"Hybrid Car ဆိုတာဘာလဲ..? Hybrid Car ဘယ်လိုအလုပ်လုပ်သလဲ….? "


 

Hybrid ကို မော်တော်ကားနည်းပညာအရ အခြေခံအားဖြင့်လေ့လာမယ်ဆိုရင် Parallel, Series နဲ့ Plug-in Hybrid တို့ ကွဲပြားခြားနားခြင်းကို  တွေ့ရမှာ  ဖြစ်ပါတယ်။

Hybrid ဆိုတာဘာလဲ

သာမန်အားဖြင့် ပြောရမယ်ဆိုရင် Hybrid ‘နှစ်မျိုးစပ်’ သည် ဓာတ်ဆီအင်ဂျင်နှင့်  ဘက်ထရီမော်တာ နှစ်မျိုးလုံးပါတဲ့ ကားဖြစ်ပါတယ်။ ၎င်းစနစ်သည် အင်ဂျင်ကနေ ထုတ်ပေးလိုက်တဲ့ စွမ်းအင်တွေ ရယူပြီး ပြန်လည်မျှဝေသုံးစွဲတာကို ဆိုလိုပါတယ်။ ဘရိတ်အုပ်လိုက်ချိန် မှာ လေလွင့်သွားမယ့်စွမ်းအင်တွေကို ပြန်လည်ထိန်းသိမ်းပြီး ဘက်ထရီကို အားပြန်ဖြည့်တာမျိုးကို လုပ်ဆောင်ပါတယ်။ တစ်ခါတစ်ရံမျာတော့ လျှပ်စစ်မော်တာ နဲ့ အင်ဂျင်တွေ  တစ်ပြိုင်နက် အလုပ်လုပ်ရပါတယ်။ ရလဒ်ကတော့ လောင်စာဆီဖြစ်တဲ့ ဓာတ်ဆီနည်းနည်းဖြင့် မောင်းနှင်လို့ရမှာ ဖြစ်ပါတယ်။ Hybrid နှစ်မျိုးစပ် မှာ စွမ်းအားရင်းမြစ်နှစ်ခုလုံးကို ပေါင်းစပ်ထားတာဖြစ်လို့ အချို့သောအခြေအနေတွေမှာ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ပါတယ်။

သမားရိုးကျ ကားတွေမှာ အရှိန်လျှော့ဖို့ ဘရိတ်အုပ်ရင် ဘရိတ်ရှူးတွေမှာ စွမ်းအင်တွေကို အပူအဖြစ် ဆုံးရှုံးခံလိုက်တယ်။ နှစ်မျိုးစပ် ကားတွေမှာတော့ အရှိန်လျှော့ချဖို့ ဆုံးရှုံးခံရမယ့် စွမ်းအင်တွေကို ဘက်ထရီဆီ ပေးပို့ပြီး သိမ်းဆည်းထားလိုက်တယ်။ ဘက်ထရီကို အားသွင်းပေးလိုက်တယ်။ ဆုံးရှုံးခံမယ့် စွမ်းအင်တွေကို အပူစွမ်းအင်အစား လျှပ်စစ်စွမ်းအင်အဖြစ် ရယူပြီး သိမ်းဆည်းပေးလိုက်တာလည်း ဖြစ်ပါတယ်။ 

Hybrid တွေကို ​လောင်စာဆီသုံးစွဲခြင်း သက်သာဖို့နဲ့ ကားစျေးနှုန်းတွေကို သက်သာစွာ ထုတ်လုပ်နိုင်ဖို့ ကားကုမ္ပဏီများက ကွဲပြားခြားနားတဲ့ ဒီဇိုင်းအမျိုးမျိုးဖြင့် ထုတ်လုပ်လျက်ရှိပြီး အခြေခံအားဖြင့် သုံးမျိုး ခွဲခြားသတ်မှတ်နိုင်ပါတယ်။

