ဟိုက်ဘရစ်ကား များသည် Fuel Cell ကားများကဲ့သို့ သန့်ရှင်းသော ဟိုက်ဒြိုဂျင်လောင်စာ ကိုသုံးနိုင်သည်။

(ဃ) ပြုပြင်ထိန်းသိမ်းစရိတ် နည်းပါးခြင်း

ပြင်ဆင်စရိတ်သက်သာ၍ ကားပိုင်ရှင်များ သဘောကျသည်။

(င) စွမ်းဆောင်ရည်မြင့်မားခြင်း

ဟိုက်ဘရစ်ကားများ၏ စွမ်းဆောင်ချက် (Performance) သည် Level တူ အခြား ကားများထက် သာလွန်ပြီး တောင်တက်လမ်းများ တွင် ဟိုက်ဘရစ်ကားက ပို၍ကောင်းသည်။

ဖွံ့ဖြိုးပြီးနိုင်ငံများတွင် မော်တော်ကားများ၏ ဆီစားနှုန်း သက်သာရေးကို မူဝါဒချမှတ်၍ ဦးစားပေး ဆောင်ရွက်လျက်ရှိသည်။

ကမ္ဘာကြီးပူနွေးလာမှုနှင့် လေထုညစ်ညမ်းမှု ကာကွယ်ရေးအတွက် လျှပ်စစ်ကားများ၊ ဆိုလာကားများ၊ ဟိုက်ဘရစ်ကားများ တိုးပွားလာရေးအတွက် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းစီမံ ဆောင်ရွက်လျက် ရှိနေပါသည်။

Read 5416 times