Hozon အရင်းအနှီး ဒေါ်လာ သန်း ၉၆၀ ရရှိ


 Hozon အရင်းအနှီး ဒေါ်လာ သန်း ၉၆၀ ရရှိ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

တရုတ်နိုင်ငံမှ အီးဗီထုတ်လုပ်သူ  Hozon New Energy Automobile သည် ယွမ် ၇ ဘီလီယံ (ကန်ဒေါ်လာ ၉၆၀.၂ သန်း) ကို crossover financing အနေဖြင့် ရရှိထားကြောင်း ထုတ်ပြန်ကြေညာသည်။


Crossover financing သည် အများပိုင်လုပ်ငန်းများ၏ ရှယ်ယာများ ဈေးကွက်မှာ ရင်းနှီးမြှုပ်နှံသူများသည် ပုဂ္ဂလိကပိုင်လုပ်ငန်း နယ်ပယ်မှ ဈေးကွက်များထဲသို့ ကျော်ဝင်ခြင်း "crossing over" ပြုကာ ပုဂ္ဂလိက ကုမ္ပဏီတွင် ရင်းနှီးမြှုပ်နှံကြခြင်းကို ရည်ညွှန်းပြောဆိုခြင်း ဖြစ်သည်။ 
များသောအားဖြင့် ပုဂ္ဂလိကလုပ်ငန်းသည် အများပိုင်လုပ်ငန်းအဖြစ်သို့ ပြောင်းလဲရန်အတွက် စတော့အိပ်ချိန်းတွင် စာရင်းသွင်းပြီး ကနဦးအနေဖြင့် လူအများတို့ကို ရှယ်ယာများ ရောင်းချပေးခါနီး တနည်းဆိုရသော် ပုဂ္ဂလိကပိုင် အဖြစ်မှ အများပိုင်သို့ ပြောင်းလဲခါနီးတွင် crossover financing ရင်းနှီးမြှုပ်နှံမှု ပြုကြပါသည်။


ရှန်ဟိုင်းတွင် ရုံးချုပ်ထားရှိသည့် Hozon သည် WeChat ပို့စ်တွင် ရရှိသည့် ရင်းနှီးမြှုပ်နှံမှုကို 
Crossover financing ဟု ကြေညာခဲ့သော်လည်း ကုမ္ပဏီသည် ဟောင်ကောင် စတော့အိပ်ချိန်းတွင် စာရင်းသွင်းရန် စီစဉ်နေကြောင်း မီဒီယာများက သတင်း ဖော်ပြခဲ့ကြသည်ကို မဟုတ်ပါကြောင်း ငြင်းဆိုခဲ့သည်။

Hozon ၏ ကြေညာချက်တွင် ရင်းနှီးမြှုပ်နှံသူများ မည်သူမည်ဝါ ဆိုသည်ကို မဖော်ပြထားပါ။ အသေးစိတ် အချက်အလက်များလည်း ဖော်ပြထားခြင်း မရှိပါ။ 


Hozon သည် အရှေ့တောင်အာရှ အပါအဝင် ပြည်ပဈေးကွက်များမှာ ချဲ့ထွင်လျက်ရှိပြီး အကြီးအကျယ် ရင်းနှီးမြှုပ်နှံလျက်ရှိသည်။
ထိုင်းနှင့် မြန်မာနိုင်ငံတို့တွင် Neta အမှတ်တံဆိပ်ဖြင့် အီးဗီများ ရောင်းချလျက် ရှိသည်။
အင်ဒိုနီးရှားတွင် Neta V crossover အီးဗီများ စတင်ရောင်းချရန် စီစဉ်နေသည်။ 
တပ်ဆင်ထုတ်လုပ်ရေး စက်ရုံကို ထူထောင်ပြီး ၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းတွင် ထုတ်လုပ်မှု စတင်ရန် ရည်မှန်းထားသည်။ တစ်နှစ်လျှင် အီးဗီ အစီးရေ  ၃ သောင်း ထုတ်လုပ်မည် ဖြစ်သည်။

Hozon သည် ယခုနှစ် ပထမနှစ်ဝက်တွင် အီးဗီ ၆,၉၇၀ စီး ရောင်းချခဲ့သည်။ 
အရှေ့တောင်အာရှ၊ တောင်အာရှနှင့် အရှေ့အလယ်ပိုင်းဒေသတို့ထံ Neta အီးဗီများ တင်ပို့ရောင်းချသည်မှာ ၂၀၂၂ ခုနှစ်ကတည်းက ဖြစ်သည်။

လက်ရှိတွင် Hozon သည် တစ်နှစ်လျှင် စုစုပေါင်း အီးဗီ အစီးရေ ၁၅၀,၀၀၀ အထိ ထုတ်လုပ်နိုင်သော စက်ရုံနှစ်ရုံကို တရုတ်နိုင်ငံတွင် ဖွင့်လှစ်ထားသည်။
ပြည်ပတွင် ပထမဆုံး ကားစက်ရုံကို ထိုင်းနိုင်ငံတွင် တည်ဆောက်လျက်ရှိသည်။ တစ်နှစ်လျှင် အီးဗီ အစီးရေ ၁ သိန်းခွဲအထိ ထုတ်လုပ်နိုင်မည့် စက်ရုံ ဖြစ်ပါသည်။ ထုတ်လုပ်မှုကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် စတင်မည်။
Source  DealStreetAsia

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 298 times