Huawei Car Key  သုံးစွဲသူ ၁ သန်းကျော်သို့ ရောက်ရှိ


Huawei Huawei Car Key  သုံးစွဲသူ ၁ သန်းကျော်သို့ ရောက်ရှိ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Huawei Car Key  သုံးစွဲသူပေါင်း ၁ သန်းကျော်ရှိနေပြီဖြစ်ပြီး သုံးစွဲသူဦးရေ ဆက်လက်တိုးများနေဆဲဖြစ်ကြောင်း Huawei မှ ထုတ်ပြန်သည့် အစီရင်ခံစာအသစ်တွင် ဖော်ပြထားသည်။

.

Huawei Car Key သည် စမတ်ဖုန်း သို့မဟုတ် စမတ်နာရီဖြင့် ကားကို သက်သောင့်သက်သာဖြင့် စေခိုင်းနိုင်စေသဖြင့် ကြိုက်နှစ်သက်သူများ များပြားသည်။ မူရင်းကားသော့ကို မေ့ထားလို့ရနေစေသည်။ 

.

BYD, AITO, BMW, MG, Changan Auto အပါအဝင် ကား brand ၁၀ ခုကျော်တွင် Huawei Car Key ကို သုံးစွဲနိုင်သည်။ Huawei သည် Huawei Car Key သုံးလို့ရသည့် ကား brand များ ပိုများလာအောင် ဆောင်ရွက်လျက် ရှိသည်။ 

.

 Huawei သည် Huawei Car Key ကို Huawei Wallet ၊ တရုတ်နိုင်ငံ မော်တော်ယာဉ် ထုတ်လုပ်သူများအသင်း China Association of Automobile Manufacturers ၊ ကားထုတ်လုပ်သူများနှင့်အတူ ဖန်တီးခဲ့သည်။ 

.

Huawei Car Key သည် Huawei စမတ်ဖုန်းနှင့် စမတ်လက်ပတ်နာရီတို့ဖြင့် ကားတံခါး သော့ဖွင့်နိုင်စေသည်။ ဘလူးတုသ်ဖြင့် ကားနှင့် စမတ်ဖုန်းတို့ကို ချိတ်ဆက်ထားနိုင်ပြီး စမတ်ဖုန်းဖြင့် ကားကို စေခိုင်းနိုင်စေသည်။ 

 

.

အဓိကအကျဆုံး လုပ်ဆောင်ချက်မှာ စမတ်ဖုန်းကို ကားသော့အစား သုံးစွဲနိုင်စေခြင်း ဖြစ်သည်။

ကားသော့ဖြင့် လုပ်ကိုင်နိုင်သမျှ အလုပ်အားလုံးကို စမတ်ဖုန်းဖြင့် လုပ်ကိုင်နိုင်သည်။ ကားသော့ မပါလာသော်လည်း အကြောင်းမဟုတ်တော့ချေ။ 

.

နောက်ထပ်အားသာချက်မှာ စမတ်ဖုန်း လော့ချထားသော်လည်း Huawei Car Key သည် လုပ်ငန်းတာဝန်များကို ဆက်လက် ထမ်းဆောင်ပေးနိုင်သည်။ စမတ်ဖုန်း၏ဘက်ထရီ အားနည်းနေစဉ်မှာသာမက ဘက်ထရီ အားကုန်နေလျှင်လည်း Huawei Car Key သည် ဆက်လက် အလုပ်လုပ်နေမည် ဖြစ်သည်။ အင်တာနက် မရလည်း အလုပ်လုပ်ပေးနိုင်သည်။

.

Huawei Car Key ၏ ဒစ်ဂျစ်တယ်ကားသော့ အင်္ဂါရပ်သည် လုံခြုံရေးအတွက်  Huawei ၏ ကိုယ်ပိုင် ဒစ်ဂျစ်တယ် ကုဒ်ဝှက်စနစ်ကို အသုံးပြုထားသည်။

 

ဒစ်ဂျစ်တယ်ကားသော့သည် မူရင်းကားသော့ ပျောက်နေခဲ့လျှင် အစားထိုး သုံးစွဲနိုင်သည်။ ကားသော့ကို မပျောက်အောင် အိမ်မှာ သိမ်းထားနိုင်သည်။ စမတ်ဖုန်းဖြင့် ကားတံခါး သော့ခတ်နိုင်သည်။ သော့ဖွင့်နိုင်သည်။ ကားစက်နှိုးနိုင်သည်။ မိသားစုဝင် ဖြစ်စေ၊ သူငယ်ချင်း မိတ်ဆွေကို ဖြစ်စေ ကား ပေးသုံးနိုင်စေသည်။ 

.

စမတ်ဖုန်းကို ကားတံခါး လက်ကိုင် အနီးအနားမှာ ထားလိုက်လျှင် ကားတံခါး ပွင့်မည်။ ကားထဲမှာ ကြိုးမဲ့အားသွင်းခွက်မှာ ဖုန်းကို ထည့်ထားလိုက်လျှင် ကားစက်နှိုးနိုင်ပြီ ဖြစ်သည်။

.

digital car key ကို စမတ်ဖုန်း၏ လုံခြုံရေးချစ်ပ်တွင် သိမ်းဆည်းထားသဖြင့် ခွင့်မပြုချက် မရဘဲ ကူးယူနိုင်မည် မဟုတ်ချေ။ 

စမတ်ဖုန်း ဘက်ထရီ အားကုန်ပြီးနောက် ဖုန်းပိတ်သွားပြီဖြစ်သော်လည်း ၂၄ နာရီအတွင်း digital car key ကို ဆက်လက်သုံးစွဲနိုင်သည်။

.

Huawei ဖုန်းကို ဒစ်ဂျစ်တယ်သော့အဖြစ် အသုံးပြုရန် စမတ်ဖုန်းပေါ်တွင် မော်တော်ယာဉ် ထုတ်လုပ်သူ၏အက်ပ် (ဥပမာ myAudi) ကို ဒေါင်းလုဒ်လုပ်ပြီး ဖုန်းမှာ တင်ပါ။ ဖြစ်နိုင်ပါက နားလည်တတ်ကျွမ်းသည့် တရားဝင် ကားအရောင်းကိုယ်စားလှယ် အကူအညီရယူပါ။ သူက နည်းပေးလမ်းပြ လုပ်ပေးပါလိမ့်မည်။

.

Settings မှာ ဝင်ပြီး NFC ကို ဖွင့်ထားပါ။

 

 Settings   →   More connections   →   NFC

 

 

ကားထုတ်လုပ်သူ၏ အက်ပ်ကို default app အဖြစ် ရွေးချယ်ပါ။

Settings တွင် Always use default app ကို ရွေးချယ်ပါ။

 

 

 ကားတံခါးသော့ ဖွင့်ရန် တံခါးလက်ကိုင်နားတွင် စမတ်ဖုန်းကို ထားပါ။ 

ကားထဲမှ ကြိုးမဲ့ဖုန်းသွင်းခွက်မှာ ဖုန်းကို ထည့်ထားပြီးလျှင် ကားစက်နှိုးသည့် ခလုတ်ကို နှိပ်ပြီး စက်နှိုးနိုင်ပါပြီ။

စက်နိုးနေပြီဆိုလျှင် စမတ်ဖုန်းကို ပြန်ယူသုံးနိုင်ပါပြီ။

ကားအပြင်သို့ ရောက်လျှင် တံခါးလက်ကိုင်နားမှာ ဖုန်းကို ထားလိုက်လျှင် တံခါး သော့ခတ်ပါသည်။

 Source : Huawei Central

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Read 184 times