ဟိုက်ဘရစ်ကားဆိုသည်မှာ အင်ဂျင်ပါဝါစွမ်းအားနှင့် လျှပ်စစ်မိုတာစွမ်းအားနှစ်မျိုးပူးတွဲပေါင်းစပ်မောင်းနှင်သော ကားအမျိုးအစားဖြစ်ပါသည်။
I.C.E (Internal Combustion Engine) နှင့် လျှပ်စစ်မိုတာများ ပူးပေါင်းတပ်ဆင်ထားပြီး သာမန် အင်ဂျင်တစ်မျိုးတည်းသုံး ကားများထက် ဆီစားနှုန်း သိသာစွာ အထူးသက်သာသောကားမှာ ဟိုက်ဘရစ်ကားဖြစ်သည်။
ထိုဟိုက်ဘရစ်ကားများထဲမှ မြန်မာနိုင်ငံတွင် လက်ရှိအသုံးပြုနေသော ဟိုက်ဘရစ်ကားများကို ဖော်ပြပေးလိုက်ပါသည်။
Toyota Prius
တိုယိုတာဒုတိယမျိုးဆက်ဖြစ်သော Toyota Prius ကားဘက်ထရီတွင် Panasonic နီကယ်မက်တယ် ဟိုက်ဒရိုက် Module ပေါင်း ၂၈ ခု ပါဝင်သည်။
Cell တစ်ခုသည် 1.2 Volt ရှိပြီး မော်ကျူးတစ်ခုတွင် Cell ခြောက်ခုပါဝင်၍ မော်ကျူးပေါင်း ၂၈ ခုအတွက် 1.2×6×28=201.6V ထွက်ရှိပါသည်။
ထိုဘက်ထရီ မော်ကျူးများကို အားလုံးပေါင်းစပ်ပြီး ကားထိုင်ခုံနောက်ဘက် ကြမ်းခင်းအောက်တွင် သိမ်းဆည်းထားပါသည်။
ဘက်ထရီအလေးချိန် ၅၃ ဒသမ ၃ ကီလိုဂရမ်မျှသာ ရှိပါသည်။
ဘက်ထရီမှ ပါဝါစွမ်းအား 20 kw ထုတ်သုံးလိုက်ပါက သွင်းထားသော စွမ်းအင်ပါဝါ ၅၀ ရာခိုင်နှုန်းကိုသာ သုံးစွဲခြင်း ဖြစ်ပါသည်။
NiMH ဘက်ထရီ၏ သဘာဝသည် အပူချိန်မြင့်တက်လျှင် ဘက်ထရီ၏ လျှပ်စစ်ပါဝါထုတ်လုပ်နိုင်မှု ၅၀ ရာခိုင်နှုန်းတိုးလာပြီး အပူချိန်နိမ့်ကျသွားလျှင် ပါဝါထုတ်လုပ်နိုင်မှုစွမ်းလည်း
ကျဆင်းသွားပါသည်။
Toyota Highlander
နီကယ်မက်တယ် ဟိုက်ဒရိုက် (NIMH) ဘက်ထရီကို Toyota Highlander ကားနှင့် Lexus Rx 400h မိုဒယ်ကားများတွင် သတ္တု Casing ဖြင့် ထုပ်ပိုးထားပါသည်။
Cell ပေါင်း ၂၄၀ ပါဝင်ပြီး Cell တစ်ခုလျှင် 1.2 Volt ဖြင့်တွက်ချက်ပါက ဗို့အား 288 Voltage ထွက်ရှိပါသည်။
Boost Converter တစ်မျိုးဖြင့် 288 Volt အားကို ထပ်မံမြှင့်တင်ပါက ဗို့အား 500 V ရှိသော High Voltage ကို ဖန်တီးနိုင်ပါသည်။
ဘက်ထရီအားသွင်းခြင်း၊ အားပြန်ထုတ်သုံးခြင်းဖြစ်စဉ်များတွင် အပူပမာဏများများ ထွက်ရှိတက်၍ အပူလွန်ခြင်းမှ ကာကွယ်နိုင်ရန် မော်ကျူးတိုင်းတွင် Own Monitoring နှင့် Cooling Control System များပါဝင်ပါသည်။
ဘက်ထရီထုပ်ပိုးမှုကို နောက်ထိုင်ခုံအောက်နားတွင် သိမ်းဆည်းထားရှိပါသည်။
Honda Insight Hybrid
Honda Insight တွင် ဘက်ထရီထုတ်ပိုးမှုကို Panasonic Cell ပေါင်း ၁၂၀ ဖြင့် ဖွဲ့စည်းတည်ဆောင်ထားပါသည်။
ဘက်ထရီမှ ထုတ်လုပ်သောဗို့အားသည် 144 Volt ရှိပြီး ဘက်ထရီများကို ကားနောက်ပိုင်း ပစ္စည်းတင်ဆောင်သောနေရာ ကြမ်းပြင်အောက်တွင် ထားရှိပါသည်။