မိမိကားပြန်ရောင်းမည်ဆိုပါက လုပ်ဆောင်သင့်သည့်အချက်များ


ကားရောင်းဖို့အတွက် လုပ်သင့်သော အချက်များကို စုစည်း ဖော်ပြပေးလိုက်ပါတယ်။

ကားကိုပြင်ပြင်ဆင်ဆင်ထားပါ

ဝယ်သူကြိုက်ပြီး ဈေးကောင်းကောင်းရရန် ကားအတွင်း၊ အပြင်ကို သေသေချာချာ ရွှိုင်းထားဖို့ လိုပါသည်။

ကားတာယာလေးများကိုလည်းသန့်သန့်ပြန့်ပြန့်ဆေးကြောထားဖို့လိုသကဲ့သို့လူမြင်ကွင်းတွင်မှန်များမကောင်း ခြင်း၊ အက်ကွဲခြင်းရှိနေပါက အနည်းငယ်ကြိုပြီးပြင်ဆင်ထားခြင်းမျိုးလုပ်ထားသင့်ပါသည်။

လိုချင်တဲ့ဈေးထက်ပိုပြီးခေါ်ပါ

အလျင်စလိုကားရောင်းရန်မလိုအပ်ပါကကားတန်ဖိုးသတ်မှတ်ခြင်းကိုစဉ်းစဉ်းစားစားလုပ်ပါ။ ရောင်းပြီဆိုပါကလည်းမိမိလိုချင်သည့်ဈေးထက်ပိုခေါ်ထားသည့်အခါ ဝယ်သူနဲ့ဈေးအညှိအနှိုင်း လေးလုပ်ရင်း မိမိရချင်တဲ့ပမာဏကို ရနိုင်ပါသည်။

အခမဲ့ကြော်ငြာတာမျိုးလုပ်ပါ

ဒီနေ့ခေတ်တွင်ကားအရောင်းအဝယ်ဆိုက်များတွင်ဖြစ်စေ၊ လူမှုကွန်ရက်များတွင်ဖြစ်စေ တွင်တွင်ကျယ်ကျယ် အရောင်းအဝယ်လုပ်နေကြသောကြောင့်အွန်လိုင်းမှလည်းဈေးခေါ်ကြည့်နိုင်ပါသည်။ ဈေးနှုန်းကိုတိုက်ရိုက်မတင်ချင်တောင်မှကားမော်ဒယ်၊မိုင်နှုန်းတွေကိုရှင်းပြပြီးကားပုံလေးနဲ့တင်ထားလိုက်ရင်အဆင်ပြေနေမည်ဖြစ်သည်။

ကားရပ်ထားရင်းရောင်းမယ့်အကြောင်းကြော်ငြာပါ

လူစည်ကားတဲ့နေရာသွားရင်းပဲဖြစ်ဖြစ်၊ရှော့ပင်းမောလ်တွေသွားရင်းပဲဖြစ်ဖြစ်ကားရောင်းချင်တယ်ဆိုတဲ့အ ကြောင်းစာနဲ့ဆက်သွယ်ရမယ့်ဖုန်းရေးပြီးကားထဲမှာထည့်ထားတာမျိုး အဆင်ပြေပါကလုပ်ကြည့်နိုင်ပါသည်။

ဖုန်းနဲ့ဈေးစုံစမ်းရင် ကားနဲ့ပတ်သက်ပြီး ကောင်းတာမှန်သမျှ ပြောပါ

ဒီကားကို ဘာကြောင့်ရောင်းချရတယ်။ မိုင်ဘယ်လောက်သွားထားတယ်။ ကားနဲ့ပတ်သက်တဲ့ အမှတ်တရတွေ၊ ကောင်းကွက်စတာတွေကို အတိုချုပ်ရှင်းပြတာမျိုးလုပ်ပေးနိုင်ပါသည်။

ကားစမ်းမောင်းသည့်အခါလိုက်သွားခြင်းမျိုးလုပ်ပါ

ကားဝယ်ပြီဆိုကတည်းကကားအထာဘယ်လိုရှိတယ်ဆိုတာသိနိုင်ဖို့စမ်းမောင်းကြည့်တာ မျိုးလုပ်လေ့ရှိပါတယ်။

ကားဝယ်မယ့်သူကိုတစ်ယောက်တည်းမောင်းခွင့်ပေးလိုက်ပါကကားရော၊လူရောပြန်လာတော့မည်မဟုတ်သည့်အတွက်မိမိပါတစ်ပါတည်းလိုက်နိုင်ရင်လိုက်ရမည်။

စာချုပ်စာတမ်းသေချာချုပ်ဆိုပါ

အရောင်းအဝယ်ဖြစ်ပြီဆိုသည်နှင့်အရှုပ်အရှင်းများကင်းရအောင်စာချုပ်စာတမ်းများ၊အခွန်ကိစ္စများသေချာလုပ်ဖို့လိုအပ်ပါသည်။

မျှော်လင့်မထားသည့်ပြဿနာများဖြစ်လာပါကဖြေရှင်းနိုင်ရန်မိမိဆီတွင်ရောဝယ်သူဆီမှာပါလက်ခံများထားရှိရန်လိုအပ်ပါသည်။

 

Read 5312 times