ကားကို ဘယ်လို ကျွမ်းကျင်စွာ မောင်းမလဲ


မော်တော်ယာဉ်စတင်မောင်းနှင်မည့် ယာဉ်မောင်းများအနေဖြင့် စတင်ဖြတ်သန်းရမည့် အချို့အချက်များအား ကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။

အချက်အလက်အားလုံးအပြည့်အစုံကိုက်ညီနိုင်မည် မဟုတ်သော်လည်း စာဖတ်သူများ ဗဟုသုတ ရစေလိုသဖြင့် ဖော်ပြလိုက်ရပါသည်။ ကားမောင်းသည့်လူတိုင်း အဆင့်၂ဆင့်ကိုဖြတ်သန်းရပါမည်။

အဆင့်၁

ကားမောင်းသင်ရမည်။

အဆင့်၂

ကားမောင်းလိုင်စင်ဖြေရမည်။ အောင်ရင်လိုင်စင်ရပြီး ကားမောင်းလို့ရပြီ / ကားမောင်းလိုင်စင်ရတိုင်းကားမောင်းတတ်သည်ဟု ထင်လျှင်တော့ အမှားကြီးမှားသွားနိုင်သည်။ လိုင်စင်ကိုင်ထားပြီးယာဉ်စည်းကမ်းလမ်းစည်းကမ်းမသိသူများ ဒူးနှင့်ဒေးပါ။ နိုင်ငံခြားမှာဆိုလျှင် လိုင်စင်ရရန် ဒဲ့ပါကင်အား ဘက်ဂီယာနှင့်ထိုးပြရသည်။

ပလပ်ဖောင်းနှင့် ၁ပေခန့်ကွာ၍ရသည်။ခဏခဏပြန်ပြင်ထိုးလျှှင်မအောင်ပါ။ ယခုတော့သင့်၏ကားမောင်းကျွမ်းကျင်မှုကို မေးခွန်းထုတ်သင့်နေပြီလားဆိုတာ စမ်းစစ်ကြည့်ရအောင် သာမန်ကားမောင်းသူများလုပ်တတ်သော အမှားများကို ထောက်ပြပေးခြင်းဖြစ်သောကြောင့် ကားမောင်းနေချိန် မိမိကိုယ်တိုင်ရော လမ်းပေါ်မှ တခြားသွားလာနေသူများ ဘေးကင်းရန်ပြင်သင့်သည်များပြင်၍ရအောင်

၁။လက်ကိုင်ဂွေနှင့် နီးကပ်စွာထိုင်ခြင်း

အမှား

လူတော်တော်များများကလေအိတ်ကို ခေါင်းထဲမထည့်ထားတက်။ရှိမှန်းတော့သိသည်။ကားတိုက်၍ လေအိတ်ပွင့်လျှှင် နံရိုးကျိုးသည်များ မီးလောက်သလို အပူလောင်သည်များ ဖြစ်တတ်သည်။

ပြင်ရန်

ခန့်မှန်း ၁ပေခွဲခန့်ထိုင်ပါ။လေအိတ်၏သဘောသည် ကားတိုက်လျှင် လူကလေအိတ်ကို ဆောင့်မည်ဖြစ်သည်။လေအိတ်သည်လူကိုတွန်းထုတ်သည်ဆိုလျှှင် ကားထဲမှ ထွက်သည်နှင့် အနီးဆုံးဆေးရုံတွင် X Ray သွားရိုက်လိုက်ပါ။

၂။တာယာလေပေါင်အား ပုံမှန်မစစ်ဆေးခြင်း

အမှား

ကားသမားအများစုသည် တာယာလေကို ချိန်ရန် သက်သက်အချိန်ပေးရမည်ကို ပျင်းနေကြသည်။နိုင်ငံခြားမှာ ဆိုလျှှင် ဆီဆိုင်တော်တော်များများတွင် လေထိုး၍ သက်သောင့်သက်သာရှိသည်။ဒီမှာတော့တကူးတကသွားရသည့်အတွက်တော်တော်နှင့် မသွားဖြစ်။တာယာ၏ သဘောက ပူဖောင်းလိုပင်။အရမ်းတင်းလျှှင် ပွင့်၍ ကုန်များ လူများအများကြီး တင်သည့်အတွက် လမ်းကပူ အထဲမှ လေကပူပြီးပွခြင်းဖြစ်သည်။တာယာသက်တမ်းကုန်လာလျှင် အဓိက သတိထားရမည်ဖြစ်သည်။

