အော်တိုဂီယာကိုဘယ်လိုမောင်းမလဲ


မြန်မာနိုင်ငံကားလောကအပြောင်းအလဲကို၀င်ရောက်လာတာ ခုမှ ၃၊၄ နှစ်လောက်ပဲရှိပါသေးတယ်။
အများဆုံးရောက်လာတဲ့ကားများကအော်တိုဂီယာကားများပါ။
သူတို့နဲ့ပတ်သက်တဲ့အခေါ်အဝေါ်လေးများကိုလည်းတတ်နိုင်သလောက်အတိအကျသိထားစေချင်တယ်။
ဂီယာထိုးပုံနည်းစနစ်ကိုလည်းစနစ်တကျသိထားစေချင်လို့ပါ။
♎P = Parking position ကားရပ်နားထားတော့မယ်ဆိုရင်
ဒီနေရာကိုဂီယာတံပြောင်းထားပါ။
Pထိုး ပြီးမှ စက်ရပ်ပါ။
သို့မှသာ ကားသော့ကိုဖြုတ်လို့ရပါမယ်။
ဒီနေရာမရောက်မချင်း သော့ချွတ်လို့မရပါ။ စတတ်တာဆိုတဲ့စက်နိုးလို့ရနိုင်မယ့်နေရာတစ်ခုပါ။
ဟန်းဘရိတ်ဆွဲစရာမလိုအောင်
ကားဘီးများကိုလည်းချုပ်ပြီးသားဖြစ်နေပါလိမ့်မယ်။
♎R = Reverse position မြန်မာပြည်ကလူတိုင်းနီးပါးခေါ်နေကြတဲ့
Back Gear ပါ။
ကားနည်းပညာမှာတော့ဘက်ဂီယာဆိုတာမရှိပါဘူး။
လည်နိုင်တဲ့အရာတစ်ခုခုကိုနောက်ပြန်လှည့်ပေးလို့ Reverse လို့အတိအကျခေါ်လိုက်ပါတယ်။ (ကားကနောက်ကိုပြန်လှည့်သွားတာမှမဟုတ်တာဘီးတွေကိိုပြောင်းပြန်
ပြန်လည်ခိုင်းလိုက်တာလေ)
♎N = Neutral position မြန်မာပြည်ကလူတိုင်းနီးပါးခေါ်နေကြတဲ့ဂီယာဖရီးဆိုတာကြီးပေါ့
တစ်ချို့ တွေက
Normal လို့ခေါ်ကြပြန်သေးတယ်။
ဒီနေရာမှာ ဘာဂီယာမှမရှိတော့လွတ်လွတ်လပ်လပ်ကြီးဖြစ်နေလို့ ဖရီးဖြစ်နေတာကို
မွေးစား စကားယူသုံးဖြစ်သွားပုံရသည်။
ကားဝေါဟာရမှာဖရီးဆိုတာကိုမသုံးပါဘူး။အရှိန်ပြောင်းGear Position အမျိုးမျိုးရှိနေပေမယ့်
ဒီနေရာမှာဂီယာတံကိုထားလိုက်ရင်
ဘယ််နေရာကိုမှမရောက်ပဲကြားမှာပဲနေလို့ Neutralလို့ခေါ်ထားပါတယ်။
တစ်နည်းအားဖြင့်ဘက်မလိုက်ဘူးပေါ့။
♎D = Drive position ဒါကတော့ရှင်းပါတယ်
Drive ဆိုတာမောင်းနှင်တော့မယ့်အချိန်မှာသုံးပါတယ်။
ဂီယာနံပါတ်အချက်ရေရှိသလောက်
နောက်ဆုံးဂီယာအထိ အရှိန်နဲ့လိုက်ပြီး အလိုက်သင့့်ပြောင်းပေးပါလိမ့်မယ်။
♎2 = 2 speed
အများဆုံးအရှိန်ပြောင်း
၂ခုပဲချိန်းပေးပါမယ်တဲ့
ဒီနေရာမှာဂီယာစထိုးပြီးထွက်လည်းရပါတယ်။ဘာထိုးထိုးစထွက်မှာ1နဲ့ပဲစထွက်ပါမယ်။
အရှိန်ရလာရင်နောက်တစ်ချက်ထပ်ချိန်းပေးမယ်။ တောင်တက်တဲ့လမ်းမျိုးမှာ သုံးသင့်တယ်။မြေပြန့်မှာမေ့ထိုးမိရင်ကားကလည်းတော်တော်ပြေးပေမယ့် မလိုအပ်ပဲဆီစားခြင်းကိုခံရပါမယ်။