Hybrid နှစ်မျိုးစပ် မော်တော်ယာဉ် အမျိုးအစားများ

Parallel Hybrid အပြိုင်ပြု နှစ်မျိုးစပ် အမျိုးအစား

Parallel Hybrid တွေမှာတော့ လောင်စာအင်ဂျင်နဲ့ လျှပ်စစ်အင်ဂျင် နှစ်မျိုးစလုံးကို ဘုံဂီယာအနေနဲ့ ချိတ်ဆက်ပေးထားတာဖြစ်ပါတယ်။  ထိုဂီယာကို Automatic ၊ Manual နဲ့ အစဉ်မပျက်ပြောင်းလဲနေတဲ့ဂီယာ အင်ဂျင် CVT တို့မှာ တွေ့နိုင်ပါတယ်။ အလွန်လူကြိုက်များတဲ့ hybrid ဂီယာတစ်ခုမှာ power-split CVT ဖြစ်ပြီး Toyota Prius နှင့် Chevrolet Volt အသုံးပြုကြပါတယ်။ ဂီယာအမျိုးအစားနဲ အဓိကကျအချက်ဖြစ်တဲ့ ဓာတ်ဆီအင်ဂျင်အရွယ်အစားပေါ်မူတည်ပြီ အရှိန်မြင့်မောင်းနှင်နိုင်ခြင်းနဲ့ ဆူညံသံမရှိဘဲ အသံတိတ်ဆိတ်စွာပြေးနိုင်ပါတယ်။ Toyota, Lexus, Hyundai, Kia, Ford, Honda, Lincoln, Nissan နဲ့  Infiniti ကား Brands တွေမှာ Parallel Design တွေပါဝင်ပါတယ်။

Series Hybrid တန်းစီဆက် နှစ်မျိုးစပ် အမျိုးအစား

ဒီအမျိုးအစားမှာ ဒီဇိုင်းက လျှပ်စစ်မော်တာတွေက လိုအပ်တဲ့ လှည့်အား ထောက်ပံ့ပေးပြီး ဘီးတွေကို လည်စေပါတယ်။ အင်ဂျင်က ဘီးတွေနဲ့ ရုပ်ပိုင်းဆိုင်ရာဆက်သွယ်မှုမရှိပါဘူး။ ဓာတ်ဆီအင်ဂျင်က ဘက်ထရီကို အားတစ်ဖန်ပြန်သွင်းဖို့ သက်သက်ပဲ ဖြစ်ပါတယ်။  အင်ဂျင်က ဘက်ထရီကို အားဖြည့်ဖို့ စွမ်းအင်တွေ ပေးတယ်။ ဘက်ထရီက မော်တာတွေကို လည်ဖို့ စွမ်းအင်တွေ ပေးတယ်။ မော်တာတွေက ဘီးတွေ လည်ဖို့ စွမ်းအင်ကိုတွေကို ပေးတယ်။ အဲဒီလို တန်းစီဆက်နွှယ်ထားပါတယ်။ 

လျှပ်စစ်ကားကို အဆင်ပြေချောမွေ့စေခြင်းနဲ့အတူ မောင်းနှင်ရာမှာလည်း အရှိန်ကောင်းကောင်းကို မြှင့်တင်ပေးနိုင်ပါတယ်။ ဒါ့အပြင် လီဗာနင်းလိုက်လို့ အင်ဂျင်က ပိုရုန်းပေးရတာ မရှိလို့ ဓာတ်ဆီအင်ဂျင်ကြောင့် ဖြစ်ပေါ်လာမယ့် ကားအင်ဂျင်တုန်ခါမှုကိုလည်း ​လျှော့ချပေးနိုင်ပါတယ်။ လီဗာနင်းလို့ အင်ဂျင်က ဘာမှ ပြောင်းလဲမသွားဘူး။ ဘက်ထရီ လိုအပ်ချက်အရသာ အင်ဂျင်က အလုပ်လုပ်နေတာ ဖြစ်ပါတယ်။  ယာဉ်ကို မောင်းနှင်နေစဉ် ဘက်ထရီကို အားဖြည့်ဖို့ လိုအပ်တိုင်း အင်ဂျင်က လည်ပေးနေတာ ဖြစ်ပါတယ်။ 

