Hybrid Battery နဲ့ ပါတ်သက်၍ သိထားသင့်သည်များ



ပထမမျိုးဆက် Civic မှာ 144 Volt ရှိ nical metal hydride (NiMH) battery ကို အသုံးပြုပြီး ဒုတိယမျိုးဆက်မှာ ပိုပြီး ပါဝါကောင်းတဲ့ 158.4 Volt ရှိ NiMH ကိုသုံးပါတယ်။ စစ်တမ်းများအရတော့ ဒုတိယမျိုး ဆက် battery က ပထမမျိုးဆက် battery ထက် ချို့ယွင်းမှု ပိုဖြစ်တာ တွေ့ရပါတယ်။

California မှာ Hybrid battery တွေရဲ့ 4% လောက် အစားထိုးပေးရပြီး အဲဒီပမာဏဟာ လက်မခံနိုင်စရာဖြစ်တယ်လို့ ထုတ်လုပ်သူက ဆိုပါတယ်။ Honda နဲ့ယှဉ်ရင် Toyota Prius ရဲ့ Hybrid battery က ပြသနာကင်းပြီး ကြာရှည်ခံနိုင်ရည်ရှိတယ် ဆိုပါတယ်။

Cause of Honda Civic IMA Battery Failures

အချိန်မတိုင်မီ စောစီးစွာ ချို့ယွင်းရတဲ့ အကြောင်းကတော့ IMA Battery ကို အားပြည့်အောင် မသွင်းနိုင်ကြလို့ ဖြစ်ပါတယ်။ Honda ရဲ့ တွေ့ရှိချက်ကတော့ မြို့တွင်းသွားနေစဉ် ယဉ်ကြောပိတ်ဆို့မှုကြောင့် Air Con ဖွင့်ထားပြီး ရပ်လိုက်မောင်းလိုက် အကြိမ်များစွာ သွားရတဲ့အခါ အထူးသဖြင့် နွေရာသီရာသီဥတုပူတဲ့ အချိန်တွေမှာ Frenquently Stop and Go မောင်းနှင်မှူတွေဟာ IMA battery အား မပြည့်ရတဲ့ အဓိက အကြောင်း ဖြစ်တယ်လို့ဆိုပါတယ်။အဲလို IMA battery အားမပြည့်ပဲ မောင်းနေတာ အချိန်ကြာလာတဲ့ အခါ battery ချို့ယွင်းမှုကို ဖြစ်လာစေပါတယ်။

IMA battery ရဲ့ maximum service life ကို ရစေဖို့ battery power ကို 50–60% of full charge အတွင်း ရှိနေအောင်ထားသင့်ပါတယ်။ ဒီအတွက် အနဲဆုံး တစ်လကို တစ်ကြိမ်လောက် battery full charge ရအောင် မောင်းသင့်ပါတယ်။ တကယ်လို့ကားကို တစ်လထက်ပိုပြီး ရပ်နားထားမယ်ဆိုရင် (အထူးသဖြင့် ရာသီဥတုပူတဲ့အချိန်) battery အား လျော့နဲလာပြီး နောင်အားပြန်ပြည့်နိုင်မှာ မဟုတ်သလို battery ပျက်စီးစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် battery ကို full discharge သုံးလိုက်ပြီး ရက်ပေါင်း ၉၀ အတွင်း အားပြန်မသွင်းခဲ့ရင် ပုံမှန် charging ပြန်ဝင်တော့မှာ မဟုတ်ပဲ ပျက်စီးစေမှာ ဖြစ်ပါတယ်။အပူလွန်ကဲမှုကလဲ battery ကိုပျက်စီးစေပါတယ်။ ကားဆေးမှုတ်တဲ့အခါ ပေါင်းဖိုထဲမှာ အပူချိန် 150’F ထက်ပိုပေးရင် battery ပျက်စီးစေပါတယ်။

Honda’s Fix for the IMA battery Failure Problem

ဒီပြသနာတွေ ပြေလည်စေဖို့ Honda က IMA control software ကို အသစ်ပြန်ရေးခဲ့ပါတယ်။ Honda ရဲ့ TSB software update (09-058 နဲ့ 10-034) ဟာ IMA battery controller ၊ PGM – FI engine controller နဲ့ CVT transmission controller တို့ အတွက် အကျိုးသက်ရောက်မှု ရှိပါတယ်။ ယာဉ်ပိုင်ရှင်တွေအနေနဲ့ Honda dealer တွေဆီမှာ အခမဲ့ Software update လုပ်နိုင်ပါတယ်။ update လုပ်ဖို့ နေ့တစ်ဝက် အချိန်ပေးရပါမယ်။ Software အသစ်က battery ရဲ့ လုပ်ဆောင်ချက်ကို လျှော့ချပေးခြင်းဖြင့် battery အား အလွန်အကျွံ သုံးစွဲခြင်းကို ကာကွယ်ပေးပါတယ်။ ဒါပေမယ့် Civic owner အများစုက software update လုပ်ပြီးတဲ့အခါ ကားက အရင်လောက် အထမကောင်းဘူး ၊ ဆီစားမသက်သာဘူး စသဖြင့် ပြောကြပါတယ်။