(ကြာလာရင်အင်ဂျင် ကိုထိခိုက်ပါတယ်)
♎S=Snow=2 speed
2 နဲ့ အတူ တူပါဘဲ။ နှင်းကျချိန်တွေ ၊မိုးအရမ်းရွာပြီး လမ်းချော တတ်တဲ့ အချိန် တောင်ဆင်း တောင်တက်တွေ မှာ ဖြေး၂မှန်၂ လေးသွားနေအောင် no:2 ထက် ပိုမချိန်းပေးတော့ပါ။
♎L = Low speed
အနိမ့်ဆုံးဂီယာပါ
No.1ဆိုတဲ့ ဂီယာတစ်ချက်ပဲပြောင်းပေးထားပါတယ်။အရှိန်ဘယ်လောက်ရောက်ရောက် ဒါပါပဲ။အမတ်စောက်ဆုံးတောင်တက်တဲ့အခါ ဆင်းတဲ့အခါသုံးပေးရပါတယ်။နောက်ပြီး ဗွက်နစ်လို့ရုန်းတဲ့အခါမလုပ်မဖြစ်လုပ်ရပါတယ်။
တစ်ချို့ကားလေးတွေမှာ
Bလို့ပြောင်းသုံးပါတယ်
basic ပဲလို့နားလည်လိုက်ပါ။
?အော်တိုဂီယာနဲ့ပတ်သက်လို့တော့ မသိမဖြစ်သိထားဘို့ နောက်ထပ်ပြောစရာ ၂ခုမကကျန်သေးတယ်။
?O/D off ခလုတ် ကတော့ နိပ်လိုက်ရင်
O/D off ဆိုတဲ့ မီးဝါလေး လင်းပါမယ်။
Over drive မဖြစ်စေအောင် စ တင်အလုပ်လုပ်တော့မှာပါ။
D နဲ့ မောင်းနေ သောလည်း D တာဝန် ကို အပြည့်မလုပ်ဘဲ
နောက်ဆုံး ဂီယာ တစ်ချက် မဝင်ဘဲ သွားနေမှာပါ။
♡ လမ်းချောချိန်၊တောင်အတက်ဆင်း တွေမှာ အရှိန်လွန် မောင်းနှင်မူမဖြစ်တော့ပါ ။
♡ လမ်းကောင်း၍မြေပြန့်၌သုံးရင် ဂီယာ တစ်ချက်ကျန်နေသောကြောင့် ဆီစားမယ်၊
♡ ကြာကြာမောင်းရင်
အင်ဂျင်ကိုလည်း ထိခိုက်စေပါတယ်။
မလိုအပ်ဘဲ O/D off မီးဝါလေး မလင်းထားပါနဲ့
❌အရှိန်အလွန်များနေချိန် ဂီယာဒေါင်းတဲ့ ခလုတ် မဟုတ်ပါ။
O/D အလုပ် လုပ်ပုံ နားလည်သွားရင် အဆင်ပြေပြီ။
?ကားဝေါဟာရမှာ ဂီယာတံလို့မခေါ်ပါဘူး။ကုတ်သဘောမျိုး အတံဖြစ်နေလို့လီဗါလို့ခေါ်ပါတယ်။
ဒီမှာတော့စက်ကိုအရှိန်မြှင့်တဲ့ဟာကို လီဗါတဲ့
ခြေထောက်နဲ့နင်းမှကားကိုပြေးခိုင်းတဲ့အရာက အမှန်တော့
acceleration pedal လို့ခေါ်ပါတယ်။
?ဂီယာတံကတော့ အမှန် ကဂီယာဘောက်ကိုထိုးထားတဲ့အတံမို့ခေါ်လိုက်တာနဲနဲတော့သဘာဝကျပေမယ့်အရှိန်အမျိုမျိုးပြောင်းကာထုတ်လွှတ်ပေးနေတဲ့
Transmission ဆိုတဲ့ထုတ်လွှတ်မှုဖြစ်စဉ်အမျိုးမျိုးကိုပြောင်းရွှေ့ခိုင်းတဲ့
shift ဆိုတဲ့စကားကိုသုံးပေးထားတဲ့ကုတ်မောင်းတံကြီး
Lever အားလုံးကိုပေါင်းခေါ်မှ ပိုမိုပြီးပြည့်စုံလို့ ဂီယာတံကို
Transmission Shift Lever.