လီဗာနင်းလို့ အင်ဂျင်မလည်တာကြောင့် စိတ်ထဲ တစ်မျိုးကြီး ဖြစ်နေစေပါတယ်။ series hybrid ကို BMW i3 မှာ သုံးထားတာ တွေ့နိုင်ပါတယ်။


Plug-In Hybrid  ပလပ်ထိုး  နှစ်မျိုးစပ်

Plug-In Hybrid သည် လျှပ်စစ်ကားရဲ့ သမားရိုးကျ ပေါင်းစပ်ထားတဲ့ ကြီးမားတဲ့ ဘက်ထရီ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ သင့်ကားရဲ့ လျှပ်စစ်စွမ်းအားကိုလည်း သင့်အိမ်၊ သင့်ရုံး ဒါမှမဟုတ် Public Charging Station မှာ တစ်ဖန် ပြန်အားသွင်းယူနိုင်ပါတယ်။ ပလပ်ထိုးပြီး အားသွင်းရတာမို့ ပလပ်ထိုး နှစ်မျိုးစပ်လို့ အမည်တွင်ပါတယ်။ 

ဓာတ်ဆီကား တိုင်ကီထဲ ဆီဖြည့်ပြီး မောင်းသလိုမျိုး ဘက်ထရီထဲ စွမ်းအင်တွေ ဖြည့်ပြီး ပေးတာ ဖြစ်ပါတယ်။ 

 

လျှပ်စစ်ပမာဏဟာ လျှပ်စစ်ကား ၁၅ မိုင်ကနေ ၅၅ မိုင်အထိ (ကားအမျိုးအစားပေါ်မူတည်ပြီး) မောင်းနှင်လို့ရမှာဖြစ်ပြီ လောင်စာဆီသုံးစွဲမှုနှုန်းကို သိသိသာသာ လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။ ဆိုးတဲ့တစ်ချက်ကတော့  သင်က ကားကို ညစဉ်ညတိုင်းအားသွင်းနေရမယ်ဆိုရင် လျှပ်စစ်ဓာတ်အားကို ပိုသုံးမိမှာဖြစ်ပါတယ်။ လျှပ်စစ်ဓာတ်အားခတွေ ပိုကုန်ကျနေတယ်ဆိုရင် သင့်အနေနဲ့ သာမန်ရိုးကျဖြစ်တဲ့ Parallel Hybrid ကို ပြောင်းလဲသင့်ပါတယ်။ Plug-In Hybrid  ပလပ်ထိုး  နှစ်မျိုးစပ်ကို  Chrysler Pacifica  ကားမှာ တွေ့နိုင်ပါတယ်။

တကယ်တော့ Hybrid ဆိုတာက ဘယ်အမျိုးအစားနဲ့မဆို တွဲဘက်ပေါင်းစပ်နိုင်ပါတယ်။ 

Plug-in hybrids က series  hybrid ဖြစ်နိုင်သလို parallel hybrid လည်း ဖြစ်နိုင်ပါတယ်။

Variations on the Hybrid Theme (Hybrid များ၏ မူကွဲများ)

Hybrid ဆိုတာဘာလဲဆိုတာနဲ့ ပတ်သက်ပြီ နှစ်ပေါင်းနှစ်ဆယ် စျေးကွက်ထဲများ ပြည့်စုံတဲ့အဖြေတစ်ခုရခဲ့ပါတယ်။ ဒါကတော့ Honda ရဲ့ Hybrid Design ပါဘဲ

