Huawei ရဲ့ HarmonyOS အဦးဆုံး အသုံးပြုတဲ့ Aito M5 စတင်ရောင်းချ
Aito M5 က Huawei ရဲ့ HarmonyOS လုပ်ငန်းလည်ပတ်စနစ်ကို အဦးဆုံးအသုံးပြုတဲ့ ကားမော်ဒယ် ဖြစ်ပါတယ်။
Aito M5 က ဘက်ထရီပါဝါဖြင့် မောင်းနှင်တဲ့ကား ဖြစ်ပေမဲ့ ဓာတ်ဆီတိုင်ကီ ပါတယ်။ ဘက်ထရီ အားကုန်းသွားရင် ဓာတ်ဆီအင်ဂျင်ဖြင့် ဆက်လက်မောင်းနှင်နိုင်တယ်။
ဈေးနှုန်းက တရုတ်ကားဈေးကွက်ထဲမှာ Tesla ရဲ့ Model Y နင့် မတိမ်းမယိမ်း ဖြစ်ပါတယ်။
မတ်လ ၄ ရက်မှာ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှာ အရောင်းစဖွင့်ခဲ့ပါတယ်။
Huawei က ကားထုတ်လုပ်မှာ မဟုတ်ကြောင်း၊ ကားထုတ်လုပ်သူများနှင့် လက်တွဲပြီး ပင်ကိုမောင်းနှင်စွမ်းရည်အပါအဝင် နည်းပညာပိုင်း ဖွံ့ဖြိုးရေးကိုသာ လုပ်ကိုင်မှာဖြစ်ကြောင်း အလေးအနက် ပြောကြားခဲ့ပါတယ်။
Aito M5 ကို ထုတ်လုပ်ပေးတဲ့ လုပ်ငန်းက Seres ဖြစ်ပါတယ်။ SF Motors လို့လည်း ခေါ်တွင်တဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ Silicon Valley အခြေစိုက် ကားလုပ်ငန်း Sokon ရဲ့ လက်အောက်ခံလုပ်ငန်း ဖြစ်ပါတယ်။ Seres က တရုတ်နိုင်ငံ ချုံကင်းမြို့မှာ တည်ရှိပါတယ်။
Aito M5 က အလယ်အလတ် အရွယ်အစား SUV ဖြစ်ပြီး တရုတ်အစိုးရက အီးဗီဝယ်စီးတဲ့သူတိုင်းကို ပေးတဲ့ ထောက်ပံ့ကြေး နုတ်ပယ်ပြီးတဲ့ ရောင်းဈေးက ယွမ် ၂၄၉,၈၀၀ ($39,651) ဖြစ်ပါတယ်။
Aito M5 က တရုတ်ကားလုပ်ငန်းအသစ် Li Auto ရဲ့ Li One နင့် ဆင်ဆင်တူတာက ဓာတ်ဆီတိုင်ကီနှင့် ဓာတ်ဆီအင်ဂျင် ထည့်ပေးထားတာ ဖြစ်ပါတယ်။ ဘက်ထရီ အားကုန်သွားရင် စက်နှိုးပြီး ခရီးဆက်နိုင်မှာ ဖြစ်ပါတယ်။