HSD ဂါလံ ၁.၈၆ သန်း၊ PHSD ဂါလံ ၂.၁၇ သန်း၊ 92 Ron ဂါလံ ၂.၁၃ သန်း ဆီချလုပ်ငန်း ဆောင်ရွက်လျက်ရှိ


HSD ဂါလံ ၁.၈၆ သန်း၊ PHSD ဂါလံ ၂.၁၇ သန်း၊ 92 Ron ဂါလံ ၂.၁၃ သန်း ဆီချလုပ်ငန်း ဆောင်ရွက်လျက်ရှိ


စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စက်သုံးဆီအမျိုးအစားအလိုက် ဖူလုံမှုရှိစေရေး စိစစ်တင်သွင်းဆောင်ရွက်လျက်ရှိရာ စက်သုံးဆီတင်သွင်းမှု အခြေအနေမှာ ၂၅-၉-၂၀၂၂ ရက်နေ့မှစ၍ ရန်ကုန်တိုင်းဒေသကြီး၊ သီလဝါ ဆိပ်ကမ်းရှိ Terminal များတွင်
 MT Yu Yi သင်္ဘောသည် 
ရိုးရိုးဒီဇယ်ဆီ HSD (၁.၈၆) ဂါလံသန်းနှင့် 
ပရီမီယံဒီဇယ်ဆီ PHSD (၂.၁၇) ဂါလံသန်း 
စုစုပေါင်းဒီဇယ်ဆီ (၄.၀၃) ဂါလံသန်းနှင့် 

MT Harmony One သင်္ဘောသည် 
ဓာတ်ဆီ 92 Ron (၂.၁၃) ဂါလံသန်း 

ဆီချလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။ 

၂၅-၉-၂၀၂၂ ရက်နေ့အထိ သီလဝါဆီလှောင်ကန်၊ စက်သုံးဆီအရောင်းဆိုင်များနှင့် ဖြန့်ဖြူးမှုလက်ကျန်အခြေအနေအရ စက်သုံးဆီဖူလုံမှုရှိကြောင်း သိရပါသည်။

စက်သုံးဆီဖြန့်ဖြူးပေးမှုအနေဖြင့် မြန်မာတစ်နိုင်ငံလုံးရှိ စက်သုံးဆီအရောင်းဆိုင်များသို့ ဆီတင်ဘောက်ဆာ (Bowser) များ၊ ဆီတွဲ ရေယာဉ်များ၊ ရထားများဖြင့် အချိန်မီ ပို့ဆောင်ပေးလျက်ရှိသည်ဟု သိရပါသည်။
Source commercial
#MyanmarAutomobileGuide
To join Telegram Channel  https://t.me/Guid4U

 

Read 2064 times