Huawei က Aito EV ထုတ်လုပ်ရန် နောက်ထပ် ကားထုတ်လုပ်သူများနှင့် ပူးပေါင်း


Huawei က Aito EV ထုတ်လုပ်ရန် နောက်ထပ် ကားထုတ်လုပ်သူများနှင့် ပူးပေါင်း

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


တရုတ်နိုင်ငံမှ  Huawei Technologies သည် ၎င်း ၏ Aito အမည်အမှတ်တံဆိပ်ဖြင့် လျှပ်စစ်ကားများ ထုတ်လုပ်ရန် အစဉ်အလာရှိသည့် မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်းများနှင့် လက်တွဲလိုက်ကြောင်း ကုမ္ပဏီ၏ အကြီးတန်းအရာရှိ တစ်ဦးက ပြောကြားသည်။  မော်တော်ယာဥ်လုပ်ငန်းတွင် Huawei ဝင်ရောက်လုပ်ကိုင်နေခြင်းကို ချဲ့ထွင်ရန်အတွက် ဖြစ်သည်။

 Huawei သည် လက်ရှိတွင် Seres Group နှင့် လက်တွဲထားပြီး Aito ကားများ ထုတ်လုပ်လျက်ရှိသည်။ SUV မော်ဒယ်များ၊ ဆီဒင်မော်ဒယ်များ၊ MPV မော်ဒယ်များ ကို Aito အမည်အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်ရန် စီစဉ်ဆောင်ရွက်နေသည်ဟု Huawei ၏ Smart Car စီအီးအို Richard Yu က ပြောကြားသည်။

၂၀၂၂ ခုနှစ်တွင် Huawei ၏ HarmonyOS စနစ် ပါသည့် Aito ကားစီးရေ ၈၀,၀၀၀ ရောင်းချခဲ့သည်။

Huawei သည်  Chery Automobile  BAIC Motor , Anhui Jianghuai Automobile Group  တို့နှင့်အတူ လက်တွဲကာ Aito အမည်အမှတ်တံဆိပ်ဖြင့် မော်ဒယ်အသစ်များ ထုတ်လုပ်မည်ဟု  Richard Yu က တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ကျင်းပသော China EV 100 ဖိုရမ်တွင် ပြောကြားသည်။
၎င်းဖိုရမ်တွင် ကျင်းပခဲ့သည့် Huawei ၏ သတင်းစာ ရှင်းလင်းပွဲတွင် Huawei  ဥက္ကဋ္ဌ Eric Xu က ကုမ္ပဏီအနေဖြင့် ကုမ္ပဏီပိုင် စက်ရုံ ထားရှိပြီး ကားများ ထုတ်လုပ်မည် မဟုတ်ကြောင်း ထပ်လောင်းအတည်ပြု ပြောကြားသည်။ 
ကားထုတ်လုပ်သူများက ပိုမိုကောင်းမွန်သည့် ကားများ ထုတ်လုပ်ရာတွင် ပါဝင်ကူညီသွားမည်ဟု ၎င်းက ပြောကြားသည်။

Huawei ကို အမေရိကန်အစိုးရက ပိတ်ဆို့ အရေးယူထားသဖြင့် ကမ္ဘာ့ကားအမှတ်တံဆိပ်များသည် Huawei ၏ ယာဉ်သုံးအင်တာနက် ချိတ်ဆက်မှု နည်းပညာများကို လွန်ခဲ့သည့် နှစ်နှစ်အတွင်း စွန့်ပယ်ခဲ့ကြသည်ဟု Yu က ပြောကြားသည်။
Source Reuters 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 143 times