နည်းပညာ ကြီးစိုးမှု ဦးတည်ထားသည့် ဟွာဝေး


နည်းပညာ ကြီးစိုးမှု ဦးတည်ထားသည့် ဟွာဝေး

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


Huawei Technologies သည် ၎င်း၏ အလိုအလျောက်မောင်းနှင်သည့်နည်းပညာကို အသုံးပြုသည့် ယာဉ်မောင်းသူများ၏ ကွန်ရက်ကို ချဲ့ထွင်ရန်အတွက် အသေးစား ကားထုတ်လုပ်သူများနှင့် ချိတ်ဆက်လက်တွဲကာ လျှပ်စစ်မော်တော်ကားစျေးကွက်တွင် အပြည့်အဝ ထိုးစစ်ဆင်နေသည်။

အီးဗီ ဆော့ဖ်ဝဲဈေးကွက်တွင် ကြီးစိုးနိုင်ရန် ဟွာဝေး၏ ကြိုးပမ်းမှုများသည် အောင်မြင်မှုများ စတင် ရရှိနေပြီ ဖြစ်သည်။

 

 

Huawei နှင့် လုပ်ငန်းအရွယ်အစား အလယ်အလတ်  ရှိသည့်  Seres Group တို့ ပူးပေါင်း၍ ထုတ်လုပ်ခဲ့သည့် Aito M7 မော်ဒယ်ကို ပြန်လည်မွမ်းမံထားသော Aito M7 ပလပ်ထိုးအားသွင်း ဟိုက်ဘရစ် အမျိုးအစား ကားမော်ဒယ်ကို ၂၀၂၃ ခုနှစ်  စက်တင်ဘာလတွင် စတင်ရောင်းချခဲ့ရာ နှစ်လခွဲအတွင်း အမှာစာ ၁ သိန်းကျော် ရရှိခဲ့သည်။
Aito M7 သည် ဘက်ထရီ အားသွင်းရန် ဓာတ်ဆီအင်ဂျင် တပ်ဆင်ပေးထားဖြင့် ခရီးတာ ပိုဝေးဝေးသွားနိုင်သည့် range extended electric vehicle (REEV) ဟိုက်ဘရစ် ဖြစ်သည်။ 
ရောင်းဈေး အနိမ့်ဆုံး ဗားရှင်း ယွမ် ၂ သိန်းခွဲ ($35,000) ဖြင့် ဈေးဖွင့်ထားသည်။ 

M7 ရောင်းအား တအားကောင်းရသည့် အဓိကအကြောင်းအချက်များမှာ ဓာတ်ဆီ ရလျှင် လိုရာရောက်အောင် ခရီးဝေး သွားနိုင်သည့် REEV ဖြစ်ခြင်းနှင့် ဟွာဝေး၏ နောက်ဆုံးပေါ် အလိုအလျောက်မောင်းနှင် နည်းပညာစွမ်းရည်တို့ ဖြစ်ပါသည်။ 

 

Huawei သည် Luxeed S7 လျှပ်စစ်ဆီဒင်ကို နိုင်ငံပိုင်လုပ်ငန်း Chery Auto နင့် ပူးပေါင်းလုပ်ကိုင်ပြီး ထုတ်လုပ်သည်။ ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် စတင်ရောင်းချခဲ့သည်။ Luxeed S7 တွင်လည်း ဟွာဝေး၏ နောက်ဆုံးပေါ် အလိုအလျောက်မောင်းနှင် နည်းပညာ ပါသည်။ 

 Changan Automobile မှ Avatr လျှပ်စစ်ကား အမှတ်တံဆိပ်တွင်လည်း ဟွာဝေး၏ စနစ်များနှင့် အီလက်ထရွန်းနစ်ပစ္စည်းများ သုံးစွဲထားသည်။ မော်ဒယ်အသစ်ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် စတင်ရောင်းချခဲ့သည်။

ဟွာဝေးသည် အီးဗီ ထုတ်လုပ်သူများနှင့် ထဲထဲဝင်ဝင် လုပ်ကိုင်ရန်  ၎င်း၏ စမတ်ကား လုပ်ငန်းကဏ္ဍကို သီးခြား တစင်ထောင်မည်ဟု ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် ကြေညာခဲ့သည်။ 
၎င်းကုမ္ပဏီအသစ်တွင် Changan က ရှယ်ယာ ၄၀% ပိုင်ဆိုင်ရန်အတွက် ရင်းနှီးမြှုပ်နှံမည်ဟု ဟွာဝေးနှင့် Changan တို့ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြသည်။ 

လျှပ်စစ်ကား နည်းပညာများ ပြောင်းလဲတိုးတက်မှု မြန်ဆန်နေသည်ကို နောက်ကျမကျန်ရစ်အောင် ဟွားဝေး၏ နည်းပညာများဖြင့် Changan နှင့် Seres တို့သည် ခေတ်ကို အမီလိုက်နိုင်ကြမည် ဖြစ်သည်။ 
သုတေသနနှင့် ဖွံ့ဖြိုးရေးအတွက် ငွေနှင့် အချိန် အကုန်ခံရန် မလိုအပ်တော့ချေ။ ထို့ပြင် ဟွာဝေး၏ ကြီးမားသော ဂုဏ်အရှိန်အဝါကလည်း ရောင်းအား ကောင်းစေမည့် အချက်ဖြစ်သည်။ 
ဟွာဝေးက ကားအရောင်းပြခန်း ကွန်ရက် ထူထောင်လျက်ရှိရာ ၎င်းကွန်ရက်ကိုလည်း အသုံးပြုခွင့် ရရှိမည် ဖြစ်သည်။ 
Source Asia Nikkei 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 220 times