Honda ရဲ့ Hybrid Design ဆိုရင် အင်ဂျင် က series hybrid ကဲ့သို့ အချိန်အများစုမှာ လည်ပတ်နေတယ်။ ပြီးတော့ Parallel hybrid လို အင်ဂျင်က ကားကို ရွေ့လျားစေပါတယ်။

 hybrids လမ်းကြောင်းထဲမှာရှိနေပြီ Vovo ကား တွေလို အင်ဂျင် နဲ့ ကားရွေ့လျားမှု မျှမျှတတ အသုံးပြုတာ ၊ အနောက် axle လျှပ်စစ် ပါဝင်တွေကို အပြောင်းအလဲပြုလုပ် စတာတွေက plug-in hybrids ပုံစံတွေဘဲ ဖြစ်ပါတယ်။ Acura NSX, BMW i8 နဲ့ Porsche 918 Spyder တွေလို စူပါကား တွေကလည်း အလားတူ plug-in hybrids ပုံစံတွေ ဖြစ်ပါတယ်။


Mild Hybrids (Hybrids အပျော့စားများ)

အထက်ဖော်ပြပါ အကြောင်းအရာတွေက ပြည့်ဝတဲ့ Hybrids လို့ မှတ်ယူလို့ရပါတယ်။ တိုတောင်းတဲ့ အကွာအဝေးတစ်ခုထိ Electric Motor က ကားကို သူ့အလိုလို ရွေ့လျားပေးနိုင်တယ်ဆိုရင် ဒါကို Hybrids အပျော့စားများ ထဲက မဟုတ်ပါဘူး။ ဓာတ်ဆီအင်ဂျင်ကူညီပေးဖို့ လောင်စာဆီချွေခြင်း နဲ့ စွမ်းဆောင်ရည်တိုးခြင်း စတာတွေကို နှစ်ခုစလုံး လုပ်ဆောင်ပေးတာကို Mild Hybrids (Hybrids အပျော့စားများ) လို့ခေါ်တာဖြစ်ပါတယ်။ တခြားဝေါဟာရအနေနဲ့ Full Hybrid လို့ ခေါ်ပါတယ်။ လောင်စာဆီ ချွေတာဖို့အတွက် ကားအင်ဂျင်ကို ရပ်တန့်ဖို့နဲ့ တစ်ဖန် ပြန်လည်ပတ်ဖို့အတွက် auto start-stop system စနစ်နဲ့ ဆောင်ရွက်တာကို ဆိုလိုတာဖြစ်ပါတယ်။ မူလ Hybrid နည်းပညာကို စျေးကွက်သို့တင်ပို့ရန်အတွက်ပိုမိုရိုး ရှင်းပြီးစျေးနှုန်းချိုသာသောနည်းလမ်းတစ်ခုအနေဖြင့်မျှော်မှန်းထားပေမယ့် mild hybrids က လောင်စာဆီ မသုံးစွဲရေးကို  full hybrid system စနစ်ကဲ့သို့ မလုပ်ဆောင်နိုင်ပါဘူး။ ဒါကြောင့် လူတွေက ဒါကို အမြဲတမ်း ကြိုက်နေမှာတော့ မဟုတ်ပါဘူး။ 

သို့ပေမယ့် mild-hybrid powertrains စျေးကွက်ထဲ ပြန်လာနေပါတယ်။ သက်သေအနေနဲ့ကတော့ 48 volt subsystems ကားတွေဖြစ်တဲ့ Ram 1500, Mercedes-Benz E-class,  Audi A6, A7, နဲ့  A8 စတဲ့ ကားတွေက mild-hybrid တွေဘဲ ဖြစ်ပါတယ်။ အခြေခံအားဖြင့် ကား ကုမ္ပဏီတွေကို mild-hybrid နည်းပညာတွေကို သူတို့ရဲ့ မော်ဒယ်အသစ်ကားတိုင်းမှာ တပ်ဆင်လာတာကို တွေ့ရပါတယ်။ မဝေးလွန်းသောအနာဂတ်အတွက် အဖြေကတော့ Hybrid ဆိုတာက ဘယ်အမျိုးအစားမဆို အရာအား

လုံးဖြစ်လာနိုင်ပါတယ်။

Read 1067 times