ပြင်ရန်

ကားမသွားခင် လူ/ကုန်မည်မျှတင်မည်နည်းချိန်ပြီးလျှှင် လေအားသတ်မှတ်ပေါင်ချိန်ထက် ၂ပေါင်ခန့်လျှော့လိုက်ပါ။ တအားလျှှော့သွားလျှှင်လည်း ကားကပိုရုန်းရသည်နှင့် ဆီဖိုးနှင့် မွဲနိုင်သည်။နေပူထဲတနေကုန်မောင်းမည်ဆိုလျှှင် တက်နိုင်သမျှ နိုက်ထရိုဂျင် ထည့်မောင်းပါ။

၃။ဘရိတ်ကို တချိန်လုံးနင်းထားခြင်း

အမှား

ဘရိတ်မြန်မြန်ပါးပြီး ဝပ်ရှော့ကိုလုပ်ကျွေးချင်သည်ဆီဆိုင်များကို လုပ်ကျွေးချင်သည်ဆိုလျှှင်တော့အမှား ဟုမြင်လို့မရပါ။ဘရိတ်အုပ်လျှင်ကားက အရှိန်ပြန်ရရန် ပိုရုန်းရသည့်အတွက် ဆီပိုကုန်သည်။

ပြင်ရန်

အော်တိုကားများမှာ ညာဘက်ခြေထောက်တစ်ခုထဲနှင့် ဘရိတ်ကော်လီဘာပါ အလှည့်ကျနင်းပေးပါ။ ရှေ့ဝေးဝေးကို ကြိုကြည့်ခြင်းအားဖြင့် မီးပွိုင့်လိုနေရာများတွင် လီဘာကြိုးလျှော့လိုက်လျှင်ဘရိတ်သိပ်မအုပ်ရပါ။

၄။ဘေးမှန်များအချိန်အဆ လွဲနေခြင်း

အမှား

လမ်းပြောင်းခါနီးတွင်ဘက်ဆုတ်သောအချိန်များတွင် ဘေးမှန်သည် အချိန်အဆလွဲနေလျှင်မျက်လုံးကန်းနေသည့်လူကားမောင်းနေသလိုပင်။ အခန့်မသင့်လျှှင် နောက်ဆုတ်တုန်းလူတိုက်မိခြင်းများ လမ်းပြောင်းတုန်း သူများကား သွားပွတ်မိခြင်းများဖြစ်လာနိုင်သည်။

ပြင်ရန်

ဘေးမှန်နှစ်ဖက်လုံးကိုနောက်ရောဘေးရော နှစ်ဘက်လုံးထင်မြင်အောင်ချိန်ပေးပါ။ ဒီတစ်ခုကသိပ်မခက်ပါဘူး(ကားမျှသုံးနေသည့်သူများအတွက် ကသိကအောက်ဖြစ်နိုင်သည်။)

၅။လက်ကိုင်ဂွေအား မှားယွင်းစွာကိုင်ဆောင်ခြင်း

အမှား

တချို့လူများသည် ကားလက်ကိုင်ကို နာရီ၏ ၁ဝနှင့် ၂နာရီနေရာတွင်ကိုင်ကြသည်။ ကားတိုက်၍ လေအိတ်ပွင့်လျှှင် ကိုယ်မျက်နှာ ကိုယ်လက်သီးနှင့် ထိုးသလိုဖြစ်နိုင်သည်။

ပြင်ရန်

အမှန်က ၄နာရီနှင့် ၈နာရီနေရာတွင် ကိုင်ရမှာပါ။လက်ကိုင်ဂွေကို လက်နှစ်ဖက်နှင့် ခိုင်မြဲစွာဆုပ်ကိုင်ထားရမည်။လက်ဖဝါးနှင့်ပဲတွန်းထားမည်ဆိုလျှှင် အရေးကြုံသည့်အခါ လက်ချော်ပြီး ကားကို ထိန်းချုပ်နိုင်မည်မဟုတ်ပါ။ ၄နာရီနှင့် ၈နာရီကိုအမြန်လမ်းမှာ ကိုင်လျှင်လူသက်သာနိုင်သည်။ ၃နာရီနှင့် ၉နာရီကို မြို့ထဲတွင် ကိုင်သင့်သည်။ ၂နာရီနှင့် ၁ဝနာရီဆိုလျှှင် ခေတ်က လေအိတ် မပေါ်ခင်ခေတ်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အချက်အလက်များသည် ယာဉ်မောင်းများ၏ အခြေခံအချက်လက်များအား တွက်ဆထား၍ ဖတ်ရှုသူများ ဗဟုသုတ ရစေလိုသဖြင့် ဖော်ပြလိုက်ရခြင်းဖြစ်သည်။

Read 5136 times