Huawei ရဲ့ AITO M5 EV စတင်ရောင်းချ အမှာစာ ၃၀,၀၀၀ ရရှိထား


Huawei ရဲ့ AITO M5 EV စတင်ရောင်းချ အမှာစာ ၃၀,၀၀၀ ရရှိထား

 

Huawei ကျောထောက်နောက်ခံပြု EV ထုတ်လုပ်သူ AITO သည် ၎င်း၏ ပထမဆုံးသော လျှပ်စစ်ကား AITO M5 EV ကို  စက်တင်ဘာလ ၆ ရက်နေ့တွင် စတင်မိတ်ဆက် ရောင်းချပါတယ်။  Huawei မှ စီစဉ်ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် Huawei ၏ ဉာဏ်ရည်တု မော်တော်ယာဉ် အဖြေရှာ  လုပ်ငန်းယူနစ်၏ မန်နေးဂျင်းဒါရိုက်တာနှင့် စီအီးအို  Richard Yu မှ မိတ်ဆက်ရှင်းလင်းတင်ပြခဲ့ပါတယ်။

 

စီအီးအို  Richard Yu မှ မိတ်ဆက်ရှင်းလင်းတင်ပြနေစဉ်

 

AITO သည် Huawei နှင့် Seres တို့၏ ပူးပေါင်းဆောင်ရွက်ထားတဲ့ ထုတ်ကုန်တစ်ခုဖြစ်ပါတယ်။ ယခင်က အခြားသော မော်ဒယ်နှစ်ခုဖြစ်တဲ့  M5 နှင့် M7 တို့ကို AITO  ထုတ်လုပ်ခဲ့ပြီး ၎င်း M5 ကို အခြေခံထားတဲ့  M5 EV ဟာ AITO အမှတ်တံဆိပ်ရဲ့ ပထမဆုံးသော လျှပ်စစ်ကားမော်ဒယ်ဖြစ်ပါတယ်။  AITO M5 EV အလျား အကျယ် အမြင့်တို့မှာ 4785/1930/1620 mm ဖြစ်ပြီး wheelbase က 2,880 mm ဖြစ်ပါတယ်။ 

 

M5 EV က အလယ်အလတ် အရွယ်အစား စည်းစိမ်ရှိ SUV ဖြစ်ပါတယ်။ M5 EV မှာ မော်တာ ၁ လုံးနှင့် ၂ လုံး နှစ်မျိုးထုတ်လုပ်ပါတယ်။ မော်တာ ၂ လုံးအမျိုးအစားက ၄ ဘီးယက် ဖြစ်ပါတယ်။ ခရီးတာ 620 km အထိ ရပါတယ်။  မော်တာတစ်လုံးမော်ဒယ်က နောက်ဘီးယက် ဖြစ်ပြီး ပါဝါ 200 kW အထိ ရနိုင်ပါတယ်။ သုညမှ တစ်နာရီ ကီလိုမီတာ ၁၀၀ သို့ ၇.၁ စက္ကန့်ဖြင့် အရှိန်တင်ပေးနိုင်ပါတယ်။ 

မော်တာ ၂ လုံးမော်ဒယ်မှာ ရှေ့မှာနောက်ထပ် 165 kW မော်တာတစ်လုံး ထပ်ထည့်ပေးထားပါတယ်။ သုညမှ တစ်နာရီ ကီလိုမီတာ ၁၀၀ သို့ ၄.၅ စက္ကန့်ဖြင့် အရှိန်တင်ပေးနိုင်ပါတယ်။  ၂ မျိုးစလုံး ဘက်ထရီ တူပါတယ်။ 80 kWh ရှိတဲ့ CATL lithium iron phosphate ဘက်ထရီဖြစ်ပါတယ်။

 

 DriveONE pure electric drive intelligent platform

 

M5 EV ကို  Huawei ရဲ့ DriveONE pure electric drive intelligent platform ဖြင့် တည်ဆောက်ထားပါတယ်။

 

 

ယာဉ်မောင်းနေရာ အီလက်ထရွန်းနစ် ပစ္စည်းကိရိယာမှာ Huawei ရဲ့ HarmonyOS 3 ဖြင့် လုပ်ကိုင်ပေးပါတယ်။ ရောင်းဈေးက အခြေခံမော်ဒယ် ယွမ် 288,600 ($41,500) ဖြစ်ပြီး အမြင့်မော်ဒယ် ယွမ် 319,800  ($46,000) ဖြစ်ပါတယ်။

 

 

AITO M5 EV စတင်ရောင်းချခဲ့ရာ   စီးရေ ၃ သောင်း အမှာစာ ရရှိထားပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာပါတယ်။ 

Sources: Sina, Jieman

#MyanmarAutomobileGuide  

Telegram Channel https://t.me/Guid4U

 

Read 1346 times