☆။အော်တိုဂီယာများမှာမပါမဖြစ်ပါနေကျ ဘုသေးသေးလေးတစ်ခုရှိသေးတယ်။အနီသို့မဟုတ်အခြားအရောင်နဲ့လည်းရှိတတ်တယ်။(နောက်ပိုင်း မော်ဒယ်တွေတော့ မပါတော့ပါဘူး ဖွက်ထားလိုက်ပါတယ်)
ဒါလေးကိုတော့ အတိအကျ Shift Lock လို့ရေးထားတယ်။
ဒါလေးက အော်တိုဂီယာတတ်ကားများ
စက်နှိုးလို့မရပဲဖြစ်ဖြစ်
ဘက်ထရီဒေါင်းနေတဲ့အခါပဲဖြစ်ဖြစ်
ကားကိုတွန်းရတော့မယ်၊ရွှေ့ရတော့မယ်ဆိုပါစို့။
(ဥပမာ။ ။ မီးပွိုင့် မှာကြာလို့ p ထိုး စက်ရပ်။
စိမ်းတော့ နိုး တယ်မရ ဘက်ထရီ ဝပ်သွားပြီ။
ဒီချိန် ကားကို လမ်းဘေး ကပ်ဖို့ လိုပြီ။
တွန်းရွှေ့မယ်ဆို N မှာဘဲ ရွှေ့တာပါ။
P ကနေ N ရွှေ့မရတော့ပါဘူး။
Shift lock လေးနိပ်ရွှေ့မှရပါတယ်။)
⚓ဒီအချိန်မှာဂီယာတံကို
P နေရာမှကြိုက်ရာတစ်ခုခုကိုရွှေ့ဘို့အရေးပေါ်လက်နဲ့ဖြုတ်ခိုင်းတဲ့ မင်နူရယ်လော့ပါပဲ။
အရေးပေါ်ကားရွှေ့ဘို့အတွက်လက်တစ်ဘက်နဲ့ဘုလေးကိုအရင်နှိပ် ပြီးရင်လည်း ကျန်တစ်ဘက်နဲ့ဘုကြီးကိုလည်းနှိပ်ပြီး
Nနေရာကိုသာပြောင်းလိုက်ပါ။
သော့ကိုတော့ စတတ်မနိုးခင်နေရာအထိဖွင့်လိုက်ရတယ်။
ဘရိတ်ကိုလည်းကလပ်လိုသဘောထားပြီးနင်းထားအုံး။
ဒါမှလိုအပ်တဲ့ မဂ္ဂနက်တွေ ကက်တောက်တွေပွင့်သွားမှာဘုကြီးကReleaseပြန်လုပ်နိုင်မှာလေ။
??ရိုးရိုးဂီယာနဲ့ကွာခြားတာက
စက်ရပ်နေတဲ့အချိန်မျိုးမှာအော်တိုဂီယာမှာ
Pနေရာတစ်ခုပဲကားကိုချုပ်ထားပါတယ်။
Pနေရာကနေကျန်နေရာတစ်ခုခုကိုပြောင်းထားပြီးကားကိုတွန်းကြည့်ရင် ကားကရွေ့ပါတယ်။
R ရောက်နေလည်း ဖရီး
D ရောက်နေလည်း ဖရီး
2 မှာထားလည်းဖရီး
ဒီသဘောမျိုးပါ။
စက်နိုးမှသက်ဆိုင်ရာအလုပ်ကိုလုပ်ပါတယ်။စက်သေနေရင် သူတို့လည်းသေနေတယ်ပေါ့။အသက်မဝင်ပါ။စက်နှိုိးရင်တော့အသက်ဝင်မှာပါ။ဒီတော့ ဒီနေရာတွေမှာ ဂီယာတံရောက်နေရင် စက်နှိုးမရအောင်လုပ်ပေးထားပါတယ်။
အဓိက
P ဆိုတဲ့နေရာရယ်
