ကားကိုစက်ချို့ယွင်းမှုမရှိဘဲ ကြာရှည်အသုံးခံစေမည့် နည်းလမ်းများကို ဖော်ပြပေးလိုက်ပါသည်။
ကားအသုံးပြုမှုလျှော့ချပါ
ကားကိုတစ်ပတ်နှစ်ပတ်ထက်ပိုပြီးအချိန်ကြာကြာရပ်ထားပါက ဆီယိုသည့်ပြသနာရှိနိုင်သည့်အတွက်တစ်ပတ်ကိုအနည်းဆုံးတစ်ကြိမ်၊ နှစ်ကြိမ်ဖြစ်ဖြစ် ချင့်ချိန်သုံးစွဲပါ။
ကားပြုပြင်စာအုပ်ဖတ်ပြီး အချိန်မှန်စစ်ဆေးပါ
ကားအအေးပေးစနစ်၊ ကားဆိုင်းထိန်းစနစ်၊ တခြားအစိတ်အပိုင်းပြုပြင်မှုများကို ကားပြုပြင်မှုများကို ကားပြုပြင်စာအုပ်ကြည့်၍ လိုအပ်သည့်အချိန်အတိအကျလိုက်နာပြီးပြင်ဆင်ရန်လိုအပ်ပါသည်။
ပါဝါဆီ၊ ဘရိတ်ဆီများစစ်ဆေးလဲလှယ်ပါ
ဂီယာဆီ၊ ပါဝါဆီ၊ ဘရိတ်ဆီများလိုအပ်သည့်ပမာဏရှိမရှိ၊ ဆီအရောင်ကောင်းမကောင်းပုံမှန်စစ်ဆေးပေးမှသာ ပြသနာကင်းကင်းဖြင့်မောင်းနှင်နိုင်မည်ဖြစ်သည်။
အင်ဂျင်ဝိုင်ပုံမှန်လဲလှယ်ပါ
ကားအင်ဂျင်သက်တမ်းရှည်စေရန် အင်ဂျင်ဝိုင်များကို လိုအပ်သည့်အချိန်တွင်ပုံမှန်လဲလှယ်ပေးရန် လိုအပ်ပါသည်။
ခရီးမိုင် ၃၀၀၀ မှ ၅၀၀၀ကြားသွားထားပြီးပါက အသုံးပြုသည့်အင်ဂျင်ဝိုင်ပေါ်မူတည်ပြီး သုံးလမှခြောက်လတစ်ခါလဲလှယ်ရန်လိုအပ်ပါသည်။
ခရီးမိုင် ၂၀၀၀၀၀ ရောက်သွားပါက အင်ဂျင်ဝိုင်သာမက ဆီစစ်ကိုပါတစ်ခါတည်းလဲလှယ်ရန်လိုအပ်ပါသည်။
ဘရိတ်ကောင်း၊မကောင်းစစ်ဆေးပါ
ဘရိတ်သေချာအလုပ်လုပ်မလုပ်စစ်ဆေးရန်မှာလည်းအရေးကြီးပါသည်။
ကားတာယာများကို နေရာပြောင်းသုံးစွဲပါ
ကားတာယာအနေအထားကိုသတိထားစစ်ဆေးဖို့လိုပြီး တစ်နှစ်တွင် နှစ်ကြိမ်(သို့မဟုတ်) မိုင် ၆၀၀၀-၇၅၀၀ အတွင်းသွားလာပြီးတိုင်း နေရာချိန်းပြီး တပ်ဆင်အသုံးပြုတာမျိုးလုပ်ပေးရမည်။
ထို့ပြင်ကားဘီးကိုလည်းလိုအပ်သည့်လေပမာဏရှိမရှိစစ်ဆေးပြီး ဖြည့်တင်းပေးပါ
အမြန်နှုန်းနှင့် သွားနေသည့်အခါမျိုးတွင် ကားခါယမ်းမှုရှိလာပါက အမြန်ဆုံးအလိုင်းမန့်ချိန်ရန်လိုအပ်ပါသည်။
ပုံမှန်သန့်ရှင်းရေးလုပ်ပါ
ရွံ့၊ဖုန်၊သဲ စသောအညစ်အကြေများမှာ ကားဘော်ဒီကိုပျက်စီးစေနိုင်သည့်အတွက် ပုံမှန်ဆေးကြောသန့်စင်ပေး ရန်လိုအပ်ပါသည်။
ရေပုံမှန်မဆေးသည့်အခါ ကားတံခါးအောက်ပိုင်းနေရာများမှာ နှစ်အနည်းငယ်အတွင်း ပျက်စီးလာပြီး ဆေးကွာခြင်း၊ ပေါက်ပြဲခြင်းဖြစ်နိုင်သည့်အတွက် သန့်ရှင်းရေးလုပ်ပေးရမည်ဖြစ်သည်။