တစ်စက္ကန့်လျှင် တစ်ကီလိုမီတာ အားသွင်းနိုင်ရန် ဟွာဝေး ရည်မှန်းထား


တစ်စက္ကန့်လျှင် တစ်ကီလိုမီတာ အားသွင်းနိုင်ရန် ဟွာဝေး ရည်မှန်းထား

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် Huawei သည် နှစ်စဉ်ကျင်းပမြဲဖြစ်သော China Digital Energy Partner Conference ကို ကျင်းပခဲ့သည်။

ဒါရိုက်တာများသည် လျှပ်စစ်ကားအားသွင်းရန်အတွက် ၎င်းတို့၏ မျှော်မှန်းချက်နှင့် ရည်မှန်းချက်များကို ကွန်ဖရင့်တွင် မျှဝေခဲ့ကြသည်။

 

 

ဟွာဝေး၏ ဒစ်ဂျစ်တယ်စွမ်းအင်ဆိုင်ရာ ဥက္ကဋ္ဌ Hou Jinlong က အီးဗီများအားလုံးသည် ထူးထူးခြားခြား အားသွင်းသည့်အမြန်နှုန်းများရရှိစေရန်နှင့် စက်သုံးဆီ ဖြည့်သည့် မြန်ဆန်ပုံ အတွေ့အကြုံမျိုးကို ပေးစွမ်းရန်အတွက်  များမကြာမီတွင် အီးဗီများသည် ဗို့အားမြင့်အားသွင်းစနစ်သို့ ကူးပြောင်းကြရတော့မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

 .

ပြီးခဲ့သောနှစ်တွင်၊ နည်းပညာကုမ္ပဏီကြီး ဟွာဝေးသည် မော်တော်ယာဉ် စက်မှုလုပ်ငန်းကဏ္ဍတွင်ပါဝင်လုပ်ကိုင်နေကြသည့် အခြားနည်းပညာကုမ္ပဏီကြီးများ မိတ်ဖက်ပြုရန်နှင့်  အီးဗီ အရောင်းမြှင့်တင်ရေးတို့ကို အာရုံစိုက်လုပ်ဆောင်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

 

ဟွာဝေးသည် ၎င်း၏ အားသွင်းကွန်ရက်ကို ချဲ့ထွင်ရန်နှင့် အားသွင်းနှုန်းကို တိုးမြှင့်ရန် ရည်ရွယ်ချက် ထားရှိသည်။ အီးဗီ တစ်ကီလိုမီတာ သွားနိုင်ရန်အတွက် အားသွင်းချိန် တစ်စက္ကန့်သာ ကြာရမည်ဟု ရည်မှန်းချက် ချမှတ်ထားသည်။

 "ဒီလုပ်ဆောင်ချက်က အီးဗီ အားသွင်းတဲ့ လုပ်ငန်းကဏ္ဍကို တော်လှန်ပြောင်းလဲစေပြီး အီးဗီ ပိုင်ရှင်တွေအတွက် သောကတွေကို ဖယ်ရှားပေးနိုင်မှာ ဖြစ်ပါတယ်"ဟု Hou Jinlong က ပြောကြားသည်။

 

အီးဗီ သုံးစွဲမှု များလာသည်နှင့်အမျှ အားသွင်းရန် လိုအပ်ချက်လည်း များလာမည်။ ၎င်း လိုအပ်ချက်ကို ဖြည့်ဆည်းရန် ဟွာဝေးသည် အလွန်မြန်ဆန်သည့် အားသွင်းအမြန်နှုန်းကို ပေးအပ်ရန် ရည်မှန်းချက် ချမှတ်ထားသည်ဟု ၎င်းက ပြောကြားသည်။ 

" အားသွင်းနှေးကွေးသောအမြန်နှုန်းများနှင့် အကန့်အသတ်ရှိသော အားသွင်းအခြေခံအဆောက်အအုံများဟာ အီးဗီ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုမှုကို အဟန့်အတားဖြစ်စေခဲ့ပါတယ်"ဟု ၎င်းက ပြောကြားသည်။ 

အားသွင်းရုံ ဝန်ဆောင်မှု ပေးအပ်သူများအနေဖြင့် ကနဦး အရင်းအနှီး ကုန်ကျစရိတ်ကို မကြည့်ဘဲ ကီလိုဝပ်-နာရီ ကုန်ကျစရိတ်ကို ကြည့်ရမည်ဟု ၎င်းက ပြောကြားသည်။ သို့ဖြစ်ရာ အလွန်မြန်သော အားသွင်းစက်များအတွက် ကုန်ကျစရိတ်ကို ရင်းနှီးမြှုပ်နှံကြရမည်။ အီးဗီ ပိုင်ရှင်များအတွက် ထိရောက်မြန်ဆန်သည့် အတွေ့အကြုံကို ပေးအပ်နိုင်ရမည်ဟု ၎င်းက ပြောကြားသည်။

 

 ဟွာဝေး သည် မြန်နှုန်းမြင့်အားသွင်းရန် လိုအပ်ချက်ကို ဖြေရှင်းရန်အတွက် အရည်ဖြင့် အအေးပေးသည့် အလွန်မြန်သော အားသွင်းစက်များကို မကြာသေးမီက စတင် အသုံးပြုခဲ့သည်။

အမြင့်ဆုံး  600 kW အထိ ပါဝါ ထုတ်ပေးနိုင်ပြီး လျှပ်စီး 600A အထိ ရနိုင်သည်။

‌၎င်းအားသွင်းစက်သည် တစ်ကီလိုမီတာအတွက် အားဖြည့်ရန် တစ်စက္ကန့်သာ ကြာသည်။Nio, Tesla, Xpeng, Li Auto တို့၏ အီးဗီများကို အားသွင်းနိုင်သည်။ လုပ်ငန်းသုံး အီးဗီများ၊ ကုန်တင်ယာဉ် ထရပ်ကားများကိုလည်း အားသွင်းနိုင်သည်။

 

အရည်ဖြင့် အအေးပေးသည့် အလွန်မြန်သော အားသွင်းစက်များ ၁ သိန်းကျော်ကို မြို့ကြီး ၃၀၀ ကျော်နှင့် အဓိက အဝေးပြေးလမ်းများတွင် ထားရှိရန် ဟွာဝေးက အစီအစဉ် ရေးဆွဲထားသည်။ တရုတ်နိုင်ငံ အားသွင်းကွန်ရက်များတွင် ဦးဆောင်သူနေရာကို ရယူမည် ဖြစ်သည်။ 

Source carnewschina 


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

Read 291 times