Hybrid Ca‌r တွေရဲ့သမိုင်းကဘာလဲ?


 

Hybrid Car ဆိုတာ မိုဒယ်သစ်တွေထဲက တစ်မျိုးလိုပဲ လူအများက ထင်ကြပေမဲ့၊ ဒီHybrid car ideaဟာ  နှစ် 100 ကျော်ကတည်းက ရှိခဲ့ပါတယ်။ ၁၉၀၀ ခုနှစ်မှာ Ferdinand Porsche က “Mixte” လို့ခေါ်တဲ့ ကားကို တီထွင်ခဲ့ပြီး ဓာတ်ဆီအင်ဂျင်က ထုတ်တဲ့ energyကို မော်တာတွေမှာ တိုက်ရိုက်ပေးသုံးတဲ့ ပထမဆုံး Hybrid အမျိုးအစား ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်ဟာ ဓာတ်ဆီကားတွေ ပိုဈေးသက်သာပြီး ထုတ်လုပ်ရလည်းလွယ်ကူတာကြောင့် Hybrid နည်းပညာက အကောင်အထည်မဖော်နိုင်ခဲ့ပါဘူး။

နောက်ပိုင်း ၂၀ ရာစုအကုန်လွန်ပိုင်းမှာ လောင်စာဈေးကြီးလာခြင်းနဲ့ ပတ်ဝန်းကျင်ထိခိုက်မှုတွေ ကြောင့် Hybrid Car တွေကို Manufacturingလုပ်ဖို့ ပြန်စဉ်းစားလာကြပါတယ်။ ၁၉၉၇ ခုနှစ်မှာ Toyota က Prius ကို မိတ်ဆက်ခဲ့ပြီး ဒါဟာ ကမ္ဘာအနှံ့ အများဆုံးထုတ်လုပ်တဲ့ Hybrid Car ဖြစ်လာတယ်။ Honda Insight လည်းအမြန်ဆုံး ထုတ်လုပ်ခဲ့ပြီးနောက် Hybrid Car တွေ Fuel ကုန်သက်သာပြီပတ်ဝန်းကျင်အတွက်လည်းအကျိုးပြုကြောင်း သက်သေပြခဲ့ပါတယ်။

Hybrid နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ ဘက်ထရီ၊ Electric Motor နဲ့ Engine Control System တွေကိုလည်း ကားကုမ္ပဏီတွေက အဆင့်မြှင့်တင်လာကြပါတယ်။ Regenerative Braking ကြောင့် အားပြန်သွင်းနိုင်ခြင်း၊ Fuel Efficiency ပိုကောင်းလာခြင်းတွေကြောင့် Hybrid Car တွေဟာ ဓာတ်ဆီကားသက်သက်ထက် ပိုအရေးပါလာပါတယ်။

 Fuel ကုန်သက်သာ၊ ပတ်ဝန်းကျင် ပိုသန့်ရှင်း၊ Range အကြောင်း စိတ်ပူစရာမလိုတဲ့အတွက် လူအများကလည်း တဖြည်းဖြည်းရွေးချယ်လာကြပါတယ်။ ၁၉၀၀ ခုနှစ်ကမဖြစ်ထွန်းခဲ့တဲ့ ကားတစ်စီးကနေ ယခုလို အရေးပါတဲ့ နည်းပညာအဖြစ် ပြန်ရောက်လာတာက Auto လောကရဲ့ စွမ်းအားကို သက်သေပြနေပါတယ်။

Read 184 times