Software Update လုပ်ပြီးရင် ဘာတွေသိသာလာမလဲ

IMA battery display မှာ တဝက် (4 တုံး) ရှိတာတောင် Engine auto stop မဖြစ်စေတော့ပါဘူး။ Engine Auto stop ဖြစ်တဲ့အခါလဲ သိပ်မကြာခင် Engine ပြန်စပါလိမ့်မယ်။ ပုံမှန်အားဖြင့် battery 2 တုံး ကျန်မှ Engine restart လုပ်ပါတယ်။Engine starting နဲ့ ကားအရှိန်မြှင့်တဲ့အခါ သုံးဖို့အတွက် IMA battery မှာ reserve power အမြဲ ပိုမိုထားပေးနိုင်အောင် လုပ်ထားပါတယ်။ ဒီအတွက် IMA battery အသုံးကို အထိုက်လျှောက်လျှော့ချထားပါတယ်။ IMA battery charging ကို ပိုပြီးတိတိကျကျ ပြပေးပါတယ်။ Battery level display သည် gauge တဝက်လောက်မှာ ယခင်ထက် ကြာကြာပြနေတာကို သတိထားမိပါလိမ့်မယ်။

Honda Civic Hybrid Battery Replacement Costs

ပြန်လည်ပြုပြင်ထားတဲ့ battery တလုံးဟာ USD 1700 မှ 2200 ဝန်းကျင် ကျသင့်ပါတယ်။ 1yr warranty ပေးပါတယ်။ အသစ်တလုံးကတော့ USD 3000 ခန့် ကျသင့်ပြီး 3 year warranty ပေးပါတယ်။ Used battery ကတော့ ပြန်လည်ပြုပြင်ထားတဲ့ battery ထက် ပိုဈေးသက်သာဖို့ရှိပါတယ်။ ဒါပေမယ့် Used battery တွေဟာ အချိန်များစွာ မသုံးပဲ ထားထားတာမျိုးဆိုရင် အားအပြည့်ပြန်ဝင်ဖို့ မလွယ်တော့ပါဘူး။

Honda Civic Hybrid IMA battery Warranty

Warranty period အတွင်းမှာ failure ဖြစ်ခဲ့ရင် အခမယူပဲ အစားထိုးပေးပါတယ်။ Warranty period ကတော့ ကားဝယ်တဲ့ ဒေသ ၊ dealer ပေါ် မူတည်ပြီး 8 years / 8000 miles OR 10 years / 150000 miles ဖြစ်ပါတယ်။2012 ကစပြီး hybrid battery failure ဖြစ်တာများတဲ့ အတွက် သုံးစွဲသူတွေ အဆင်ပြေစေဖို့ Honda က battery warranty သက်တမ်းကို 9 years / 96600 miles or 11 years / 170,100 miles အထိ သက်တမ်းတိုးပေးထားပါတယ်။ Warranty period က ကားထုတ်လုပ်တဲ့ ခုနှစ်ကစပါတယ်။ ဆိုလိုတာက 2008 model ဆိုရင် 2008 ကစပါတယ်။

အဲဒါတွေကတော့ American Honda Motor Co., ရဲ့ ထုတ်ပြန်ချက် ထဲကဖြစ်ပါတယ်။ Myanmar ပြည်က Civic ချစ်သူတွေအနေနဲ့ battery failure မဖြစ်အောင် ဘယ်လို ထိန်းသိမ်းရမယ်ဆိုတာ သိလာပါလိမ့်မယ်။ Owner manual မှာလဲ ကားကို ၁ လလောက် မမောင်းပဲထားရင် Hybrid battery failure ဖြစ်စေတယ်လို့ ဖေါ်ပြထားပါတယ်။ ဆိုလိုတာက ကားကို ၁ လ အတွင်း တစ်ကြိမ်လောက်တော့ Hybrid battery အားပြည့်အောင် ပါတ်မောင်း သင့်ပါတယ်။

Credit;Mya Aung Tin

Read 4879 times