Nဆိုတဲ့ဖရီးရယ်မှာဂီယာတံရှိမှစတတ်တာခလုပ်ကို ဖွင့်ပေးပါတယ်။
❎❎❎မောင်းတတ်ခါစ(proအဆင့်မဟုတ်ဖူးနော်)
မှားတတ်သည်များ
?D နဲ့မောင်းလာရင်း လမ်းမှာအချစ်နဲ့တွေ့တော့အချစ်ရေ
နေလို့မှကောင်းရဲ့လားဘာညာကွိကွ ရပ်စကားပြောတော့ ဆီကုန်မှာစိုးလို့ ဘရိတ်နင်းလျက်နဲ့ သော့ပိတ်စက်ရပ်လိုက်ပါတယ်
ပြီးမှာစက်ပြန်နှိုးကြည့်တော့
စတတ်တာလိုင်းအောက်သွားပါပြီ။
D ဆိုိတဲ့နေရာမှာရှိနေလျက်ကိုး
စောစောက ဖွန်ကြောင်နေမိတော့ ပြာပြာသလဲဖြစ် ခုမှစက်နှိုးလို့မရတော့ဘူး။
ဘက်ထရီဒေါင်းသွားတာထင်ပါရဲ့ဆိုပြီး ဘက်ထရီနဲ့ထောက်နှိုုးဘို့ထိကြိုးစားကြပါတယ်ဒါတွေကတစ်ကယ်ကြုံဘူးတဲ့ဖြစ်ရပ်များစွာထဲကတစ်ခုပါ။
?တစ်ချို့ကမီးပွိုင့်မှာဆီစားမှာစိုးလို့ဘရိတ်နင်းလျက်စက်သပ်။
Dမှာတော့ထိုးလျက်ပဲမီးစိမ်းတော့ပြန်နှိုုးကြည့်
အထက်ကပြောတဲ့ဖြစ်စဉ်အတိုင်းပါပဲ။
ပြောမယုံကြံုဘူးမှသိလိမ့်မယ်။
?တစ်ချို့ကလည်း
ဂီယာကို Nမှာဖရီးရိုက်တယ်ဆိုပြီးထားဟင်းန်ဘရိတ်ကိုဆွဲပြီးကားရပ်သော့ချွတ်လို့မရတော့ပါဘူးရှင့်။
လုပ်ကြပါအုံးဆိုပြီး သော့ပြင်ကုလားလည်းသွားခေါ်ကာသော့ချွတ်ခိုင်းတဲ့အဖြစ််လည်းတွေ့ဘူးတယ်။
✔✔✔ဒါကြောင့်
ကားရပ်ရင်
?ဂီယာတံကို P အမှာအမြဲထားပါ။
?ဟင်းန်ဘရိတ် ဆွဲထားတဲ့အကျင့်ကိုတော့
မမေ့တတ်ရင်တော့လုပ်။
အမှန်ကနေရာတကာဟင်းန်ဘရိတ်
မလိုဘူး။ကုန်းဆင်းကုန်းတက်မှာကားကြာကြာရပ်မှလိုတယ်။
ဟင်းန်ဘရိတ်ပြန်ဖြုတ်ဘို့မေ့တတ်တယ်။
တစ်ချို့ ကားတွေမှာဟင်းန်းဘရိတ်ကလက်နဲ့မချတော့ဘူး။ခြေထောက်နဲ့ချဖို့ဘယ်ဘက်ခြေထောက်နားကခြေနင်းပြားသေးသေးလေးနဲ့ထားကြတယ်။ကျန်တဲ့ရိုးရိုးလက်ကိုင်နဲ့ထားတဲ့ဟာလည်းထိုင်ခုံ၂ခုံကြားပေမယ့်ကျုပ်လည်းမေ့တတ်တယ်ခင်ဗျ။
?ဆီကုန်မှာစိုးလို့ ဆိုပြီးမီးပွိုင့်မှာစက်မသတ််နဲ့။စက်သတ်ချင် ရင်တောင် P မှာထားလိုက်ပါ။အာရုံများစွာနဲ့ပြန်နှိုးရင်ချက်ချင်းနိုးမယ်။
