Hozon Neta V အင်ဒိုနီးရှားတွင် ဈေးစဖွင့် အမှာစာ စတင်လက်ခံ


Hozon Neta V အင်ဒိုနီးရှားတွင် ဈေးစဖွင့် အမှာစာ စတင်လက်ခံ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


တရုတ်လျှပ်စစ်ကားထုတ်လုပ်သူ Hozon Auto သည် အရှေ့တောင်အာရှတွင် ၎င်း၏လုပ်ငန်းကိုချဲ့ထွင်လျက်ရှိရာ  အင်ဒိုနီးရှားတွင် ၎င်း၏ Neta အမှတ်တံဆိပ် အီးဗီများကို ယခုနှစ် စတုတ္ထသုံးလပတ်တွင် စတင်ရောင်းချရန် စီစဉ်ထားကြောင်း ပြောကြားခဲ့သည်။

 အင်ဒိုနီးရှားတွင် ဩဂုတ်လ ၁၀ ရက်တွင် စတင်ကျင်းပခဲ့သည့် Gaikindo Indonesia International Auto Show  တွင် Hozon က အီးဗီ မော်ဒယ် ၃ ခု ပြသခဲ့သည်။ အရောင်းရဆုံး မော်ဒယ် Neta V crossover အတွက် ကြိုတင်အမှာစာများ စတင်လက်ခံခဲ့သည်။ ဈေးနှုန်းမှာ ရူပီယာ ၃၇၉ သန်း ($24,967) ဖြစ်ပါသည်။

Hozon သည် အင်ဒိုနီးရှားတွင် အီးဗီများ တပ်ဆင် ထုတ်လုပ်ခြင်းကို ၂၀၂၄ ခုနှစ် ဒုတိယ ၃ လပတ်တွင် စတင်မည် ဖြစ်သည်။ 
 
PT NETA Auto Indonesia ၏ အကြီးအကဲဖြစ်သူ Wang Chengjie က ၎င်းတပ်ဆင်ထုတ်လုပ်ရေး စက်ရုံသည် တစ်နှစ်လျှင် အစီးရေ ၃၀,၀၀၀ အထိ ထုတ်လုပ်မှု စွမ်းရည် ရှိသည်ဟု ဆိုသည်။

Hozon သည် ပြည်ပဈေးကွက်များသို့ ယခုနှစ် ပထမ နှစ်ဝက်တွင် အစီးရေ ၆,၉၇၀ တင်ပို့ခဲ့သည်။
 Neta EV အီးဗီများကို ထိုင်း၊ မြန်မာနှင့် နီပေါ အပါအဝင် အရှေ့တောင်အာရှနိုင်ငံများသို့ ရောင်းချလျက်ရှိသည်။

တရုတ်နိုင်ငံတွင် စက်ရုံနှစ်ရုံရှိသည်။ တစ်နှစ်လျှင် စုစုပေါင်း အစီးရေ ၁၅၀,၀၀၀ အထိ ထုတ်လုပ်နိုင်စွမ်း ရှိသည်။

ပြည်ပတွင်  ပထမဆုံး စက်ရုံကို ထိုင်းနိုင်ငံမှာ ဆောက်လုပ်နေသည်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် ထုတ်လုပ်မှု စတင်မည်။

ယခုနှစ် ပထမ၃ လပတ်တွင် အရှေ့တောင်အာရှမှာ အရောင်းရဆုံး အီးဗီမှာ BYD Atto 3 ဖြစ်သည်။
ဒုတိယ အရောင်းရဆုံး အီးဗီမှာ Hozon Neta V ဖြစ်ပါသည်။

Source Reuters 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 316 times