အောက်တိန်း(Octane) ဆိုသည်မှာ ဟိုက်ဒရိုကာဗွန် (Hydrocarbon) နှင့် အယ်လကိန်း( Alkane) ကို ပေါင်းစပ်ထားခြင်းဖြစ်ပါသည်။
အောက်တိန်းကို ပြောသည့်အခါ 92 ရွန်၊ 95 ရွန် စသည်ဖြင့် ပြောလေ့ရှိပါသည်။
ရွန် (Ron) ဆိုသည်မှာ Resarch Octane Number ကိုပြောခြင်းဖြစ်ပြီး လုပ်နိုင်စွမ်းကို တိုင်းတာသော နံပါတ်ဖြစ်ပါသည်။
ရွန်နံပါတ်မြင့်လေ အင်ဂျင် (Engine) ၏ Knocking (Auto Ignite) ကိုခုခံနိုင်လေဖြစ်ပြီး Knocking ကြောင့် စွမ်းအင်ဆုံးရှုံးခြင်းကို ရှောင်ရှားနိုင်ပါသည်။
လူအများသည် 95 ရွန်က 92 ရွန်ထက် စွမ်းအင်ပိုထုတ်ပေးနိုင်သည်ဟု အထင်မှားနေတက်ပါသည်။
စွမ်းအင်မှာ သိသာစွာပိုလာမည် မဟုတ်သလို ဆီသန့်၍ အင်ဂျင်အတွက်ကောင်းသည်ဟု ယူဆနေခြင်းမှာ လွဲမှားနေခြင်းဖြစ်ပါသည်။
မိမိကားအတွက် သုံးရမည့်အောက်တိန်းမှာ မိမိအင်ဂျင်၏ အနိမ့်ဆုံးအောက်တိန်းရွန် လိုအပ်ချက်ကို ပြည့်မှီပါက အသုံးပြု၍ရပါသည်။
ကားအများစု၏ ဆီတိုင်ကီအဖုံးနောက်ကျောတွင် ကားထဲသို့ ထည့်ပေးရမည့် အနိမ့်ဆုံးအောက်တိန်းရွန်ကို ဖော်ပြထားပေးတတ်ပါသည်။
ကားအများစုတွင်ပါသော Knocking sensor သည် ထည့်ထားသော ရွန်ကိုကြည့်ပြီး ပေါက်ကွဲတိုင်ပင်ကို အလိုအလျောက် ချိန်ပေးပါသည်။
ထိုကြောင့် 92 ရွန်၊ 95 ရွန်၊ သို့မဟုတ် 97 ရွန်များကို မိမိသဘောအတိုင်း ထည့်နိုင်ပါသည်။
အရေးကြီးဆုံးမှာ ဆီတိုင်ကီအဖုံးတွင်ပါသော အောက်တိန်းရွန်နံပါတ်ထက် လျှော့ပြီးမထည့်သင့်ပေ။