N မှာထားလည်းရပါတယ် သို့သော် ဘရိတ်နင်းမထားရင် ကားလိမ့်သွားပါမယ်။
?ကားပေါ်တက်တာနဲ့ ဘရိတ်ကိုအရင်နင်းပါ ။
ပြီးရင်သော့ထည့်ပါ။
ဒီအတိုင်းနှိုးပါ။
လီဗါနင်းစရာမလိုပါဘူး။
(Idle Speed ဆိုတဲ့စလိုးအပတ်ရေ ကို ECUက autoလုပ်ပေးသွားပါ လိမ့်မယ်။)
သတိပြုရန်
ဂီယာ position လေ့လာပါ ။
❌ဘယ်ခြေကို လုံးဝ မသုံးပါနဲ့။
✔ညာခြေ တစ်ဖက် တည်းနဲ့ လီဘာ နဲ့ ဘရိတ် ကို အသုံးပြုပါ။
❌ဘယ်က ဘရိတ်၊ညာ က လီဘာ လုံးဝ မသုံးပါနဲ့။(တချို့ ခုထိ မပြင်သေးပါ)
APP sensor က လီဘာ လုံးဝ လွှတ်မှ အလုပ် လုပ်တာပါ။ တင်ထားရင် မရ ပါဘူး။
☆ ကွန်ပြူတာ ဦးနှောက် က မောင်းနေတယ်ထင်ပြီး ဆုံးဖြတ်ချက်ချရခက်နေလို့ပါ။
☆ ညာခြေ ကို လီဘာ ကနေ လွှတ်ပြီး ဘရိတ် ဘက်ရွှေ့ နင်း မှသာ ကွန်ပြူတာ က ဘရိတ် အုပ်မူ့ အနည်းအများ ပေါ် မူတည် ပြီး ဂီယာ ဒေါင်းသင့် မသင့် ဆုံးဖြတ်ပေးပါမယ်။
✳ဒါကြောင့် ခုခေတ် autoကားတွေ မှာ အရှိန်နဲ့မောင်းနေစဉ် ရုတ်တရက် အတားဆီး ပေါ်လာပါ က ဘာဂီယာ မှ မချိန်းပါနဲ့ ။
☆ တည်ငြိမ် အောင်ထိန်းပြီး ဘရိတ်ကိုဘဲနင်းပါ။
☆ ကွန်ပြူတာက လူထက် လျှင်မြန်စွာ ဂီယာ ဒေါင်းပေးသွားပါလိမ့်မယ်။
(အော်တိုဂီယာကားကို ဘရိတ်တစ်ခုထဲဖမ်းတယ်ထင်နေလို့ပါ
ECU,ECM wiring diagram အလုပ် လုပ်ပုံ အကြောင်းတွေ သိရင်တော့ ဂီယာဒေါင်း စရာ မလိုကြောင်း နားလည်သွားပါလိမ့်မယ်ခဗျာ)
???ဘာမဆိုကျွမ်းကျင်မှုဟူသည်ကြိမ်ဖန်များစွာလေ့ကျင့်ခြင်းမှရရှိလာသည်ဆိုတဲ့ စကားလေးကိုနှလုံးသွင်းကာကြိုတင်ခါအချိန်ရသလောက်
ဇာတ်တိုက်ခါလေ့ကျင့်ခြင်းအားဖြင့်မိမိတို့ရဲ့
Driving Skillလေးများကိုတိုးတက်အောင်လေ့ကျင့်ထားဘို့တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း တင်ပြလိုက်ရပါတယ်ခင်ဗျား။

Read 13180 times